Skip to content

ApyarSite

အပြာစာအုပ်များ

တခါတုန်းက ကုဋေကုဋာမှာ … အခန်း (၅ – ၈)

Posted on November 28, 2025November 28, 2025 By apyarkg

အခန်း ၅

“ဒတ် အစ် နော့ အင်အွာ အာဂါရီးမန့် (ငါတို့ သဘောတူထားတဲ့အထဲမှာ ဒါ မပါဘူးလေ)”

ကိုယ့်အဝတ်လေးတွေကိုယ် ပိုက်ကာ ဝတ်လစ်စလစ်နှင့် အခန်းအပြင်မှ ကပ်နားထောင်နေသော ရိုစီ ကပ္ပလီကြီး ဘာတီနီ၏ အော်သံကို ကြားရသည်။ ပြီးတော့ အခန်းထဲမှ ဘာသံမှ မကြားရပဲ တော်တော်ကြာအောင် တိတ်နေသည်။ သေချာ ကြားရအောင် နံရံနားကို နားနဲ့ သေချာတိုးကပ်ပြီး နားထောင်လိုက်ချိန်မှာတော့ …

xxx xxx xxx

ဓားပြန်အနှုတ်မှာ သွေးတွေနှင့်အတူ ဖြူဖြူဖတ်တွေပါ ကပ်ပါလာသည်။ အခန်းပြင်ဘက်က တစုံတခု ကြမ်းပြင်ပေါ် လဲပြိုသံကို ဘာတီနီကြားလိုက်ရသည်။ တိုးတိုးနေဆိုသည့် သဘောနှင့် နှုတ်ခမ်းရှေ့မှာ ထောင်ထားသော လက်ညိုးနှင့် ဓားမြှောင်မှာ ပေနေတာတွေကို သပ်ကာ လျှာနှင့် လျက်နေသည့် တရုတ်မလေးသည် သွေးစုပ်ဖုတ်ကောင်နှင့် ပင်တူနေသည်။

“ဝပ်ဟက်ဖ ယူဒန်း … အာ ယူး နပ်စ် (မင်းဘာလုပ်လိုက်တာလဲ၊ မင်းရူးနေလား) ? ”

“ကျင့်သယ် (သူလျိုမ)”

ရုတ်တရက် ပြန်ပြောစရာ စကားလုံး ဘာတီနီ ရှာမရ။ မခို့တရို့ ဟန်နှင့် သူ့ဘက်ကို လမ်းလျှောက်လာသော ချိဖောင်ဝတ် သွေးစုပ်ဖုတ်ကောင်မလေးက ကွန်မြူနစ်ဖြစ်သော်လည်း ပစ္စည်းမဲ့ လူတန်းစား မဟုတ်။ လူကောင်သေးသော်လည်း ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့်၊ ချိဖောင်က ပေါင်ရင်းအထိ ခွဲထားတာမို့ လမ်းလျှောက်လိုက်တိုင်း ပေါင်တံသွယ်သွယ်ကို မိမွေးတိုင်း ဖမွေးတိုင်း မြင်နေရသည်။ အလုပ်ကိစ္စနှင့် ပတ်သက်နေရတာသာ မဟုတ်လျှင် ဘာတီနီ စိတ်ကြိုက် ဆွဲရမ်း ဖောင်းဒိုင်းပစ်လိုက်ပြီးပြီ။

“ဂါ့ဒေါက် (မင်းထွက်သွား)”

“တူး ဝပ်အိုင် အပ်စ်ခ် (ကျမပြောတာ ရှင်လုပ်ပါ) အော (ဒါမှမဟုတ်ရင်) နိုးမန်းနီးဖော်ယု (ရှင့်အတွက် ငွေမပေးဘူး)”

ပြောနေရင်း ရင်ဘတ်ကို ဆောင့်တွန်းလိုက်သေးသည်။ ပြီးတော့ လှုပ်လီလှုပ်လဲ့နှင့် တံခါးပေါက်ဘက်သို့ လှည့်ထွက်သွားသည်။ တံခါးကို ဖွင့် … အပြင်မှာ ခွေခွေလေး အသက်မဲ့နေသည့် ရိုစီ့ခန္ဒာကိုယ်ပေါ်မှ ကျော်ခွကာ သူမ ထွက်သွားတော့သည်။

xxx xxx xxx

“အမရာ … အိပ်တော့၊ ဧည့်သည်နားပါစေ။”

ညနက်ပြီဖြစ်တာမို့ အသီးသီး အိပ်ယာဝင်ကြပြီ။ တနေ့လုံးနီးပါး အိပ်ထားသည့် နှင်းဆီက ညပိုင်းအတွက် တယ်လီဖုန်း တာဝန်ခံမို့ တယ်လီဖုန်းအနား ထလာတော့ ဧည့်ခန်းမှာ လူနှစ်ယောက်၊ ရွှေဇံနှင့် အမရာ တီးတိုးတီးတိုးနှင့် စကားတွတ်ထိုးနေကြသည်။

“ဟုတ် … ကိုနှင်းဆီ”

ရွှေဇံက သိပ်ကျေနပ်ပုံမရသော်လည်း ဧည့်သည်လုပ်နေရသူမို့ ပေးထားသော အခန်းကို ထလာလိုက်သည်။

“အကိုလေးကလဲ … ”

“တော်၊ နင့်ခြေလှမ်း ငါသိတယ်”

နှင်းဆီက အမရာကို ကျိတ်မာန်သည်။ ပြီးတော့ တကလင်လင် မြည်နေသေးသော တယ်လီဖုန်းနားကို လျှောက်သွားပြီး ဖုန်းခွက်ကို မလိုက်သည်။

“…”

xxx xxx xxx

ရောင်နီပျို့ပြီ၊ ငှက်ကလေးတွေ တပိပိနှင့် အော်မြည်စပြုပြီ။ မျက်နှာသစ်ပြီး ဘုရားဆွမ်းအတွက် ပြင်ဆင်ရန် အမရာ အိမ်ရှေ့ကို ထွက်လာတော့ ကုန်ခါနီး အရက်ပုလင်းကို ကိုင်လျက်သား နှင်းဆီ။

“ဟယ် … အကိုလေး …”

အမူးလွန်ကာ ဇက်ကျိုးနေပြီဖြစ်သော်လည်း တညလုံး အဝင်ကောလ်များက သတင်းများနှင့် သူပြန်လည် ညွှန်ကြားထားသည်များကို မှတ်စုစာအုပ်ထဲမှာ လက်ရေးတိုနှင့် ရေးမှတ်ထားတာကို တွေ့ရသည်။ ခေါ်သံကြားတော့ အမရာကို မော့ကြည့်သည်။

“လုပ်ရက်လိုက်ကြတာဗျာ”

နှင်းဆီ အမရာ့ပခုံးကို မျက်နှာအပ်ကာ ကလေးလေးလို ရှိုက်ကြီးတငင် ငိုသည်။ အတန်ကြာမှ မျက်ရည် သုတ်ကာ … အိန္ဒြေဆည်လိုက်ပြီး …

“ကဲ … အမရာ၊ နင်လုပ်စရာ ရှိတာ သွားလုပ်တော့”

… ဟု ခပ်ပြတ်ပြတ်ပြောကာ သူ့အခန်းထဲ ဒယီးဒယိုင်နှင့် ဝင်သွားကာ။ အဖေကြီး၏ လက်ရုံးတဆူဖြစ်သူ မိမိကို ဒီလို ဝမ်းနည်းပန်းနည်း အခြေအနေနှင့် မည်သူမျှ မတွေ့မြင်စေချင်၊ ဟင့်အင်း … အလုပ်သဘောအရ မည်သူမျှ တွေ့မြင်လို့ မဖြစ်။ သို့သော် … သိမြင်လိုက်သူကတော့ ရှိနေပါသည်လေ။

xxx xxx xxx

အချိန်ကား မနက် ၈ နာရီ၊ နေရာကား မြို့လယ်ကောင် စီးပွားရေး အချက်အချာ လမ်းမတန်း။

မနေ့ကလဲ စည်ကားသည်၊ ဒီနေ့လဲ စည်ကားနေသည်။ သို့သော် စည်ကားပုံကား မတူ။ မနေ့က ရောင်းဝယ်ဖောက်ကား အလုပ်တက်၊ အလုပ်သွားသူများနှင့် စည်ကားခြင်း။ ယနေ့ကား … တံခွန်၊ အလံ၊ စာတမ်း ကိုင်ဆောင်ထားသူများနှင့် စည်ကားခြင်း။

“အန်တီ့ကို ချက်ချင်းလွှတ်”

“ဘုရင်ခံချုပ် ကျန်းမာပါစေ”

“အာဏာရှင် အလိုမရှိ”

ကြွေးကြော်သံများကို အော်ဟစ်ကာ ဆန္ဒထုတ်ဖော် သပိတ်မှောက်ကြသည်။ သိပ်မကြာမီ ရဲအချို့ ရောက်လာကာ ဆန္ဒပြသူများကို ဝိုင်းပတ်ကာ လုံခြုံရေး ယူပေးသည်။ ဆန္ဒထုတ်ဖော်သူများကလဲ ရမ်းကားခြင်း၊ အများပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများကို ဖျက်ဆီးခြင်းမရှိပဲ ငြိမ်းချမ်းစွာ စည်းကမ်းတကျ ဆန္ဒထုတ်ဖော်ကြသည်။

ထူးခြားတာက မြင်နေ တွေ့နေကျ လောင်းကစား၊ အရက်ပုန်းနှင့် အပျော်အပါးကိစ္စရပ်များကို လုပ်ဆောင်သူ အမှောင်လောက လူမိုက်လောကသားတို့ကို လမ်းမထက်မှာ လုံးဝ မမြင်ရခြင်းပင်။

xxx xxx xxx

ကုဋေကုဋာကျွန်းရဲ့ တကယ့် အာဏာသိမ်းတိုက်ပွဲက အခု ညနေမှောင်ခါနီးမှ စတာ ဖြစ်သည်။ မူတူးတို့ မီးပုံးနီအိမ်ကို ရောက်တော့ ရိုစီနှင့် တရုတ်မလေး ၂ ယောက် ဝတ်လစ်စလစ်နှင့် သေနေပြီး ကျန် ကောင်မလေးတွေကိုပါ ရှာမတွေ့တော့တာမို့ မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်သွားသည်။ ပိုဆိုးချင်တော့ ငွေနှင့် လက်နက်တွေလဲ တခုမှ မကျန်၊ သူမသောက်တတ်သော အရက်တွေသာ ကျန်သည်။ မူတူးက ဒေါသတကြီးနှင့် နှင်းဆီကို ညတွင်းချင်း ဖုန်းဆက် သတင်းပို့သည်။

မနက်လင်းအားကြီးမှာ အာမက်တို့ နယ်ထဲကို မူတူးတို့ စဝင်သည်။ အသင့်စောင့်နေသော အာမက်က ချက်ချင်း ထွက်လာပြီး နှင်လွှတ်သည်။ နှစ်ဘက် အုပ်စု ဆိုင်နေကြသည်။ မူတူးက သူနှင့် လက်တကမ်းမှာ ရှိသည့် အာမက်ကို လေအေးအေးနှင့်ပဲ ပြောသည်။

“ကျနော် ဒီဘက်ပိုင်းတွေမှာ အလုပ်လုပ်မဲ့ကိစ္စ အဖေကြီး သိတော့ ကိုအာမက်နဲ့ ချစ်ချစ်ခင်ခင် နေဖို့ အဖေကြီးက မှာလိုက်ပါတယ်ခင်ဗျ။”

အာမက်က ခပ်ရင့်ရင့်ပဲ ပြန်ပြောသည်။

“မင်း အဖေကြီးနဲ့ မင်းနဲ့ ပြောတာ … ငါနဲ့ ဘာဆိုင်သလဲကွ။”

“ကိုအာမက်က … အဖေကြီးကို … ”

မူတူး ပါးစပ်က ပြောရ ကျပ်နေသည့်နှယ် …

“… အဖေကြီးကို မထေမဲ့မြင် လုပ်ချင်တဲ့ သဘောလားခင်ဗျ။”

“မူတူး … မင်း အဖေကြီးက ခေတ်ကုန်သွားပြီကွ။”

စကားဆက်ပြောရန် မရှိတော့ … မူတူးနှင့် အာမက်တို့ အုပ်စု ရိုက်ကြ၊ နှက်ကြ၊ တိုက်ကြသည်။ အုပ်စု အင်အားချင်းက ညီနေတာမို့ ဘယ်ဘက်ကမှ အသာစီး မရ။

“ဝှီး” “ဝှစ်” “ဝှစ်”

လေကို ခွင်း၍ ထိမှန်ကြသော သံမှို ဂျင်ကလိများ။ မူတူးတို့ လူစု ထင်မှတ်မထားပဲ ဘေးဘက်မှ ဝင်အပစ်ခံရသဖြင့် အထိနာကြသည်။ ဘညို သစ္စာဖောက်ပြီ။

“ဆုတ်ကြဟေ့”

မူတူးပင် တပည့် အနည်းငယ်နှင့် ကိုယ်လွတ်ရုန်း ပြေးရလေသည်။

xxx xxx xxx

ဆန္ဒပြသူတွေက နေ့ဘက်လမ်းမတွေမှာ စာတမ်းတွေ၊ တံခွန်၊ အလံတွေနှင့် ဆန္ဒပြတာကို ဗမာစစ်သားတွေက အန္တရာယ်မပြုပဲ အခြေအနေကို ကြည့်နေကြသည်။ လူသေစေနိုင်လောက်သည့် လူသတ်လက်နက် ရိုင်ဖယ်သေနတ်တွေကတော့ ကျည်အပြည့်နှင့်။

“ပြည်သူ့စစ်သား ဒို့စစ်သား”

“ဘာစစ်တပ်လဲ” “စတန်းဒတ် အာမီ”

“အာဏာရှင် အလိုမရှိ”

ကြွေးကြော်သံတွေက ဟိန်းထွက်နေသည်။ စစ်သားတွေကို စားစရာ မုန့်၊ သောက်စရာ ရေ ကမ်းသူက ကမ်းသည်။ ပန်းပွင့်တွေကို သေနတ်ပြောင်းမှာ ထိုးသူက ထိုးသည်။

ညနေစောင်းလျှင်တော့ စစ်သားတွေက ယာယီစခန်းချသည့် ရဲဌာနတွေထဲ အခိုင်အလုံပိတ်နေကြသည်။ ဆန္ဒပြသူတို့လဲ အိမ်ပြန်သည်။ ဒီအချိန်မှာ တကယ့်အာဏာသိမ်းတိုက်ပွဲ စကြသည်။

တရုတ်တန်းမှ ထန်ညီနောင်တို့ အုပ်စုရယ်၊ အဖေကြီးရဲ့ မိတ်ဆွေသစ် မူတူးတို့ရယ်၊ ဖိုးဝတို့ အုပ်စုရယ်ကတဘက် … တရုတ်နီဘက် ယိမ်းသည့် တရုတ်တန်းက တရုတ်ဂိုဏ်းသားများ၊ အာမက်နှင့် ဂျင်ကလိ ဘညိုတို့က တဘက် ရိုက်ကြ၊ နှက်ကြသည်။ တိုက်ပွဲတွေက တနာရီထက် တနာရီ ပို၍ ပြင်းထန်လာသည်။ 

xxx xxx xxx

မူတူးသည် သူ၏ဒဏ်ရာရနေသော လက်ဖျံကို ပတ်တီးစတခုဖြင့် တင်းတင်းကြပ်ကြပ် စည်းလိုက်ရင်း ညည်းညူလိုက်သည်။ သူတို့၏ ယာယီစခန်းဖြစ်သော စွန့်ပစ်ထားသည့် ဂိုဒေါင်ထဲတွင် မီးခိုးနံ့၊ ချွေးနံ့နှင့် သွေးနံ့တို့က လွှမ်းခြုံနေသည်။ ညဥ့်တိုက်ပွဲက သူတို့အတွက်ရော တဘက်က ရန်သူတွေအတွက်ပါ အကျအဆုံးများခဲ့သည်။
အဖေကြီးဘက်မှ လူအင်အား နည်းသော်လည်း ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ကြသဖြင့် လမ်းတွေ၊ ရပ်ကွက်တွေ သူတို့ လက်မလွတ်ရသေး။
“သူတို့ကောင်တွေက စနစ်ကျလွန်းတယ်”
ဟု ဖိုးဝက သူ့လူများ၏ ဒဏ်ရာများကို လိုက်ကြည့်ရင်း ပြောသည်။
“ဒါ ရိုးရိုးလမ်းဘေးက ဇိုးတွေမဖြစ်နိုင်ဘူး။ စစ်သားတွေလိုပဲ။”
ဒီအချက်ကို အားလုံး သဘောတူကြသည်။ နေ့ခင်းဘက် ဆန္ဒပြပွဲများကို စောင့်ကြည့်နေသည့် ဗမာစစ်သားများက ညဘက်တွင် အရပ်ဝတ်များဖြင့် သူတို့ကို ဝင်တိုက်နေသည်ဟု အများစုက ယူဆကြသည်။ သို့သော် ညဥ့်ဘက် တိုက်ပွဲများက ရက်စက်လွန်းပြီး သွေးထွက်သံယိုမှုများရှိသော်လည်း တဘက်ဘက်က အပြတ်အသတ် အနိုင်ယူနိုင်တာမျိုး မရှိပဲ လိပ်ခဲတည်းလည်း ဟုခေါ်ရမည့် အခြေအနေသာ ဖြစ်နေသေးလေသည်။

xxx xxx xxx

ကုဋေကုဋာကျွန်းရှိ မည်သူမျှမသိသော လျှို့ဝှက် ပုန်းအိမ်ကလေးထဲရှိ မြေပုံချထားရာ အခန်းတွင် အဖေကြီးသည် သူ၏လူယုံ၊ တပ်မှူးများကို စုစည်းလိုက်သည်။ အခန်းထဲတွင် မီးသီးမှိန်မှိန်တစ်လုံးသာ ရှိပြီး စားပွဲဝိုင်းတစ်ခုကို ဝိုင်းဖွဲ့ထိုင်နေကြသူများမှာ အဖေကြီး၊ ပခုံးတွင် ပတ်တီးအဖွေးသားနှင့် နှင်းဆီ၊ ရွှေဇံနှင့် အမရာတို့ ဖြစ်ကြသည်။ အချို့ တပ်မှူးများက အခြား ပုန်းအိမ်၊ ယာယီစခန်းတို့မှ တယ်လီဖုန်းနှင့် ဆက်သွယ်ကြသည်။

“အခြေအနေကို သုံးသပ်ကြည့်ရအောင်”

ဟု အဖေကြီးက လေသံအေးအေးဖြင့် စကားစလိုက်သည်။

“နေ့ဘက်မှာ ပြည်သူတွေက ဆန္ဒပြတယ်။ ညဘက်မှာ ငါတို့နယ်မြေတွေ အတိုက်ခံလို့ ခုခံရတယ်။ ဒါပေမဲ့ ဒီတိုင်း ရေရှည် ဆက်သွားလို့ မရဘူးကွဲ့။ တဖြည်းဖြည်းနဲ့ ငါတို့ လုံးပါးပါးလာပြီး အမှည့်ချွေချွေ ခံရနိုင်တယ်။”

ဦးရွှေဇံက ဝင်ပြောသည်။

“အခု သူတို့ဘက်က ဘာမှ မလှုပ်ရှားသေးသလိုပဲ။ ဆန္ဒပြတာရော၊ ညဘက် တိုက်တာရောကို ဒီတိုင်း ထိုင်ကြည့်နေသလိုပဲ။ ကျနော့် အထင် သူတို့ တခုခုကို စောင့်နေသလိုပဲ။”

“သူတို့ စောင့်နေတာ နိုင်ငံရေး အပြောင်းအလဲပဲ” ဟု အမရာက ထောက်ပြသည်။

“အန်တီ့ကို ဖမ်းထားသရွေ့ သူတို့မှာ အသာစီးရနေမှာပဲ။ အန်တီနဲ့တကွ ဖမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ဘာမှမလုပ်နိုင်ခင် ကျမတို့ အရင်ဆုံး ကယ်ရမယ်။”

သူမ၏ ထက်မြက်သော သုံးသပ်ချက်ကို အားလုံးက ထောက်ခံကြသည်။ နှင်းဆီက သူ့ဒဏ်ရာကို အမှုမထားဘဲ မြေပုံကို လက်ညှိုးထိုးပြရင်း ပြောသည်။

“သူတို့ကို ဘယ်နေရာမှာ ဖမ်းထားသလဲဆိုတာ ကျနော်တို့ အရင်ဆုံး သိဖို့လိုတယ်။ ဒါပေမဲ့ အရင်လို လွယ်မှာမဟုတ်ဘူး။ တစ်မြို့လုံးကို သူတို့လူတွေ ပိုက်စိပ်တိုက် ရှာနေလောက်ပြီ။”

အဖေကြီးက ခေါင်းတစ်ချက်ငြိမ့်ကာ နှင်းဆီ၏ အစီအစဉ်ကို သဘောတူလိုက်သည်။

“နှင်းဆီ … ဒါ မင်းလုပ်ဖို့ အသင့်တော်ဆုံး တာဝန်ပဲ။ ဒါပေမဲ့ သတိနဲ့လုပ်။ ငါ့အတွက် မင်းကို ဆုံးရှုံးရရင် လက်မောင်းတဘက် ပြတ်သလို ဖြစ်မှာပဲ။”

ပြီးနောက် ရွှေဇံနှင့် အမရာဘက်သို့ အဖေကြီးက လှည့်သည်။

“အန်တီတို့ နေရာကို သိတာနဲ့ ဝင်ကယ်ဖို့ အစီအစဉ်တစ်ခု လိုတယ်။ ရွှေဇံ  … မောင်ရင် နဲ့ အမရာ နှစ်ယောက်ပေါင်းပြီး စီစဉ်စရာ ရှိတာ စီစဉ်ပါ။ အချိန်သိပ်မရဘူး။”

ရွှေဇံနှင့် အမရာတို့ တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြသည်။ သူတို့၏ ပထမဆုံး ပူးပေါင်းစစ်ဆင်ရေး … အခြေအနေက မရေမရာနှင့် တင်းမာခက်ခဲနေသော်လည်း နှစ်ဦးသား၏ မျက်ဝန်းထဲတွင်မူ တစ်ယောက်ကိုတစ်ယောက် အားကိုး ယုံကြည်မှု အရိပ်အယောင်များ တွေ့နေရသည်။

“စိတ်ချပါ အဖေကြီး”

ဟု နှစ်ယောက်လုံး ပြိုင်တူနီးပါး ဖြေလိုက်ကြသည်။

အခန်းထဲတွင် တိတ်ဆိတ်မှုက ခေတ္တမျှ ကြီးစိုးသွားသည်။ အပြင်ဘက်မှ သေနတ်သံ သဲ့သဲ့ကို ကြားလိုက်ရပြန်သည်။ ကုဋေကုဋာကျွန်း၏ ညများသည် တော်ရုံနှင့် အေးချမ်းတော့မည် မဟုတ်။ အစည်းအဝေး ပြီးဆုံးသွားသော်လည်း မည်သူမျှ နေရာက မရွေ့သေးပဲ ကိုယ့်အတွေးနှင့်ကိုယ် နစ်မျောနေကြသည်။ သူတို့၏ နောက်ခြေလှမ်းပေါ်တွင် ကုဋေကုဋာ၏ ကံကြမ္မာက မူတည်နေလေပြီ။

အခန်း ၆

ဘေးမှ စားပွဲခုံငယ်ပေါ်တွင် တင်ထားသည့် ရေဒီယိုမှ ထွက်ပေါ်လာသော အင်္ဂလိပ် ဘာသာစကားသံသည် အဖေကြီး၏ ပုန်းအိမ်အတွင်းမှ တိတ်ဆိတ်မှုကို ဖြိုခွင်းနေသည်။ အမရာက ရေနွေးကြမ်းငှဲ့နေရင်း ရေဒီယိုမှ လာနေသော ဘီဘီစီ သတင်းကို နားစွင့်နေသည်။ ဦးရွှေဇံကတော့ ဆိုဖာပေါ်တွင် မျက်လုံးမှိတ်ကာ လှဲလျောင်းနေသော်လည်း မျက်မှောင်ကျုံ့လျက် ရှိနေသည်မို့ အိပ်မပျော်ပဲ နားထောင်နေကြောင်း သက်သေခံနေသည်။

“… အိန္ဒိယ သမုဒ္ဒရာထဲမှာ နှစ်ဘက် ထိပ်တိုက်ဆိုင်ထားတာက အခြေအနေ ပိုပြီး တင်းမာလာနေတယ်လို့ သိရပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အလံလွှင့်ထားတဲ့ စစ်သင်္ဘောတွေဟာ ဒေသတွင်း အေးချမ်းသာယာရေးကို အကြောင်းပြပြီး ကုဋေကုဋာကျွန်းစု ပတ်ပတ်လည်ကို ဝိုင်းပိတ်ဆို့ထားပါတယ်။ အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော အုပ်စု အမှတ် ၇ နဲ့ မဟာမိတ် ရေယာဉ်တွေက တရုတ်စစ်သင်္ဘောတွေကို တန်ပြန် ပိတ်ဆို့ထားပါတယ်။ နှစ်ဘက်လုံးက အခုအချိန်ထိ တဘက်ကို တဘက် အလျှော့မပေးသေးပဲ … ”

ရွှေဇံ မျက်လုံးကို ဖွင့်လိုက်သည်။

“တတိယ ကမ္ဘာစစ် ဖြစ်တော့မလိုပဲ။ ဒီကျွန်းစုလေး အတွက်နဲ့တော့ မဖြစ်သင့်ပါဘူး။”

“ဖြစ်နိုင်တယ်ရှင့်”

ဟု အမရာက ရေနွေးခွက်ကို ရွှေဇံ့ရှေ့သို့ ချပေးရင်း ပြောသည်။

“ဒီကျွန်းက တရုတ်အတွက် အရေးပါတဲ့ နေရာမှာ ရှိနေတာ။ ပြီးတော့ ရှင့်ရဲ့ ဖြူးရှင်းစက်ကို သူတို့ လိုချင်နေကြတာ။ ဒါက ရေနံတွင်းထက်တောင် တန်ဖိုးရှိသေးတယ်။”

သူမ ပြောတာ မှန်သည်။ သူ့နည်းပညာကြောင့်ပင် ဤပြဿနာများ စတင်ခဲ့သည် မဟုတ်ပါလား။ သူက ကမ္ဘာကြီးအတွက် စွမ်းအင် အခက်အခဲကို ဖြေရှင်းပေးချင်ရုံသာ။ ယခုတော့ သူ့တီထွင်မှုကပင် စစ်မီးကို မွှေးနေသလို ဖြစ်နေသည်။

xxx

ဗိုလ်ချုပ် မျိုးအောင်လွင်၏ ယာယီ စစ်ကောင်စီရုံး အစည်းအဝေးခန်းမအတွင်းတွင်တော့ ဗိုလ်ချုပ်ကြီး၊ ဦးတင့်မောင်နှင့် မစ္စရှီတို့ အတူတကွ ရှိနေကြသည်။ ဦးတင့်မောင်နှင့် မစ္စရှီတို့၏ မျက်နှာတွင် အပြုံးကိုယ်စီနှင့်။ အပြင်ဘက် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အခြေအနေများက သူတို့၏ အစီအစဉ်အတိုင်း အတိအကျ ဖြစ်ပေါ်နေပြီဟု ပြောလို့ ရသည်။ သို့သော် မြို့တွင်းမှ ခုခံမှုများနှင့် နိုင်ငံတကာမှ ဖိအားများက သူတို့၏ အာဏာကို တရားဝင် အသိအမှတ်ပြုရေးတွင် အဟန့်အတား ဖြစ်နေသည်။

“အဘ၊ မနက်ဖြန် မိုးလင်းတာနဲ့ စစ်အုပ်ချုပ်ရေး ကြေငြာမှရမယ်”

ဟု ဦးတင့်မောင်က ဝင်ကာ ဆုံးဖြတ်ချက်ပေးသည်။

“ဆန္ဒပြတာတွေ၊ လမ်းပေါ်က တိုက်ပွဲတွေကို အပြတ်ရှင်းရမယ်။ ဒီကျွန်းက ငါတို့ လက်ထဲမှာဆိုတာ သူတို့ကိုရော၊ အပြင်က ကမ္ဘာကိုပါ ပြဖို့ အချိန်တန်ပြီ။”

မစ္စရှီက တရုတ်ဘာသာဖြင့် တစ်စုံတစ်ရာ ဝင်ပြောသည်။ ဗိုလ်ချုပ်က ဘာသာပြန်ကို နားထောင်ပြီး ခေါင်းညိတ်သည်။

“မစ္စရှီက ပြောတယ်။ ဇံအင်ဒတ်စထရီရဲ့ စွမ်းအင်လက်နက်တွေကို ထုတ်သုံးဖို့ အချိန်တန်ပြီတဲ့။ အစွမ်းပြလိုက်မှ ကြောက်သွားကြမှာ။”

ဦးတင့်မောင် ပြုံးလိုက်သည်။

xxx

အာဏာသိမ်းအပြီး ၇၅ နာရီအကြာ၊ မနက် ၉ နာရီ

အာဏာသိမ်းပြီး စတုတ္ထနေ့၏ မနက်သည် သွေးစွန်း၍ စတင်တော့မည်။

မြို့လယ် လမ်းမများပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော လူအုပ်ကြီးဆီသို့ စစ်ကားများ တရှိန်ထိုး မောင်းဝင်လာသည်။ ထို့နောက် စစ်သားများက နေရာယူလိုက်ကြပြီး ဆန္ဒပြနေသူတို့ကို လက်နက်ငယ်များဖြင့် ချိန်ရွယ်လိုက်သည်။ သူတို့လက်ထဲတွင် ကိုင်ဆောင်ထားသည်က သမားရိုးကျ ရိုင်ဖယ်များ မဟုတ်။ ဇံအင်ဒတ်စထရီမှ ပန်းရိုင်းတို့အုပ်စုက ခိုးယူသွားသော စွမ်းအင်လက်နက် နမူနာများဖြစ်သည်။

“ရှေ့ဆက်မတိုးနဲ့၊ ချက်ချင်း လူစုခွဲကြပါ။ ဒါ နောက်ဆုံး သတိပေးခြင်း ဖြစ်ပါတယ်။”

စစ်သားတစ်ဦး၏ အသံချဲ့စက်မှ အော်သံအဆုံးမှာ လူအုပ်က ကြွေးကြော်သံများ ပို၍ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြသည်။

‘ဗြောင်း!’

အပြာရောင် စွမ်းအင် အလင်းတန်းတစ်ခုက လူအုပ်ရှေ့ဆုံးတည့်တည့်သို့ ကျရောက်သွားသည်။ အသံကျယ်ကျယ်ပင် မမြည်၊ သို့သော် အလင်းတန်း ထိမှန်သွားသည့် နေရာမှ လူများမှာ တခဏအတွင်း ပြာမှုန်များအဖြစ် လေထဲတွင် လွင့်ပါသွားကြသည်။ ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် လူအုပ်ကြီး တခဏမျှ မှင်တက်သွားသည်။

‘ဗြောင်း!’

ဒုတိယ အလင်းတန်းက ပထမနေရာ၏ မနီးမဝေးသို့ ထပ်မံ ကျရောက်ပေါက်ကွဲသွားပြန်သည်။ ထို့နောက်တွင်တော့ စစ်သားများက စွမ်းအင်သုံး လက်နက်များကို ပြန်သိမ်းလိုက်ကြသည်။ လူအုပ်ကြီးမှာတော့ ထိတ်လန့်တကြားဖြင့် ပြေးလွှားကာ လူစုကွဲသွားတော့သည်။

မြို့၏ အခြားနေရာများတွင်လည်း အလားတူပင်။ သို့သော် နေရာတိုင်းတွင် ထူးခြားသည့် အချက်တခု ရှိနေခဲ့သည်။ စွမ်းအင်သုံး လက်နက်ကို နှစ်ကြိမ်ထက် ပို၍ မပစ်ခဲ့ခြင်းပင်။

xxx

ညနေစောင်းတွင် အဖေကြီး၏ ပုန်းအိမ်ရှိ တယ်လီဖုန်းက တကလင်လင်သံပေးကာ မြည်လာသည်။ နှင်းဆီက ဖုန်းကို ကောက်ကိုင်လိုက်သည်။

“ပြောပါ။”

တစ်ဖက်မှ အသက်ရှူသံ ပြင်းပြင်းနှင့်အတူ ဖိုးဝ၏ အသံ ထွက်ပေါ်လာသည်။

“အဖေကြီးလား … ကျနော် ဖိုးဝပါ။ အခြေအနေ မကောင်းဘူး။ မြို့လယ်မှာရော၊ ဆိပ်ကမ်းမှာရော သူတို့လူတွေက အပြာရောင် လင်းတဲ့ သေနတ်နဲ့ ပစ်တာ၊ လူတွေ ပြာဖြစ်ကုန်ပြီ။”

“စိတ်အေးအေးထား ဖိုးဝ”

ဟု အဖေကြီးက ဖုန်းကို လှမ်းယူရင်း ပြောသည်။

“အသေးစိတ်ပြော။”

“သူတို့က နှစ်ချက်ပဲ ပစ်တယ်။ နေရာတိုင်းမှာ နှစ်ချက်ပဲ။ ပြီးတော့ ဆန္ဒပြတဲ့သူတွေ ပြေးကြတော့လဲ လိုက်မပစ်တော့ဘူး။ ဒီအတိုင်းပဲ ကြည့်နေကြတယ်။”

အဖေကြီးက ဦးရွှေဇံကို လှည့်ကြည့်သည်။ ရွှေဇံက ခေါင်းတညိတ်ညိတ်နှင့် စဥ်းစားနေသည်။ ပြီးတော့ ဟက်ကနဲ ရယ်လိုက်ပြီးမှ …

“ရှင်းနေတာပဲ၊ သူတို့မှာ ကျည် မလောက်ဘူး။” ဟု ရွှေဇံက ကောက်ချက်ချလိုက်သည်။

“ဒီလက်နက်ဒီဇိုင်းက ဖြူးရှင်းစက်ရှိမှ အလုပ်ဖြစ်တာ။ စွမ်းအင်တွေ အများကြီးလိုတာမို့ ဖြူးရှင်းစက်မရှိရင် သေနတ်ရှိလဲ ပစ်လို့မရဘူး။ ဒီတော့ သူတို့မှာ ကျနော့် ဖြူးရှင်းစက် မရှိတော့ ကျည်ဖြည့်နိုင်မှာ မဟုတ်ဘူး။ အခု သူတို့ လုပ်နေတာက ကြောက်အောင် ဖြဲခြောက်နေတာ။ သူတို့မှာ ကျည်အကန့်အသတ်နဲ့ပဲ ရှိမှန်း တခြားသူတွေ မသိပေမဲ့ ကျနော်ကတော့ သေချာ သိတယ်။”

အဖေကြီးက သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“မောင်ရင် ကျုပ်တို့ဘက်မှာ ရှိနေတာ တကယ့် အားပဲ၊ အခု ငါတို့ ခြေတစ်လှမ်း ရှေ့ရောက်သွားပြီ။ ဖိုးဝ … ဒီည လမ်းပေါ်က တိုက်ပွဲတွေ အကုန် ရပ်ခိုင်းလိုက်။ ငါတို့လူတွေ အလကား အသေမခံနိုင်ဘူး။ သူတို့ ဟန်ပြ တိုက်စစ်ကို ငါတို့က တကယ် အသေခံပြီး ပြန်တိုက်နေလို့ မဖြစ်ဘူး။ လူစုပြီး အင်အားမွေးထား။”

ဖုန်းချသွားပြီးနောက် အခန်းထဲတွင် တိတ်ဆိတ်သွားပြန်သည်။ နောက်ဆုံး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူကတော့ ပခုံးတွင် ပတ်တီးအဖွေးသားနှင့် နှင်းဆီ။

“အန်တီတို့ ဘယ်မှာ ရှိနိုင်မလဲဆိုတာ ကျနော် ကိုယ်တိုင် ဒီည သွားစုံစမ်းမယ်။”

“မောင်ရင့် ဒဏ်ရာနဲ့ မဖြစ်သေးပါဘူးကွာ”

ဟု အဖေကြီးက တားသည်။

“ရပါတယ်။ ဒီဒဏ်ရာက အလုပ်လုပ်လို့ မရလောက်အောင် မဆိုးသေးပါဘူး။ အချိန်ဆွဲလေလေ အန်တီတို့ အန္တရာယ် များလေလေပဲ။”

သူ၏ မျက်ဝန်းများမှ ခိုင်မာပြတ်သားမှုကို အတိုင်းသား မြင်နေရသဖြင့် အဖေကြီး ဆက်မတားတော့။

စစ်အုပ်ချုပ်ရေးအောက်မှ ကုဋေမြို့၏ ညသည် သုသာန်တစပြင်နှယ် တိတ်ဆိတ်နေသည်။ လမ်းမများပေါ်တွင် စစ်ကားများကင်းလှည့်နေပြီး လမ်းဆုံလမ်းခွတိုင်းတွင် စစ်ဆေးရေးဂိတ်များ ချထားသည်။ နှင်းဆီသည် အနက်ရောင် ဝတ်စုံ ပြောင်းဝတ်ကာ မြို့၏ အမှောင်ရိပ်များအောက်တွင် ပုရွက်ဆိတ်တစ်ကောင်နှယ် တိတ်ဆိတ်စွာ လှုပ်ရှားနေသည်။ ပခုံးမှ ဒဏ်ရာက တဆစ်ဆစ် ကိုက်ခဲနေသော်လည်း သူ့အာရုံက ထိုနာကျင်မှုအပေါ်တွင် မရှိ။ သူ့ပန်းတိုင်မှာ စစ်တပ်မှ ယာယီ ထောက်လှမ်းရေး စခန်းအဖြစ် အသုံးပြုနေသော မြို့တော်ခန်းမ။

မြို့တော်ခန်းမအနီးသို့ ချဥ်းကပ်ရန်မှာ မလွယ်ကူ။ အလင်းရောင်များ ထိန်ထိန်ညီးနေပြီး ကင်းသမားများက နေရာအနှံ့။ နှင်းဆီသည် အဆောက်အအုံများ၏ အမိုးများပေါ်မှတဆင့် ကြောင်တစ်ကောင်၏ ပေါ့ပါးမှုဖြင့် ခုန်ကူးကာ ချဥ်းကပ်လာခဲ့သည်။ ကင်းသမားနှစ်ယောက် အာရုံလစ်သွားသည့် စက္ကန့်ပိုင်းအတွင်း သူသည် အရိပ်ထဲမှ လျှပ်စီးကဲ့သို့ ပျံထွက်လာပြီး နှစ်ယောက်လုံး၏ လည်မျိုကို တပြိုင်နက် ပေါက်ဓားဖြင့် ပစ်ပေါက်လိုက်သည်။ အသံပင် မထွက်နိုင်လိုက်ပဲ ထိုကင်းသမားနှစ်ယောက် မြေပြင်ပေါ်သို့ ပုံကျသွားသည်။

အတွင်းသို့ ဝင်ရောက်ပြီးနောက် သူသည် လျှို့ဝှက်စာရွက်စာတမ်းများ ထားရှိရာ အခန်းကို ရှာဖွေသည်။ အခန်းတံခါးကို သော့ခလောက် အကြီးကြီးဖြင့် ခတ်ထားသော်လည်း နှင်းဆီအတွက်မှာတော့ ကလေးကစားစရာတစ်ခုသာ။ သူ၏ အိတ်ထဲမှ သံချောင်းငယ်တစ်ခုကို ထုတ်ကာ သော့ခလောက်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။ အထဲတွင် စာရွက်စာတမ်းများ၊ စစ်ဆင်ရေး မှတ်တမ်းများ။

သိပ်ကြာကြာ မရှာလိုက်ရ၊ သူရှာနေသည့် အန်တီနှင့် အခြားနိုင်ငံရေး အကျဥ်းသားများ၏ တည်နေရာပြ မြေပုံနှင့် စာရွက်စာတမ်းများကို တွေ့ရှိလိုက်သည်။ သူ၏ မျက်နှာတွင် အောင်နိုင်သူ၏ အပြုံးတစ်ခု ပေါ်ထွက်လာသည်။

xxx xxx xxx

အခန်းအတွင်းသို့ တံခါးခေါက်ကာ ဝင်လာသည့် ရွှေဇံနှင့် အမရာဘက်သို့ အဖေကြီး လှည့်လိုက်သည်။ တညလုံး ဖုန်းနှင့် ညွှန်ကြားထားသည်မို့ ကိုယ်ကာယအားဖြင့် မပင်ပန်းသော်လည်း စိတ်ပင်ပန်းမှုတော့ ရှိတာ အဖေကြီး၏ မျက်နှာမှာ ပေါ်နေသည်။

“အဖေ … နေကောင်းရဲ့လား”

အမရာက မေးသည်။

အဖေကြီးက ဘာမှ ပြန်မပြော၊ ခေါင်းကိုသာ ညိတ်ပြသည်။ ပြီးတော့ ရွှေဇံဘက်သို့ ဘယ်လိုလဲ ဆိုသည့်သဘော မေးဆတ်ပြသည်။ ရွှေဇံ့လက်ကို အမရာ တင်းတင်း ဆုပ်ထားသည်ကို လူကဲခတ်ကောင်းသည့် အဖေကြီး သတိထားမိသည်။

“ကျနော်တို့လဲ ဓာတ်ခွဲခန်းနဲ့ ကျနော့် ရုံးခွဲတွေကို သွားရလိမ့်မယ်။ အဲဒီမှာ ကျနော်တို့ လိုအပ်တဲ့ ပစ္စည်းတွေ ယူပြီး စီစဉ်စရာရှိတာတွေ စီစဉ်ရလိမ့်မယ်။”

“မောင်ရင် တယောက်တည်း ဖြစ်ပါ့မလား”

“သမီး သူနဲ့ လိုက်သွားမှာ၊ အဖေသာ ဂရုစိုက်”

ရွှေဇံပင် ဘာမှ မပြောရသေးခင် အမရာက ဝင်ပြောပြီးနေပြီ။

xxx xxx xxx

အာဏာသိမ်းပြီး ၈၉ နာရီ … ည သန်းခေါင်ဝန်းကျင်

ကားအနက်ရောင်လေးသည် စစ်အုပ်ချုပ်ရေးအောက်မှ တိတ်ဆိတ်နေသော လမ်းမများပေါ်တွင် မီးမှတ်ကာ တတ်နိုင်သလောက် အသံမထွက်အောင် ထိန်းကျောင်း မောင်းနှင်နေသည်။ ရွှေဇံက ကားကိုမောင်းပြီး အမရာက သူ့ဘေးတွင် ထိုင်လျက်သား။ သူမလက်ထဲတွင် ပစ္စတိုတစ်လက်ကို အသင့်ကိုင်ထားသည်။ ထူးထူးဆန်းဆန်း လိမ္မော်ရောင် ဝတ်စုံကို မဝတ်ပဲ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကိုသာ အမရာ ဝတ်လာသည်။

“ရှင် ကြောက်နေတာလား” ဟု အမရာက တိုးတိုးလေး မေးသည်။

လမ်းထောင့်တစ်နေရာမှ စစ်ဆေးရေးဂိတ်၏ မီးရောင်က သူတို့ကားပေါ်သို့ ဖြတ်ပြေးသွားသည်။

“ကြောက်တယ်ဆိုတာ ဘာလဲ၊ ကိုယ်တခါမှ မကြုံဖူးလို့”

ရွှေဇံက ဟန်မပျက် ပြန်ဖြေသည်။ သို့သော် စတီယာရင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သူ့လက်များက သူ၏ စိတ်အခြေအနေကို ဖော်ပြနေသည်။

“ရှင် အမြဲတမ်း ဒီလိုပဲ ဘာမှမဖြစ်သလို ဟန်ဆောင်နေတော့မှာလား။”

“ဒါ ဟန်ဆောင်တာ မဟုတ်ဘူး၊ အမရာ။ ကိုယ်က မွေးကတည်းက ဒီလိုပဲ”

သူတို့နှစ်ယောက်ကြားတွင် တိတ်ဆိတ်မှုက ခဏတာ ဝင်ရောက်လာသည်။ ကားသည် စက်မှုဇုန်ထဲသို့ ချိုးကွေ့ဝင်ရောက်လိုက်သည်။ ဇံ လုပ်ငန်းစု၏ ကြီးမားသော အဆောက်အအုံကြီးများကို အမှောင်ထဲတွင် အရိပ်သဖွယ် မြင်နေရသည်။

“ရောက်ပြီ။”

ရွှေဇံက အမရာ့ကို ပြောသည်။ ပြီးနောက် ကားကို အဆောက်အအုံတစ်ခု၏ နောက်ကွယ်ရှိ လူသူမမြင်နိုင်သော နေရာတွင် ရပ်လိုက်သည်။ ကားစက်ကို သတ်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

“အမရာက စိတ်ပူနေတာလား” ဟု ရွှေဇံက အမရာ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။

အမှောင်ထဲတွင် သူမ၏ မျက်ဝန်းများက အရောင်တလက်လက် တောက်ပနေသည်။

“သူများက ရှင့်အတွက် စိတ်ပူပေးနေတာ၊ သိရဲ့လား ရှင်ကြီးရဲ့။”

သူမ၏ အသံက တိုးလွန်းလှသော်လည်း ရွှေဇံ၏ ရင်ကို ပြင်းထန်စွာ လှုပ်ခတ်သွားစေသည်။ ရွှေဇံအမရာ၏ အေးစက်နေသော် လက်များကို အသာအယာ ဆုပ်ကိုင်လိုက်သည်။ သို့သော် ခဏအကြာမှာ သတိဝင်လာပြီး သူမ လက်တွေ ရုန်းထွက်သွားသည်။

“အမရာ၊ ကိုယ့်ဘေးမှာ မင်းရှိနေသလို မင်းဘေးမှာလဲ ကိုယ်ရှိနေတာမို့ မပူနဲ့ … အားလုံး အိုကေသွားမှာ။”

သူတို့၏ မျက်နှာများ တဖြည်းဖြည်း နီးကပ်လာပြန်သည်။ တယောက်၏ အသက်ရှူသံကို တယောက်က ကြားနေရသည်အထိ။ သို့သော် အနမ်းတပွင့် ဖြစ်မလာခင်မှာပင် အဝေးမှ စစ်ကားတစီး၏ မီးရောင်က သူတို့ရှိရာသို့ ထိုးချလာသည်။

“သွားရအောင်။”

ရွှေဇံက ပြောလိုက်ပြီး အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ အမရာက သူ့နောက်မှ အလျင်အမြန် လိုက်ပါသွားသည်။ သူတို့ တစ်ယောက်ချင်းစီ၏ ပခုံးပေါ်တွင် ကျွန်း၏ ကံကြမ္မာက တည်မှီနေသည်ကို နှစ်ယောက်စလုံးက ကောင်းစွာ သဘောပေါက်ကြပေသည်။

အခန်း ၇

အာဏာသိမ်းပြီး ပဉ္စမနေ့၏ အရုဏ်တက်လင်းအားကြီးချိန်

ဇံ လုပ်ငန်းစု၏ စွန့်ပစ်ထားသော ဂိုဒေါင်တခု၏ သံချေးတက်နေသော တံခါးတချပ်က တကျွီကျွီမြည်လျက် ပွင့်လာသည်။ အထဲသို့ ဒယိမ်းဒယိုင်ဝင်လာသူမှာ နှင်းဆီ။ သူ၏ အဖြူရောင်ရှပ်အင်္ကျီမှာ သွေးနှင့် ဖုန်များဖြင့် နီညိုရောင်ပြောင်းနေပြီး ပခုံးမှ ဒဏ်ရာအပြင် ဝမ်းဗိုက်တွင်လည်း ဓားဒဏ်ရာအသစ်တခုက သွေးများစိမ့်ထွက်နေသည်။ အသက်ကို မောပန်း လှိုက်ဖိုကာ ရှူရင်း နံရံကို အားပြုကာ သူ လျှောက်လာသည်။ သူ၏ ခြေလှမ်းတိုင်းက ကြမ်းပြင်ပေါ်တွင် သွေးစက်များ ကျချန်ရစ်နေသည်။
ဂိုဒေါင်၏ မှောင်ရိပ်ထောင့်တနေရာမှ လူနှစ်ယောက် ထွက်လာသည်။ ရွှေဇံနှင့် အမရာ။ သူတို့နှစ်ယောက်လုံး၏ အဝတ်အစားများမှာလည်း ဖုန်များ၊ ဆီများဖြင့် ပေကျံနေပြီး ညလုံးပေါက် မအိပ်ရသေးကြောင်း စွေးစွေးနီသော သူတို့၏ မျက်လုံးများက သက်သေခံနေသည်။
“အကိုလေး … ”
အမရာနှင့် ရွှေဇံတို့ အပြေးကလေး နှင်းဆီအနားကို ပြေးသွားလိုက်ကြသည်။
“ကိုနှင်းဆီ … အဆင်ပြေရဲ့လား၊ ရရဲ့လား။”
ရွှေဇံက ရှေ့သို့တိုးကာ နှင်းဆီ၏ လက်မောင်းကို အသာထိန်းပေးရင်း ပြောသည်။
နှင်းဆီက အားယူပြုံးလိုက်သည်။ ထို့နောက် သူ၏ အတွင်းအိတ်ထဲမှ သွေးစွန်းနေသော မိုက်ခရို ဖလင်လိပ်ငယ်တခုကို ထုတ်ယူကာ အမရာ့ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“အန်တီတို့က … အရမ်းကြပ်တဲ့ နေရာတခုမှာ … ဒါပေမဲ့… သူတို့ နောက်တနေရာကို မကြာခင် ရွှေ့တော့မယ် …”

စကားတစ်ခွန်းချင်း ပြောလိုက်တိုင်း သူ၏ အသက်ရှူသံက ပို၍ပြင်းထန်လာသည်။

“အကိုလေး … ဖြည်းဖြည်း ပြောပါ”

အမရာက ဝင်ပြောသည်။

နှင်းဆီက လက်ကာပြ၍ မေးငေါ့ပြသည်။

“ကျမတို့ဘက်ကလဲ လုပ်စရာတွေ အကုန် လုပ်ပြီးပြီ။ လိုအပ်တဲ့ ပစ္စည်းတွေလဲ အကုန်ယူခဲ့ပြီ။”

အမရာသည် ပင်ပန်းနေပုံ ပေါက်သော်လည်း သူမ၏ မျက်ဝန်းများတွင် ပင်ပန်းနွမ်းနယ်မှုနှင့်အတူ အောင်မြင်မှု၏ အရောင်များလည်း လက်နေသည်။

ရွှေဇံက နှင်းဆီကို ဂိုဒေါင်အတွင်းရှိ သေတ္တာပုံးအလွတ်များပေါ်သို့ တွဲခေါ်သွားသည်။

“အကိုလေး … ပြန်နားရအောင်၊ ကျမတို့နဲ့ ပြန်လိုက်ခဲ့တော့။”

နှင်းဆီက ခေါင်းခါပြသည်။

“ဟင့်အင်း … ငါ လုပ်စရာ တခု ကျန်နေသေးတယ်။”

xxx

ယာယီစစ်ကောင်စီ အစည်းအဝေးခန်းမတွင်တော့ အခြေအနေက တင်းမာနေသည်။ မြို့တွင်းမှ အခြေအနေများကို အစီရင်ခံနေသည့် ရေဒီယိုများမှ အသံများက ဆူညံနေသည်။

“အဘ … ဆန္ဒပြသူတွေက ဇံအင်ဒတ်စထရီ စက်ရုံဘက်မှာ ပြန်စုနေကြပြန်ပြီ။ ဒီတစ်ခါ ပိုများတယ်။”

ဦးတင့်မောင်က စားပွဲကို လက်သီးဖြင့်ထုလိုက်သည်။

“ဒီကောင်တွေက ပြီးပဲ မပြီးနိုင်ဘူး။ သူတို့ကို ထောက်ခံနေတဲ့ အောက်တန်းစားတွေက တမျိုး။ မနေ့က ဆော်လိုက်တာတောင် ဒီနေ့ သတ္တိကောင်းနေကြတုန်းလား။ အကုန်လုံးကို တခါတည်း ရှင်းပစ်မှ ဖြစ်တော့မယ်။”

ဗိုလ်ချုပ်က မြေပုံကို ကြည့်ရင်း မေးလိုက်သည်။

“ဘာလို့ ဒီ စက်ရုံနားမှာပဲ ထပ်ခါထပ်ခါ စုနေကြတာလဲ။ အဲဒီမှာ ဘာထူးခြားတာ ရှိလို့လဲ။”

“အဲဒါ ရွှေဇံရဲ့ နယ်မြေပဲ။ သူတို့က ရွှေဇံ့ အားကိုးနဲ့ အာခံချင်ကြတာ။ ကပ္ပလီတွေနဲ့ ဘညို့လူတွေကို သွားရှင်းခိုင်းလိုက်ပါ။ အမြစ်ပြတ်အောင် ရှင်းပစ်။”

ဗိုလ်ချုပ်ကြီးက ခေါင်းညိတ်ပြီး အမိန့်ပေးလိုက်သည်။ ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချေးလိုပင် သူ့မျက်နှာက ပြုံးတာလား၊ မဲ့တာလား မသဲကွဲပေမဲ့ သူ့လုပ်ရပ်ကတော့ ရက်စက်ကြမ်းကြုတ်သည်။

xxx

စက်မှုဇုန်အတွင်း ဇံစက်ရုံများအနီး လမ်းမကျယ်ကြီးပေါ်တွင် လူထောင်ပေါင်းများစွာ စုဝေးနေကြသည်။ သူတို့၏ ကြွေးကြော်သံများက ကောင်းကင်သို့ ဟိန်းထွက်နေသည်။ ထူးခြားသည်မှာ ဆန္ဒပြသူများ၏ ရှေ့တွင် အဖေကြီး၏ လူများက လူတံတိုင်းသဖွယ် ကာရံပေးထားခြင်းပင်။

မကြာမီမှာပင် ဘာတီနီဒွန်းဦးဆောင်သည့် စစ်ဝတ်စုံဝတ် ကြေးစားများနှင့် ဘညို၏ သစ္စာဖောက်လူမိုက်များ အပြည့်ပါလာသည့် စစ်ကားများ တရကြမ်း မောင်းဝင်လာကြသည်။ သူတို့လက်ထဲတွင် မောင်းပြန်ရိုင်ဖယ်များနှင့် တုတ်၊ဓားများကို အသီးသီး ကိုင်ဆောင်ထားကြသည်။

ယာယီ စစ်ကောင်စီ အစည်းအဝေးခန်းမထဲရှိ ဗိုလ်ချုပ်ကြီး မျိုးအောင်လွင် နှင့် ဦးတင့်မောင်တို့ထံ ထိုမြင်ကွင်းကို ရှေ့တန်းမှ စင်ဆင်ရေးမှူးက ရေဒီယိုနှင့် တောက်လျှောက် သတင်းပို့နေသည်။

“အကုန်ပစ်သတ်။”

ဗိုလ်ချုပ်ကြီးက အမိန့်ပြန်ပေးသည်။

သို့သော် အဖြစ်က ဆန်းသည်၊ စစ်ဆင်ရေးမှူးပင် ချက်ချင်း သတင်းပြန်မပို့နိုင်ပဲ မှင်တက်မိသွားရသည်။ ကပ္ပလီ ကြေးစားစစ်သားများနှင့် ဘညို၏လူများသည် ဆန္ဒပြသူများအနီးသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်သွားကြသည်။ ထို့နောက် ကိုင်ဆောင်လာသော လက်နက်များကို အောက်သို့ချသူက ချ၊ ဆန္ဒပြသူများနှင့် စကားစမြည် ပြောဆိုနေကြသူက ပြောနေကြသည်ကို တွေ့လိုက်ရသည်။

ဆန္ဒပြသူအချို့က သူတို့ကို ရိုက်နှက်ရန် လာသူများကို ရေသန့်ဘူးများပင် ကမ်းပေးနေကြသေးသည်။ ထို့နောက် စစ်ဆင်ရေးမှူးအတွက် ပိုပြီး ထူးဆန်းသည့် မြင်ကွင်းများကို မြင်ရတော့သည်။ ကပ္ပလီများက ရုတ်တရက် နောက်လှည့်ကာ သူတို့၏ နောက်မှ လိုက်ပါလာသော စစ်တပ်ဘက်သို့ လက်နက်များဖြင့် ပြန်လည် ချိန်ရွယ်ထားတော့သည်။

“အဘ … အဘ ဘာဖြစ်လဲ မသိဘူး၊ ကျနော်တို့ဘက်ကို သေနတ်နဲ့ ပြန်ချိန်ကြတယ်”

“ဘာကွ၊ သစ္စာဖောက်တဲ့ ကောင်တွေ!”

ဗိုလ်ချုပ်ကြီးက ဒေါသတကြီး အော်လိုက်သည်။

ဦးတင့်မောင်၏ မျက်နှာမှာတော့ သွေးမရှိသလို ဖြူလျော်သွားသည်။

“ချ၊ အဘ၊ ဟိုဟာတွေနဲ့သာ ပြန်ချခိုင်းလိုက်တော့”

“ပစ်၊ ရှိတာအကုန် ထုတ်သုံး၊ အကုန်ရှင်းပစ်!”

ဗိုလ်ချုပ်ကြီး၏ အမိန့်ရသည်နှင့် စစ်ဆင်ရေးမှူးကလဲ မဆိုင်းမတွ ပစ်မိန့်ပေးတော့သည်။

‘ဗြောင်း!’

‘ဗြောင်း!’

အပြာရောင် စွမ်းအင်အလင်းတန်းနှစ်ခုက ကြေးစားစစ်သားများနှင့် ဘညို့လူများ စုဝေးနေသည့် နေရာသို့ တည့်တည့် ကျရောက်သွားသည်။ လမ်းမတခုလုံး အလင်းရောင်များဖြင့် ဖြာထွက်သွားပြီးနောက်တွင်တော့ ထိုနေရာ၌ ပြာမှုန်များသာ ကျန်ရစ်တော့သည်။

xxx

ဂိုဒေါင်အတွင်းရှိ CCTV ဖန်သားပြင်များရှေ့တွင် ရွှေဇံ፣ အမရာနှင့် နှင်းဆီတို့ သုံးယောက်သား ပြုံးနေကြသည်။ ဖန်သားပြင်များပေါ်တွင် ပြသနေသည့် မြင်ကွင်းအစစ်မှာ ကြေးစားစစ်သားများနှင့် ဘညို့လူများသည် နောက်ဆုတ်သွားသော ဆန္ဒပြသူများနောက်ကို ရိုက်နှက်သတ်ဖြတ်ရန် တရွေ့ရွေ့လိုက်သွားနေစဉ် စစ်ကောင်စီတပ်က စွမ်းအင်သုံး အဆင့်မြင့်လက်နက်များဖြင့် ပစ်ခတ်ခံလိုက်ရခြင်းပင်။ သူတို့ မြင်တွေ့ရသည့် ဆန္ဒပြသူများမှာလဲ တကယ်မရှိပဲ စစ်တပ်ဘက်သို့ ပြောင်းလှည့်သည့် မြင်ကွင်းကဲ့သို့ပင် ရွှေဇံ၏ တံလျှပ် နည်းပညာဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။

“မထင်ထားဘူး၊ ရှင်ကြီးရဲ့ တံလျှပ်တွေက တကယ်အသုံးဝင်တာပဲ။ သူတို့လူတွေကို သူတို့ဘာသာ ပြန်ရှင်းသွားတယ်။”

အမရာက ချီးကျူးလိုက်သည်။

“ဒါက အကင်းပဲ ရှိသေးတယ်။”

ရွှေဇံက နှင်းဆီဘက်သို့ လှည့်လိုက်သည်။ နှင်းဆီ၏ မျက်နှာမှာ ပို၍ ဖြူဖျော့လာသည်။

“ကိုနှင်းဆီ ပြန်နားလိုက်ပါတော့။ ကိုနှင်းဆီ လုပ်ပေးခဲ့တာတွေက လိုတာထက် ပိုနေပါပြီ။”

နှင်းဆီက ဘာမှ ပြန်မပြော၊ ခေါင်းသာ ခါပြသည်။ ရွှေဇံ့အတွက် ထူးဆန်းနေသည်။ ဘာလုပ်စရာများ ကျန်နေသေးလို့လဲ။

အမရာမျက်နှာမှာ မဲမှောင်နေသည်။ ရွှေဇံက နှင်းဆီကို ကြည့်လိုက်၊ အမရာကို ကြည့်လိုက်နှင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ နောက်တော့ အမရာရဲ့ ငိုမဲ့မဲ့ မျက်နှာပေးကြောင့် ဆုံးဖြတ်ချက်တခု ချလိုက်ကာ နှင်းဆီကို ပွေ့ခေါ်ယူရန် ကြိုးစားသည်။

“မင်း … မင်း ထင်သလို မ … မဟုတ်ဘူး။”

နှင်းဆီထံမှ လေသံ တိုးတိုးလေး ထွက်လာသည်။ ရွှေဇံ အနားကို ကပ်၍ အထူး အားစိုက်နားထောင်ရသည်။

“ငါတို့ … ငါတို့က မောင်နှမ … ”

အမရာ့ထံမှ ရှိုက်သံ သဲ့သဲ့ ထွက်ပေါ်လာသည်။

အားနည်းနေသော နှင်းဆီကို သေတ္တာပုံးတစ်ခုကို မှီထိုင်နိုင်ရန် ရွှေဇံ ကူညီပေးလိုက်သည်။ နှင်းဆီက သူ၏ အင်္ကျီအိတ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်လိုက်သည်။

“ယောက်ဖ … မီး”

ဒဏ်ရာနှင့်မို့ ဆေးလိပ်မသောက်စေချင်သော်လည်း နှင်းဆီက အတင်းတောင်းနေသည်မို့ ရွှေဇံက သူ့အိတ်ထဲမှ မီးခြစ်ကို ထုတ်ကာ နှင်းဆီ၏ စီးကရက်ကို မီးညှိပေးလိုက်သည်။ တိတ်ဆိတ်နေသော်လည်း သူတို့နှစ်ယောက်၏ မျက်လုံးများက စကားတွေ အများကြီး ပြောနေကြသည်။ ရွှေဇံ့ အတွေးတွေ ခေါင်းထဲ ပတ်ပြေးနေသည်၊ သူတို့က မောင်နှမ … ပြီးတော့ သူ့ကို ခေါ်လိုက်တာက ယောက်ဖဆိုတော့ …

“…”

‘ဒုန်း!’

ဂိုဒေါင်တံခါးကို ပြင်းထန်စွာ ဆောင့်ကန်လိုက်သံနှင့်အတူ မစ္စရှီ၏ အေးစက်စက် အသံထွက်ပေါ်လာသည်။

“နှင်းစီ … နင့် ကစားပွဲက ပီးပီ။”

ရွှေဇံက အမရာ့လက်မောင်းကို အသာကိုင်ကာ “သွားရအောင်” ဟု တိုးတိုးလေး ပြောလိုက်သည်။

ထို့နောက် ရွှေဇံနှင့် အမရာတို့သည် ဂိုဒေါင်၏ နောက်ဘက်ရှိ လျှို့ဝှက်ထွက်ပေါက်မှ တဆင့် လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

xxx

ဇင်ပြာဝတ် မစ္စရှီနှင့် သူမ၏ လူများ ဂိုဒေါင်၏ အတွင်းဘက် ထိန်းချုပ်ခန်းထဲသို့ ဝင်လာချိန်တွင် စီးကရက်ကို အေးအေးဆေးဆေး ဖွာရှိုက်နေသော နှင်းဆီတယောက်တည်းကိုသာ တွေ့လိုက်ရသည်။

“မစ်ရှတာဇံ စိုက်နားလီ။”

မစ္စရှီက ရွှေဇံ ဘယ်မှာလဲဟု မေးသည်။

နှင်းဆီက မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ရင်း ပြုံးလိုက်သည်။

မစ္စရှီက နှင်းဆီအနားသို့ တလှမ်းချင်း တိုးလာသည်။ လက်ထဲမှာတော့ ဓားမြှောင်တလက်နှင့်။

“မစ္စရှီ … နင်က လက်နက်မဲ့ … ဒဏ်ရာနဲ့ … လူကိုတောင် … ဓားနဲ့ ရွယ် … ရွယ်နေတယ်။”

ပြောနေရင်းမှ ရုတ်တရက် နှင်းဆီ၏ မျက်နှာမှာ အရိပ်အမျိုးမျိုး ဖြတ်ပြေးသွားသည်။ စီးကရက်ကို လွှတ်ချကာ အနားရောက်လာသော မစ္စရှီ၏ ခြေကို တင်းတင်း ဖက်လိုက်သည်။ သူ့မျက်လုံးများမှ မျက်ရည်များလဲ စီးကျလာသည်။

“ရွှေပုံ ငွေပုံ … က ပုန်းအိမ် … မှာ”

မစ္စရှီက နှင်းဆီကို ရွံရှာစက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် သနားညှာတာမှု အရိပ်အယောင်ပင် မရှိ။ သူမသည် သူမ၏ ဒေါက်ဖိနပ်အချွန်ဖြင့် နှင်းဆီ၏ ဒဏ်ရာကို တည့်တည့် နင်းချေလိုက်သည်။

“အား!!!”

နှင်းဆီ၏ နာကျင်စွာ အော်ဟစ်သံက ဂိုဒေါင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ မစ္စရှီက သူ့ခေါင်းကို ဆံပင်မှ ဆွဲမလိုက်ပြီး ဓားမြှောင်နှင့် လည်မျိုကို ရွယ်လိုက်သည်။

“ဒဲစ်နိုးဝမ်း အန် ရွှီးဘုံနွေးဘုံ”

ဘာတီနီဒွန်းက ဝင်ပြောသည်။ သူ့မျက်နှာမှာ နှင်းဆီ ဘာမှ မပြောနိုင်ခင် အသက်ပျောက်သွားမှာ စိုးရိမ်နေသည့်နှယ်။

“အမ … အမရာ့ အိမ်မှာ၊ ကန်သာယာ … ရှစ် … ရှစ် လမ်းက ပုန်းအိမ်က ပြောင်းသွားကြတာ”

ကန်သာယာ (၈) လမ်းက ပုန်းအိမ်မှာ ရွှေဇံ့ကို အမရာ ခေါ်သွားသည့် အဖေကြီးရှိသော ပုန်းအိမ်ဖြစ်သည်။

“ကျနော့်ကို ဆေး … ဆေးရုံ ပို့ပေးပါ၊ ကျနော် … ပြော … ပြောပြီးပြီလေ … အသက် … အသက်ကိုချမ်းသာပေးပါ…”

“ခစ် … ခစ်”

မစ္စရှီထံမှ တခစ်ခစ် ရယ်သံနှင့်အတူ သူမ၏ ဓားမြှောင်က နှင်းဆီ၏ လည်မျိုကို စိုက်ဝင်သွားတော့သည်။ နှင်းဆီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ကာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားသည်။ သူ၏ နောက်ဆုံးထွက်သက်နှင့်အတူ သူ၏ မျက်လုံးများကို အသာ ပြန်မှိတ်ချလိုက်သည်ကို တွေ့ရသည်။

မစ္စရှီက သူမ၏ ဇင်ပြာ ယူနီဖောင်းကို သပ်ရပ်အောင် ပြန်ပြင်လိုက်ရင်း အောင်ပွဲရ စစ်သူကြီး တဦးပမာ ပြုံးလိုက်လေသည်။

အခန်း ၈

ပုန်းအိမ်၏ မြေအောက်ထပ်ရှိ ထိန်းချုပ်ခန်းငယ်လေးထဲတွင် တိတ်ဆိတ်မှုက စိတ်ကို တုန်လှုပ်စေလောက်အောင်ပင် ကျယ်လောင်နေလေသည်။ နံရံတွင်ကပ်ထားသော ရေဒီယိုအသေးစားလေးမှ ဘီဘီစီ ကမ္ဘာတလွှား သတင်းဌာန၏ အသံလွှင့်ချက်ကသာ ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းနေသည်။
“… ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးမှ ထွက်ပေါ်လာသော တညီတညွတ်တည်း ဆုံးဖြတ်ချက်တွင် ကုဋေကုဋာကျွန်း၌ ဖြစ်ပွားနေသော ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံး အနေဖြင့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်သူအားလုံးပါဝင်သော ငြိမ်းချမ်းသည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်းထားပါသည် …”

ဦးရွှေဇံက ရေဒီယိုခလုတ်ကို လက်ဖြင့်ပိတ်လိုက်သည်။ အသံတိတ်သွားသော်လည်း အခန်းထဲက ဖိအားနှင့် တင်းမာမှုများကတော့ လျော့မသွား။ လူတိုင်း၏ မျက်နှာတွေမှာ မဲမှောင်နေပြီး အားလုံး စိတ်လေးပင်နေကြသည်။ ရွှေဇံက စားပွဲပေါ်ရှိ မြို့မြေပုံကြီးကို ခဏမျှ စူးစိုက်ကြည့်နေသော်လည်း သူ့ခေါင်းထဲတွင် အတွေးများက လျင်မြန်စွာ ဖြတ်ပြေးနေသည်။

အမရာကတော့ စားပွဲပေါ်ရှိ အနည်းငယ်မျှသော ဇံ-အင်ဒတ်စထရီ၏ နောက်ဆုံးပေါ် လက်နက်ငယ်များကို စိတ်ရှည်လက်ရှည် စစ်ဆေးနေသည်။ သူမ၏ လှုပ်ရှားမှုတိုင်းက တည်တည်ငြိမ်ငြိမ်ရှိပြီး စနစ်ကျနေသော်လည်း ငိုမဲ့မဲ့ မျက်ဝန်းများက သူမ ပျော်ရွှင်မနေကြောင်း လူတိုင်း သိနိုင်လောက်သည်။

နှင်းဆီ ပေးလိုက်သော မိုက်ခရိုဖလင်လိပ်ထဲမှ အချက်အလက်များက သူတို့ စားပွဲပေါ်တွင် ဓာတ်ပုံစာရွက်များအဖြစ် ပြန့်ကျဲနေသည်။ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထားရာ လျှို့ဝှက်အကျဉ်းထောင်၏ အသေးစိတ်မြေပုံနှင့် အစောင့်အကြပ် အင်အားစာရင်း။ ထိုစာရွက်များက သူတို့အတွက် အဖိုးမဖြတ်နိုင်သော မျှော်လင့်ချက်ဖြစ်သလို၊ အချိန်ကြာလာသည်နှင့်အမျှ သဲထဲရေသွန် တန်ဖိုးမဲ့သွားနိုင်မည့် အဖြစ်လည်း ရှိနေသည်။

“ကိုယ်တို့ အခုချက်ချင်း လှုပ်ရှားမှ ဖြစ်မယ်၊ အမရာ။”

ရွှေဇံ၏ အသံက တည်ငြိမ်နေသော်လည်း သူ့မျက်ဝန်းထဲက စိုးရိမ်မှုကို အမရာ ဖတ်မိသည်။ ရွှေဇံ့အသံက ဂရုဏာ ပါလှသည်။

“သူတို့ အန်တီ့ကို နောက်တနေရာ မရွှေ့ခင် ကိုယ်တို့အရင်ရောက်အောင် သွားမယ်။ ကိုယ် မင်းကို ကတိပေးတယ်၊ နှင်းဆီ့ရဲ့ အသက် သွေးနဲ့ လဲလာတဲ့ သတင်းက အလဟဿ မဖြစ်စေရဘူး။”

နှင်းဆီ့အမည်ကို ကြားလိုက်ရချိန်တွင် အမရာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

“သူများလဲ လိုက်ခဲ့မယ်”

အမရာက သူမ အထပ်ထပ် အခါခါ စစ်ဆေးနေခဲ့သော သေနတ်ငယ်ကို ချလိုက်ပြီး ရွှေဇံကို မော့ကြည့်သည်။

“ကိုယ်ကတော့ မင်းကို နေခဲ့စေချင်တယ်။”

“ဟင့်အင်း … လိုက်ခဲ့မယ်။”

ထိုစဉ် အခန်းထောင့် မှောင်ရိပ်ထဲမှ တည်ကြည်သော စကားသံတသံ ပေါ်လာသည်။

“မောင်ရွှေဇံ ခေါ်သာ သွားလိုက်ပါ၊ ဒါနဲ့ အစီအစဉ်တွေက ဦးတို့ စီစဉ်ထားတဲ့အတိုင်းပဲလား။”

“ဟုတ်တယ်၊ မူလ အစီအစဉ်အတိုင်းပဲ။ မူတူးတို့၊ မိုးပျံတို့ကို ဆိပ်ကမ်းဟောင်းဘက်မှာ နည်းနည်း ဆူပေးဖို့ ဦးကပဲ စီစဉ်ပေးပါ။ အဲဒီအချိန်မှာ ကျနော်တို့ ဝင်မယ်။”

အမရာက ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ မျက်နှာတွင် ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုတို့ အရိပ်အယောင်ပင် မရှိတော့၊ ပြတ်သားမှုနှင့် ယုံကြည်မှုတို့သာ ရှိနေသည်။

xxx xxx xxx

အာဏာသိမ်းပြီး တပါတ်အကြာ … ညနေခင်း မှောင်စပျိုးချိန်။
ဆိပ်ကမ်းမြို့ဟောင်း၏ လူသူကင်းမဲ့သော လမ်းကြားတစ်ခုတွင် မူတူးနှင့် မိုးပျံတို့သည် သူတို့၏လူများကို နောက်ဆုံးအကြိမ် ညွှန်ကြားချက်များ ပေးနေသည်။ သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုတို့ ပေါ်လွင်နေသော်လည်း တတ်နိုင်သလောက် သူ့တို့လူတွေ သတိမထားမိအောင် တည်ငြိမ်ဟန် ပြုနေကြသည်။ သူတို့လက်ထဲမှ သံတုတ်များ၊ ဓားရှည်များက လမ်းထိပ်မှ မီးရောင်မှိန်မှိန်အောက်တွင် တဖျတ်ဖျတ် လက်နေသည်။

“ငါပြောတာ နားလည်လား၊ ရန်စရုံပဲ။ ဘယ်သူမှ အသေခံပြီး တိုက်စရာ မလိုဘူး။ နောက်က အချက်ပြတာနဲ့ ချက်ချင်းပြန်ဆုတ်ရမယ်။”

ထန်ပေါ်က သူ့ညီ ထန်ရီကို ပခုံးပုတ်လိုက်သည်။

“သတိထား အားရီ၊ ငါတို့ တရုတ်တန်းမှာ ရန်ဖြစ်သလိုမျိုး မဟုတ်ပူး။”

ထန်ရီက ခေါင်းညိတ်ပြသည်။ သူ၏ မျက်လုံးများက လမ်းမကြီးဘက်သို့ စူးစိုက်ကြည့်နေသည်။ ထိုနေရာတွင် စစ်ကောင်စီ၏ ကင်းလှည့်ကားများ ပုံမှန်ဖြတ်သန်းသွားလာနေသည်။

xxx xxx xxx

အချိန်ကျတော့မည်။ ဇံ-အင်ဒတ်စထရီမှ စမ်းသပ်ထုတ်လုပ်ထားသည့် နောက်ဆုံးပေါ် ကိုယ်ကျပ်ဝတ်စုံအနက်ကို အမရာ ဝတ်ဆင်ထားသည်။ ထိုဝတ်စုံက ဝတ်ဆင်သူ၏ လှုပ်ရှားမှုကိုလည်း လျင်မြန်ပေါ့ပါးစေသည်။ ကျောဘက်တွင်တော့ စမ်းသပ်ဆဲ အဆင့်သာရှိသေးသည့် ကျောပိုးဂျက်တစ်ခုကို တပ်ဆင်ထားသည်။ ရွှေဇံကလည်း အလားတူ ဝတ်စုံနှင့်ပင်။ သူက သူ့လက်ကောက်ဝတ်တွင် ပတ်ထားသော ခလုတ်ခုံလေးမှ ခလုတ်များကို နှိပ်၍ အလုပ်များနေသည်။

“ဒီဂျက်က တကယ်ပဲ အလုပ်ဖြစ်ပါ့မလား၊ ရှင်ကြီးရဲ့။ လက်ဘ်ထဲမှာ စမ်းတာနဲ့ တကယ့်တိုက်ပွဲက မတူဘူးနော်။”

အမရာက သူမကျောပေါ်က အလေးချိန်ကို သတိပြုမိဟန်ဖြင့် မေးလိုက်သည်။

ရွှေဇံက သူ့အလုပ်မှ ခေါင်းမဖော်ဘဲ ပြုံးလိုက်သည်။

“စိတ်ချစမ်းပါ အမရာရယ်။ ကိုယ့်နည်းပညာကို ကိုယ်ယုံတယ်။ ၉၀ ဒီဂရီ ကွေ့ချိုးကို အရှိန်မလျှော့ပဲ ကွေ့နိုင်တာ ဒီ နှစ်ခုပဲ ရှိတာ။”

“ကွေ့ရင်း တက်စ်ပိုင်းလော့ ခေါင်းမူးသွားတာကရော”

“ဒါက … အဲ သူက အရက်သောက်တာကိုး”

ချက်ကျ လက်ကျ ပြန်ထောက်သော အမရာ့ကို သူဘာမှ ပြန်မပြောနိုင်ပဲ ဖြစ်ရသည်၊ နောက်တော့မှ မနိုင်နိုင်အောင် ဟာသပြော၍ စကားလမ်းလွှဲလိုက်လေသည်။

xxx xxx xxx

ရုတ်တရက်ဆိုသလို ဂိုဒေါင်တစ်ခုမှ မီးတောက်များ ထတောက်လောင်ပြီးနောက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

“တက်”

မူတူး၏ အော်သံနှင့်အတူ လမ်းကြားထဲမှ လူအုပ်ကြီးသည် လမ်းမပေါ်သို့ တဟုန်ထိုး ပြေးထွက်သွားကြသည်။ ကင်းလှည့်စစ်ကားများက ချက်ချင်းရပ်တန့်သွားပြီး စစ်သားများက ကားပေါ်မှ ခုန်ဆင်းလာကြသည်။

“ဟေ့ကောင်တွေ ဘာဖြစ်တာလဲ။”

ထိုမေးခွန်းကို ဘယ်သူမှ မဖြေကြ၊ မူတူးနှင့် မိုးပျံတို့၏ လူများက စစ်သားများကို ဝင်ရောက်တိုက်ခိုက်တော့သည်။ သံတုတ်ရိုက်သံ၊ ဓားခုတ်သံ၊ အော်ဟစ်ဆဲဆိုသံများက ည၏ တိတ်ဆိတ်မှုကို ဆုတ်ဖြဲလိုက်သည်။

စစ်စခန်းများတွင် ဥသြဆွဲသံများ၊ ရေဒီယိုဖြင့် အမိန့်ပေးသံများဖြင့် တမဟုတ်ချင်း ဆူညံသွားတော့သည်။ ခြုံခို တိုက်ခိုက်ခံရသည်ဆိုသော နေရာများကို ချက်ချင်းပင် စစ်ကားများ ထွက်ခွာသွားကြသည်။

xxx xxx xxx

ဆိပ်ကမ်းမှ ပရမ်းပတာအသံများကို နောက်ခံထားလျက် ရွှေဇံနှင့် အမရာတို့သည် အအေးခန်းစက်ရုံဟောင်းကြီးဆီသို့ အရိပ်သဖွယ် ချဉ်းကပ်သွားကြသည်။ စက်ရုံအနီးသို့ ရောက်သောအခါ ရွှေဇံက လက်ထောင်၍ အချက်ပြလိုက်သည်။ သူ့အိတ်ထဲမှ မြေပုံစာရွက်ကို ထုတ်ကာ အမရာ့ကို ပြသည်။

“ဝင်ပေါက်မှာ နှစ်ယောက်၊ အပြင်မှာ ကင်းလှည့်နေတာက တယောက်၊ နောက်ဆုံးတယောက်က အမိုးပေါ်က ကင်းစင်မှာ။ အတွင်းထဲမှာ နှစ်ယောက်လောက် ထပ်ရှိလိမ့်မယ်။”

ရွှေဇံက တိုးတိုးလေး ပြောသည်။

အမရာက အမိုးပေါ်ရှိကို လက်ညှိုးထိုးပြသည်။

“အပေါ်ဆုံးကောင်က ကျမအတွက်။”

ရွှေဇံက ခေါင်းညိတ်သည်။

“ကျန်တဲ့ကောင်တွေလဲ မင်းအတွက်ပါပဲ”

အမရာသည် ကြောင်တကောင်၏ ပေါ့ပါးမှုဖြင့် စက်ရုံ၏ နံရံရှိ မီးသတ်လှေကားဆီသို့ ပြေးတက်သွားသည်။ သံချေးတက်နေသော လှေကားထစ်များက တကျွီကျွီ မြည်သံပင် မထွက်အောင် သူမ၏ လှုပ်ရှားမှုက ညင်သာလှသည်။ အမိုးစွန်းသို့ ရောက်သောအခါ သူမသည် သံတန်းကို လက်တစ်ဖက်ဖြင့်ဆွဲကာ ကိုယ်ကို လွှဲတင်လိုက်သည်။

အမိုးပေါ်မှ ကင်းသမားသည် ဆိပ်ကမ်းဘက်မှ ဆူညံသံများကို စိတ်မရှည်ဟန်ဖြင့် နားစွင့်နေသည်မို့ သူ့နောက်သို့ အရိပ်တစ်ခု ကပ်လာသည်ကို သူ သတိမထားမိလိုက်။ အမရာသည် သူ့နောက်သို့ရောက်သည်နှင့် တပြိုင်နက် လည်ပင်းကို လက်မောင်းဖြင့် တင်းတင်းညှပ်ကာ ပါးစပ်ကို လက်ဖြင့် အုပ်ပိတ်လိုက်သည်။ ကင်းသမား ရုန်းကန်ချိန်ပင် မရလိုက်၊ လည်ပင်းမှ ‘ဂွပ်’ ခနဲ အသံနှင့်အတူ သူ၏ ကိုယ်သည် ပျော့ခွေကျသွားသည်။ အမရာက အသက်ပျောက်သွားသည့် စစ်သားအလောင်းကို အသံမထွက်အောင် ညင်သာစွာ ကြမ်းပြင်ပေါ်သို့ ချထားလိုက်သည်။ ထို့နောက် ကင်းလှည့်နေသော စစ်သား အနောက်ဘက်ခြမ်းသို့ ရောက်လာအောင် စိတ်ရှည်ရှည် စောင့်ဆိုင်းနေလေသည်။

ကင်းသမားက စက်ရုံနောက်ရှိ ညောင်ပင်ကြီးအောက်တွင် စီးကရက်တစ်လိပ်ကို မီးညှိကာ စိမ်ပြေနပြေ ဖွာရှိုက်နေသည်။ အမရာက သစ်ပင်ပေါ်မှတဆင့် သူ့ခေါင်းပေါ်သို့ ခုန်ချလိုက်သည်။ သူမ၏ ဒူးက ထိုအစောင့်၏ ပခုံးကို တည့်တည့် ဖိကျသွားပြီး သူ လဲကျသွားသည်နှင့် လည်ပင်းကို လိမ်ချိုးလိုက်သည်။ ညင်သာသလို မြန်ဆန်သဖြင့် ထိုစစ်သားမှာ သူ့ဘဝ၏ နောက်ဆုံး စီးကရက်ကို ပြီးအောင် မသောက်ရသေးခင် ဇီဝိန်ချုပ်သွားတော့သည်။

ပင်မဝင်ပေါက်ရှိ အစောင့်နှစ်ယောက်မှာတော့ သူတို့၏ ရဲဘော်များ တိတ်တဆိတ် အသက်ပျောက်သွားကြသည်ကို မသိဘဲ ပျင်းရိစွာဖြင့် စကားစမြည် ပြောနေကြသည်။

“ဒီဆူနေတာတွေက ဘယ်တော့မှ ပြီးမှာလဲ မသိဘူး။”

“မကြာခင် ပြီးမှာပါကွာ။ အဘက ဒီည အပြတ်ရှင်းခိုင်းထားတယ်။”

သူတို့စကားမဆုံးခင်မှာပင် ရွှေဇံက ခပ်လုံးလုံး အရာတခုကို သူတို့ ရှေ့သို့ ပစ်ပေါက်လိုက်သည်။

“ဟ … ဘာကြီးလဲဟ”

ဘာမှန်း မသိနိုင်ခင် ပြင်းထန်သော အလင်းရောင်ကြီး ပေါ်လာပြီး ထို စစ်သား ၂ ဦးမှာ လက်ထဲက သေနတ်တွေကို ပစ်ချကာ ခေါင်းကို လက်နှင့် ကိုင်ထားကြလေသည်။

“အဲဒါ ဖလက်ရှ် ဘန်း လို့ ခေါ်တယ်”

ရွှေဇံက ခပ်အေးအေး ရှင်းပြနေချိန်မှာ အမရာက ထိုသူတို့ကို မပြန်လမ်းသို့ ပို့လိုက်ပြီးပြီ။ ရှင်းပြတာကို ဆုံးအောင် နားထောင်သွားရရဲ့လားတောင် မသိ။

နှစ်ယောက်သား ပင်မတံခါးကြီးဆီသို့ ချဉ်းကပ်သွားကြသည်။ ရွှေဇံက သူ၏ အိတ်ထဲမှ ပင့်ကူခြေထောက်များသဖွယ် ကိရိယာငယ်တစ်ခုကို ထုတ်ကာ သံချေးတက်နေသော သော့ခလောက်ကြီးပေါ်တွင် တပ်ဆင်လိုက်သည်။ ကိရိယာမှ တဂျစ်ဂျစ်အသံထွက်လာပြီးနောက် သော့ခလောက်သည် ‘ကလစ်’ ခနဲ ပွင့်သွားသည်။ ရွှေဇံက တံခါးကို အသာအယာ တွန်းဖွင့်လိုက်သည်။

အထဲတွင် အသားငါးများ ချိတ်ဆွဲထားသော သံချိတ်များက မျက်နှာကျက်မှ တွဲလောင်းကျနေသည်။ စက်ရုံအတွင်းပိုင်းသည် အလွန်အေးစက်ပြီး အသားညှီနံ့များက စူးရှစွာ ထောင်းနေသည်။ ရေစက်ကျသံများက တိတ်ဆိတ်နေသော အခန်းကျယ်ကြီးထဲတွင် ပဲ့တင်ထပ်နေသည်။

သူတို့ ခြေသံလုံလုံဖြင့် အတွင်းသို့ ဝင်လာကြသည်။ ရုတ်တရက် အမရာက လက်ပြ၍ ရွှေဇံကို အချက်ပြပြန်သည်။ ရှေ့မှ အသားချိတ်ထားသော နေရာမှ လူရိပ်နှစ်ခု လှုပ်ရှားသွားသည်ကို သူမ လှမ်းမြင်လိုက်ရသည်။

နှစ်ဦးလုံး အသားငါးတင်သည့် စင်များနှင့် စက်ပစ္စည်းများနောက်တွင် အလျင်အမြန် နေရာယူလိုက်ကြသည်။ ကင်းလှည့်နေသော အစောင့်နှစ်ယောက်က စကားပြောရင်း သူတို့ရှိရာဘက်သို့ လျှောက်လာနေသည်။

“အပြင်က အသံတွေ ကြားလိုက်သလိုပဲ။”

“မင်း နားကြားမှားတာ ဖြစ်မှာပါ။ ဆိပ်ကမ်းဘက်က ဆူပူသံတွေနဲ့ ရောကုန်တာနေမှာ။”

သူတို့နှစ်ယောက် အမရာ ပုန်းနေသည့် စင်အနားသို့ ရောက်လာချိန်တွင် အမရာသည် စင်ပေါ်မှ သံကြိုးတစ်ချောင်းကို ဆွဲယူကာ တစ်ယောက်၏ လည်ပင်းကို ရစ်ပတ်ပြီး နောက်သို့ဆွဲလိုက်သည်။ ထိုသူမှာ အသံပင်မထွက်နိုင်ဘဲ စင်များပေါ်သို့ လဲကျသွားသည်။ ကျန်တစ်ယောက်က လှည့်ကြည့်ပြီး သေနတ်ထုတ်ရန် ကြံလိုက်စဉ်မှာပင် ရွှေဇံက ပစ္စတိုငယ်တခုဖြင့် သူ့ကို ပစ်လိုက်လေသည်။

“ဒိုင်း”

“သူများ လုပ်ပေးမှာပေါ့၊ ကဲ … အခုတော့ အသံထွက်ပြီ။”

“ထားလိုက်တော့၊ လာ … မြေအောက်ခန်းကို ရှာကြမယ်။”

မြေအောက်ထပ်သို့ ဆင်းသည့် လှေကားကို သူတို့ ရှာတွေ့သောအခါ ခြေသံလုံနိုင်သမျှ လုံအောင် အသာအယာ နင်းဆင်းသွားကြသည်။ လှေကားအဆုံးတွင် သံမဏိတံခါးကြီးတစ်ခု။ ရွှေဇံက သူ့အိတ်ထဲမှ စက်ပစ္စည်းငယ်တစ်ခုကို ထုတ်ယူကာ သော့ပေါက်တွင် တပ်ဆင်လိုက်သည်။ တဂျစ်ဂျစ်မြည်သံနှင့်အတူ သော့ပွင့်သွားပြန်သည်။

တံခါးနောက်ကွယ်မှ မြင်ကွင်းကြောင့် သူတို့အားလုံး ခေတ္တမျှ မှင်တက်သွားကြသည်။ အကျဉ်းခန်းငယ်များထဲတွင် နိုင်ငံရေးခေါင်းဆောင်များမှာ မရွှင်မပျ ပုံစံများဖြင့်။ အန်တီကိုယ်တိုင်ပင် အကျဉ်းခန်းတစ်ခုထဲတွင် တည်တည်ငြိမ်ငြိမ် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

“အန်တီ”

အမရာက တိုးတိုးလေး ခေါ်လိုက်သည်။

အန်တီက သူတို့ကို မြင်သောအခါ အံ့အားသင့်သွားဟန်ရှိသော်လည်း ချက်ချင်းပင် အခြေအနေကို သဘောပေါက်လိုက်သည်။ အိန္ဒြေကို ချက်ချင်းဆည်လိုက်ပြီး အခြားအကျဉ်းသားများကို လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်သည်။

ရွှေဇံက အကျဉ်းခန်းများကို တခန်းပြီးတခန်း ဖွင့်ပေးနေစဉ် အမရာက လွတ်မြောက်လာသူများကို စုစည်းကာ လိုဏ်ခေါင်းပုံစံ ထွက်ပေါက်တစ်ခုဆီသို့ ညွှန်ပြသည်။

“မြန်မြန်သွားကြ၊ အချိန်မရှိဘူးရှင့်။”

နိုင်ငံရေးခေါင်းဆောင်များအားလုံးနီးပါး လိုဏ်ခေါင်းထဲသို့ ဝင်ရောက်သွားကြပြီးချိန်တွင် အပေါ်ထပ်မှ သေနတ်သံများ ပိုမိုကျယ်လောင်စွာ ကြားလာရသည်။ ထို့နောက် လှေကားထိပ်မှ ခြေသံများ တဘုန်းဘုန်းနှင့်။

“သူတို့ ရောက်လာပြီ။ အဲဒါ ရှင်ကြီး သေနတ်သံကြောင့်”

လှေကားဝတွင် မစ္စရှီနှင့် သူမ၏ နောက်လိုက်များ ပိတ်ရပ်နေကြသည်။ သူတို့၏ မျက်နှာများမှာ အေးစက်တည်ငြိမ်နေပြီး လက်ထဲမှ သေနတ်များက ရွှေဇံတို့ဘက်သို့ ချိန်ရွယ်ထားသည်။

ရွှေဇံတို့ နှစ်ယောက် စားပွဲ၊ ပရိဘောဂ အကာအကွယ်များ အောက်သို့ ဒိုက်ဗင်ပစ် ခုန်ဝင်လိုက်သည်မှာ အချိန်မီလေးပင်။ မစ္စရှီနှင့် သူ့နောက်လိုက်များက ရွှေဇံတို့ကို ရိုင်ဖယ်များနှင့် ပစ်ခတ်တော့သည်။ ရွှေဇံနှင့် အမရာတို့ကလဲ ပစ္စတိုနှင့် ပြန်ပစ်သည်။ လူအား မမျှ သဖြင့် ကျည်ဆန်များက သူတို့ အနားနားပျံဝဲသွားကြသည်။

“အမရာ … အတင့်မရဲနဲ့၊ သွားတော့။ သူတို့ကို ခေါ်သွား။”

ရွှေဇံက အော်ပြောလိုက်သည်။

“ဟင့်အင်း … ဒီ ခွေးတရုတ်မကို ကျမ လက်နဲ့ သတ်မယ်။”

“မရဘူး အမရာ၊ အဖေကြီး စီစဉ်လိမ့်မယ်။ ကိုယ့်ကို ယုံပါ”

ရွှေဇံက အတင်း အမရာကို ဖက်ပြီး ဝပ်နေတာမို့ အမရာ စိတ်ကို လျှော့လိုက်ရသည်။

အကျဉ်းသားများကလဲ အကုန် လွတ်မြောက်ပြီမို့ အမရာ တစုံတခုကို စိတ်ပိုင်း ဖြတ်လိုက်သည်။ သူမ လက်ပစ်ဗုံး ၂ လုံးကို ယူလိုက်ပြီး တလုံးကို လှိုဏ်ခေါင်းဝသို့၊ တလုံးကို အပေါ်စီးမှ ပစ်နေသူများထံသို့ ပစ်ပေါက်လိုက်သည်။

“မင်းဘာလုပ်တာလဲ”

အမရာက ရွှေဇံ့ကို ပြန်မဖြေ၊ သူမ၏ အပြုံးထဲတွင် ဝမ်းနည်းမှုရော၊ ခက်ထန်မှုပါ ရောယှက်နေသည်။ လှေခါးဝက မစ္စရှီက နောက်ကျွမ်းပစ်၍ အဝေးကို ရှောင်တိမ်းသွားသော်လည်း သူ့လူအချို့မှာ မရှောင်နိုင်။

‘ဝုန်း’

လိုဏ်ခေါင်းဝသည် ကျောက်တုံးကျောက်ခဲများဖြင့် ပိတ်ဆို့သွားသည်။ ထို့အတူ လှေခါးထိပ်ဝဘက် စက်ရုံအမိုးတွင်လဲ အပေါက်ကြီးတပေါက် ဖြစ်သွားသည်။ အမရာသည် မဆိုင်းမတွပင် သူမ၏ ကျောပိုးဂျက်ကို စက်ဖွင့်ပြီး အပြာရောင် မီးတောက်တစ်ခုနှင့်အတူ အမိုးရှိ အပေါက်မှတဆင့် အပြင်သို့ ထွက်ခွာသွားသည်။

ရွှေဇံလည်း သူ့ကျောပိုးဂျက်ကို အသုံးပြုရန် ပြင်လိုက်သည်။

“ဒိုင်း”

သို့သော် သူ ပျံမတက်နိုင်ခင်မှာပင် မစ္စရှီ၏ သေနတ်မှ ကျည်ဆန်တတောင့်က သူ့ကျောပိုးဂျက်ကို တည့်တည့်မှန်သွားသည်။ မီးပွားများ ထွက်လာပြီးနောက် ကျောပိုးဂျက်မှ မီးခိုးများ ထွက်လာကာ စက်သေသွားသည်။

အမရာက အပေါ်မှ လှည့်ကြည့်ရင်း “ရှင်ကြီး!” ဟု အော်လိုက်သော်လည်း သူမ လာပြန် မကယ်နိုင်တော့သည့် အခြေအနေ။ မစ္စရှီ၏ တပည့်များက ရွှေဇံ သူ့ကို ဝိုင်းထားလိုက်ကြသည်။ ရွှေဇံက မစ္စရှီကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် အောင်နိုင်သူ၏ အပြုံးတစ်ခု။

အားလုံးကို အံ့အားသင့်စေသည်မှာ မစ္စရှီသည် ရွှေဇံကို ဖမ်းဆီးရန် အားမထုတ်ပဲ သူမ၏ ကျောတွင် ဝှက်ထားသော အနက်ရောင် စစ်သုံး ကျောပိုးဂျက်ကို အသက်သွင်းကာ အမရာ၏ နောက်သို့ လိုက်ပါပျံသန်းသွားခြင်းပင် ဖြစ်သည်။ သူမ၏ မျက်နှာတွင် နှင်းဆီကို သတ်ခဲ့စဉ်ကအတိုင်း ရက်စက်သော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။

Post Views: 77
အပြာစာအုပ်

Post navigation

Previous Post: တခါတုန်းက ကုဋေကုဋာမှာ …(အခန်း ၁ – ၄)
Next Post: တခါတုန်းက ကုဋေကုဋာမှာ … အခန်(၉ – ဇာတ်သိမ်း)

Related Posts

ဆန့်ငင်ဆန့်ငင်ဖြင့် သူမ၏ကိုယ်ပေါ်သို့ စိုက်ကျသွားလေတော့သည် အပြာစာအုပ်
တဒဂၤေပ်ာ္ရႊင္ရာ အပြာစာအုပ်
တအားကုန်ဆောင့် တို့ကို လုံး၀ မညှာနဲ့ အပြာစာအုပ်
ဆန်းတဲ့ဖူးစာ (အပိုင်း ၁) အပြာစာအုပ်
သစ်တုံး အပြာစာအုပ်
စွဲနေပြီ – အပြာစာပေ အပြာစာအုပ်

လစဥ် တင်ထားသောစာအုပ်များ

  • July 2026
  • June 2026
  • December 2025
  • November 2025
  • October 2025
  • August 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • December 2024
  • October 2024
  • September 2024
  • August 2024

Categories

  • တစ်ပိုင်းထဲပြီး
  • မြန်မာစာတန်းထိုးဇာတ်ကားများ
  • သရဲစာအုပ်
  • အပြာစာအုပ်

Recent Posts

  • ဆရာမလေး
  • သူငယ်ချင်းကောင်း
  • သူ့လိုမိန်းမ
  • ထရံပေါက်က ကိုလူပျို
  • မြသွေးလေး မေ့မရတဲ့ကိုကို

Recent Comments

No comments to show.

Copyright © 2026 ApyarSite.

Powered by PressBook Grid Dark theme