အချိန်ကား အကာလ ညအခါ၊ နေရာကား ‘ပန်းရိုင်း ပန်းပဲနှင့် သံထည် ကုမ္ပဏီ’ ဟု ဆိုင်းဘုတ်တပ်ထားသော အဆောက်အဦ အပေါ်ထပ်။ စက်ရုံတွေချည်း ပြည့်နေသည့် ရပ်ကွက်တခုလုံး မှောင်မဲနေသော်လည်း ဒီအခန်းလေးမှာတော့ မီးတွေ ထိန်ထိန်လင်းနေသည်။ ထိုအခန်းထဲတွင် ပုံစံမတူသော လူ ၄ ယောက် စားပွဲဝိုင်းမှာ ထိုင်နေပြီး အကြောင်းအရာ တခုကို တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
“ရွှေယ် (ဘယ်သူလဲ)”
မိန်းကလေးသံနှင့် အတူ ဓားတစင်းက ပြတင်းပေါက်အပြင်ကို ပြေးထွက်သွားသည်။ လူသံလိုလို ခပ်သဲ့သဲ့ ကြားလိုက်ရသော်လည်း ၄ ဦးစလုံး ပြတင်းပေါက်ကို ပြေးလာကြည့်ချိန်မှာ အပြင်မှာ ဘယ်သူမှ မရှိ။
“စိတ်မပူပါနဲ့၊ ရှီထုံကျိ (ရဲဘော်ရှီ) ကျနော့်လူတွေ ပတ်လည်ချထားပါတယ်။”
အရပ်ပုပု လူက ပြောသည်။ ရှီထုံကျိဟု အခေါ်ခံရသူ ဇင်ပြာဝတ် မိန်းမငယ်က ဘာမှ ပြန်မပြော။
ခပ်တိုးတိုး ခဏမျှ ဆက်ဆွေးနွေးပြီး သူတို့ လူစုခွဲလိုက်ကြသည်။
xxx xxx xxx
အချိန်ကား သန်းခေါင်ကျော် အချိန်၊ နေရာကား ကုဋေကုဋာ ဘုရင်ခံချုပ် အိမ်တော်။ ဂျစ်ကား ၂ စင်းက ခပ်ကြမ်းကြမ်း မောင်းဝင်လာသည်။ အိမ်တော်ဂိတ် တံခါးစောင့်များက ဟန့်တားသည်ကို မမှုပဲ ဂိတ်တံခါးများကို တိုက်ပြီး ခပ်ကြမ်းကြမ်း မောင်းဝင်သွားကြသည်။
ဂိတ်မှ အစောင့် စစ်သည်များက ဂျစ်ကားများကို ပစ်ခတ်သဖြင့် အိမ်တော်အတွင်းရှိ မီးများ လင်းလာသည်။ အတန်ကြာအောင် အပြန်အလှန် ပစ်ခတ်သံများ ကြားနေရသည်။
xxx xxx xxx
ဘုရင်ခံချုပ် အိမ်အတွင်း ဂျစ်ကား ၂ စင်းဝင်သွားသည့်အချိန်နှင့် မရှေးမနှောင်းမှာပင် ကုဋေကုဋာ လွှတ်တော်အဆောက်အဦနှင့် အနီးတဝိုက်ကို ဂျစ်ကားများရောက်လာပြီး သေနတ်ကိုင်လူတစု တပ်စွဲထားလိုက်ကြသည်။ လွှတ်တော် အဆောက်အဦအနီးရှိ အိမ်ကြီး အိမ်ကောင်းများကို တအိမ်တက်ဆင်း ဝင်ရောက်စီးနင်းကြသည်။
အိမ်ကြီးအချို့တွင် ပြန်လည်ခုခံကြသည့် သေနတ်သံများကို ကြားရသည်မို့ လုံခြုံရေးမှူး ချယ်ရီတယောက် ပစ္စတိုကို ဟိုလ်စတာ (လွယ်ကြိုးအိမ်) ထဲမှ ထုတ်ကာ အပြင်သို့ ပြတင်းပေါက်မှ ချောင်းကြည့်မိသည်။ မြင်ရသည့် မြင်ကွင်းက မကောင်း၊ သူမရှိရာ အိမ်ကြီးဆီသို့ စစ်ဆင်ရေးတရပ်လို စနစ်တကျ နေရာယူဝန်းရံနေကြသည့် လက်နက်ကိုင်များ။ သက်ပြင်းကိုချကာ သေနတ်မောင်းတင်လိုက်ချိန်မှာ …
“သမီး … ရတယ်၊ မခုခံနဲ့တော့”
ကျက်မိပြီးသား အန်တီ့အသံကို သူမ ကြားလိုက်ရသည်။
xxx xxx xxx
အချိန်ကား မနက် ၂ နာရီ ၄၅ မိနစ်၊ နေရာကား လူကုံထံရပ်ကွက်အတွင်းရှိ ခြံကျယ်ကြီး။ ခြံဝက တံခါးပွင့်သွားသည်နှင့် ခြံ၏ အလယ်ဗဟိုမှာ ရှိသည့် နန်းတော်တမျှ ကြီးမားသည့် အိမ်ကြီးဆီသို့ ကားတစင်း အပြင်းမောင်းနှင် ဝင်ရောက်လာသည်။ ထို့နောက် အိမ်ရှေ့ ပေါ်တီကို တိုင်ကို ဝင်တိုက်မိမလိုဖြစ်ပြီး ကားက တဘက်ကို ဆွဲကာ ပန်းအိုးများကို ဝင်တိုက်သည်။ ထိုကားပေါ်မှ ဆင်းလာသူ၏ ပခုံးမှာ ဒဏ်ရာနှင့် အဝတ်အစားတွေက သွေးတွေ စိုရွှဲနေသည်။
ဒရီးဒယိုင်နှင့် အိမ်ထဲ အပြေးဝင်ကာ အပေါ်ထပ်ရှိ အခန်းတခုထဲကို သူ တန်းတန်းမတ်မတ်သွားပြီး အိပ်မောကျနေသောသူ၏ ပခုံးကို အသာလှုပ်နှိုးလိုက်သည်။ ထို့နောက် နားနားကပ်၍ တိုးတိုး ပြောသည်။
“အင်း … အန်တီရော”
“ပါသွားတယ်။”
ဒဏ်ရာနှင့်လူက တိုးတိုးပဲ ပြန်ဖြေသည်။ စကားအဆုံးမှာ နိုးလာသူက အိပ်ယာမှထ၍ အခန်းထဲမှာ တပ်ထားသော တယ်လီဖုန်းဆီကို လျှောက်သွားကာ ဖုန်းခွက်ကို မ လိုက်သည်။
အခန်း ၁
လွန်ခဲ့သော ၁၀ ရက်က …
ဇံဟိုတယ် ကပွဲခန်းမက ကုဋာကျွန်းမှာ အကြီးဆုံးနှင့် အခမ်းနားဆုံးဖြစ်သည်။ ပန်းကနုတ်များ၊ ကောနစ်တိုင်လုံးကြီးများမှ ရုပ်လုံး ရုပ်ကြွများမှာ ဗမာမှုဖြစ်သော်လည်း ခြယ်သထားသော အရောင်မှာ အနောက်တိုင်းဟန်စွက်ကာ ပြေပြစ်သည်။ မြင့်မားလှသော ခေါင်မိုး မျက်နှာကျက်မှ တွဲလောင်းဆွဲထားသည့် မီးဆိုင်းများမှာ အီတလီမှ အထူး အော်ဒါမှာယူကာ တပ်ဆင်ထားသည်မို့ ပြိုးပြိုးပြက်ပြက်နှင့် လင်းထိန်နေသည်။
တီးဝိုင်းက ဂန္တဝင်တီးလုံး တပုဒ်ကို စကားပြောလို့ ရရုံ ခပ်တိုးတိုး တီးမှုတ်နေကြသည်။ နှုတ်ခမ်းမွှေးစစနှင့် ရုပ်ရှင်မင်းသား ရှုံးလောက်အောင် ကိုယ်လုံးနှင့် ကွက်တိ တိုင်းချုပ်ထားသည့် ကုတ်အင်္ကျီနှင့် ဘောင်းဘီ မီးခိုးရောင် ဝမ်းဆက် ဝတ်ဆင်ထားသော လူတဦးက ဝီစကီခွက်ကို ဟန်ပါပါကိုင်ကာ ကပွဲခန်းမအနှံ့ လူတယောက်ချင်းစီကို လိုက်ကာ နှုတ်ဆက် ဧည့်ခံလျှက်ရှိသည်။
“ကွန်ဂရက်ကျူလေးရှင်း မစ္စတာ ဇံ”
“သိုင်းခ်ယူး မစ္စတာ ကာတာ … မဒမ်”
ဦးရွှေဇံက မစ္စတာ ကာတာနှင့် အတူပါလာသည့် မစ္စက် ကာတာ့ပါးကို နမ်းကာ နှုတ်ဆက်လိုက်သည်။ ပြီးမှ …
“နောက်မှ အလုပ်စကား ပြောတာပေါ့ မစ္စတာ ကာတာ၊ ခုများတော့ အန်ဂျွိုင်း (ပျော်) လိုက်ပါဦး။”
… ဟု နှုတ်ဆက်ကာ လှည့်ထွက်လိုက်သည်။ မစ္စတာ ကာတာနှင့် မစ္စက် ကာတာတို့က လက်ထဲက ဖန်ခွက်များကို မြှောက်ကိုင်ကာ နှုတ်ဆက်ရင်း ကျန်ခဲ့ကြသည်။ တနေရာ အရောက်မှာ လိမ္မော်ရောင် ညနေခင်း ဝတ်စုံကို သေသေသပ်သပ် ဝတ်ထားသည့် မိန်းကလေး တယောက်က ဦးရွှေဇံကို လက်ဆွဲကာ ခေါ်လိုက်ရင်း …
“ရှင့်ကို ကျမ ရှာနေတာ”
“အင်းလေ၊ ပြန်တော့မလို့လား။”
“မဟုတ်ဘူး၊ ဟိုမှာ … ၊ သူ့ကို ရှင်သိလား။”
မိန်းကလေး ညွှန်ပြသည့်ဘက်ကို ရွှေဇံ ချက်ချင်းမကြည့်၊ မိန်းကလေး၏ မျက်နှာကို စိုက်ကြည့်နေသည်။ အဝါနှင့် လိမ္မော်စပ် … မိတ်ကပ်ပါးပါးလေးပဲ ခြယ်သထားသည့် သူမမျက်နှာ၊ ကျော့ရှင်းသည့် လည်တိုင်နှင့် ပုလဲပုတီး၊ နောက် …
“ဟေ့ … ဟိုမှာဆို”
ရှက်ပြုံးလေးနှင့် လက်ကို ဆောင့်ဆွဲလိုက်မှ ကြည့်လိုက်မိတော့ သူနှင့် ရွယ်တူ လူငယ်တဦး၊ မဟုတ် … သူ့ထက်ပင် ငယ်ဦးမည်။ အကောင်းစား အနက်ရောင် ဝတ်စုံ ဝမ်းဆက် ကို ဝတ်ကာ ဆံပင်ကို အနောက်ကို သေသေသပ်သပ် လှန်ဖီးထားသည့် လူငယ်လေး။ သူ ပြန်မဖြေပဲ လိမ္မော်ရောင် မိန်းကလေးကို ထားခဲ့ကာ ထိုလူ့ထံကို လမ်းလျှောက်သွားသည်။
“ဟိုး … ကို ရွှေဇံ လောလှချည်လား။”
သူ့လမ်းကို ပိတ်ထားသည့် လူနှစ်ယောက် … တယောက်က ပန်းရိုင်းက ဦးတင့်မောင်၊ နောက်တယောက်ကတော့ ချီဖောင်ကို ပိပိပြားပြား ချပ်ချပ်ရပ်ရပ် ဝတ်ထားသည့် တရုတ်အမျိုးသမီး တယောက်။
“မစ်ရှတာ ဇံ၊ လက်မီးပီ စထရိတ် (ကျမ တည့်တည့်ပဲ ပြောမယ်)၊ ပလိရှ် ရီကော်စင်းထား အာဝါ ပရိုပိုးစယ်လ် (ကျေးဇူးပြုပြီး ကျမတို့ရဲ့ ကမ်းလှမ်းချက်ကို ပြန်စဉ်းစားပေးပါ)၊ အိုင် … ပရောမစ်ရှ် ယူး၊ ဝီလ်ပီ အန်းကျွိုင်း ဝါ့ကင် ဝိစ်အပ်ရှ် (ကျမ ကတိပေးတယ်၊ ရှင် ကျမတို့နဲ့ အလုပ်လုပ်ရတာ ကျေနပ်မှာပါ)”
“နိုး … မစ္စရှီ … ဝပ်ကင်းဝစ်ယူး (မင်းတို့နဲ့ အလုပ်လုပ်တာတော့) နိုး … ဘပ်တ် (ဒါပေမဲ့) … အန်ဂျွိုင်းရင်းယူး ဝတ်လ်ဒ်ဘီ အရက်စ် (မင်းကို သုံးဆောင်ရမယ်ဆိုရင်တော့ ရက်စ်ပါ)”
“ချောင်း (လိုး)”
တရုတ်အမျိုးသမီးက အသံအုပ်အုပ်နှင့် ဆဲသည်။ ဦးရွှေဇံက လက်ညိုး ၂ ချောင်းလုံးနှင့် ထိုး၍ …
“ယူးဂေါ့သပွိုင့် (မင်းနားလည်သားပဲ)”
… ဟု ပြန်ပြောကာ ခန်းမအတွင်းသို့ ဝင်လာနေသော အနက်ရောင်ဝတ် လူငယ်ဆီ အပြေးတပိုင်း ထွက်သွားသည်။
“ကိုမင်းရဲနိုင် … ကြွပါခင်ဗျာ၊ လာပြီး ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးပါ။ ဟိုဒင်း … အဖေကြီးကရော … ”
“ကျုပ် အဖေကြီး ကိုယ်စားလာတာဗျ။”
အဖေကြီး ကိုင်လေ့ရှိသည့် မီးခြစ်ကို မင်းရဲနိုင်က ထုတ်ပြသည်။ ဦးရွှေဇံက မီးခြစ်ကို ဦးညွတ် အရိုအသေပေးရင်း …
“ကောင်းပါပြီခင်ဗျာ၊ ညစာကိုလဲ ဟိုဘက်က စားသောက်ခန်းမမှာ စိတ်ကြိုက်သုံးဆောင်ပါ၊ သောက်စရာ အတွက်လဲ ကျနော် သေချာ မှာထားပြီးပါပြီ။ မပြန်ခင်မှာ အဖေကြီးအတွက် ကျနော် သေချာ ထုတ်ပိုးထားတဲ့ လက်ဆောင်လေးကို ယူသွားပေးပါဦးနော်။”
“ကောင်းပါပြီ။”
ကပွဲခန်းမထဲမှာ ဖျော်ဖြေပွဲက ခြိမ့်ခြိမ့်သဲသဲ တညလုံး …
ဖျော်ဖြေပွဲပြီးတော့ လိမ္မော်ရောင်မလေးကို ဦးရွှေဇံကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့သည်။ ဦးရွှေဇံမှာ တီထွင်သူ လုပ်ငန်းရှင်၊ လုပ်ငန်းတွေ အများအပြား ပိုင်ဆိုင်သည့် သူဌေးကလေးမို့သာ ဦးတပ်ခေါ်ရသည်၊ အသက် ၃၀ ပင် မပြည့်သေး။ နှုတ်ခမ်းမွှေးစစ၊ ဗလတောင့်တောင့်နှင့် နာမည်ကျော်မင်းသားနှင့် တော်တော်တူသည်။ ဥစ္စာပေါ၊ ရုပ်ချောမို့ ရေလာမြောင်းပေးလုပ်ချင်သူ ပျိုဖြူများ ဝိုင်းဝိုင်းလည်နေသူ။
“အိမ်က လမ်း ၅၀ ဘက်မှာနော် ဂရေ့စ်”
“ဟေ့ … ဒါ ဂရေ့စ်မဟုတ်ဘူး။ ပြီးတော့ သူများက ရွှေပုံ ငွေပုံ ရိပ်သာမှာ နေတာ။”
လိမ္မော်မလေး နှုတ်ခမ်းစူသွားသည်။ ကားက ဖို့ဒ်က ထုတ်သည့် မာစတန်း ပြိုင်ကားမို့ သွက်သွက်ကလေး ပြေးသည်။ ကားခန်း ကျဉ်းကျဉ်းလေးထဲမှာ ဦးရွှေဇံဆီက အကောင်းစား ရေမွှေးနံ့ အက်ရှရှ ပြေပြေကလေးကို သူမ သတိထားမိသည်။
“အင်းပါ … မင်းက ရို့စ် … ဟုတ်တယ် မဟုတ်လား။”
“ရှေ့မှာ ရပ်လိုက်၊ ကျမ ဆင်းမယ်။”
“အခု ဆိပ်ကမ်းနားမှာ အမိ၊ ဘတ်စ်ကားလဲ မရှိဘူး … ဘယ်လို ပြန်မှာလဲ။”
“လမ်းလျှောက်ပြန်မယ်၊ အခုရပ်”
ပြောပြောဆိုဆို ကား ဟန်းဘရိတ်ကို သူမ ကိုင်သည်။ ဦးရွှေဇံ၏ လက်တဘက်က သူမလက်ပေါ် အုပ်ကိုင်သည်။
“ဒီနားမှာ ညဘက်ကြီး မိန်းကလေး တယောက်တည်း လမ်းလျှောက်လို့ အဆင်မပြေဘူးလေ။”
“ပြေပြေ မပြေပြေ၊ ရှင်ရပ်နော်။”
“အင်းပါ အင်းပါ၊ အမရာ … ကိုယ် စ တာပါ။”
“…”
“အမရာ … ”
ခေါ်ပေမဲ့ မထူး၊ စူပုတ်လို့သာ နေသည်။ ခဏကြာတော့ ကားရပ်သွားသည်။
“ဘာလုပ်ဖို့ ရပ်တာလဲ။”
“ရွှေပုံ ငွေပုံ ရောက်ပြီလေ၊ ပြော ဘယ်အိမ်လဲ။”
သူမ ညွှန်သလို သူ မောင်းသည်။ ခဏလေးနှင့် သစ်ကြီးဝါးကြီးနှင့် ခိုင်ခိုင်ခန့်ခန့် ဆောက်ထားသည့် အိမ်ကလေးရှေ့ကို ရောက်လာသည်။ ဦးရွှေဇံက အောက်ဆင်းပြီး သူမကို တံခါးဖွင့်ပေးသည်။
အိမ်တံခါးဝရှေ့ သူမ သော့ရှာနေစဉ် ဦးရွှေဇံ သူမကို နောက်က သိုင်းဖက်လိုက်သည်။ အတွေ့အကြုံမရှိသော လိမ္မော်မလေး အဖိုဓာတ်ကြောင့် တကိုယ်လုံး ကြက်သီးတွေပါ ထသည်ကို ဦးရွှေဇံ သိလိုက်သည်။ နှုတ်ခမ်းမွှေးစ စူးစူးက ပါးကို ထိုးပြီး အနမ်းတပွင့် ခြွေသည်မို့ သူမ သော့လွတ်ကျကာ ဇက်ကလေး ပုဝင်သွားသည်။ အနမ်းက တပွင့်နှင့် မရပ်၊ နှစ်ပွင့် … သူ့နှုတ်ခမ်းက အရက်နံ့၊ ပြီးတော့ သုံးပွင့်မြောက် အနမ်း။
‘…’ “အားးး” ‘ဖြန်း’
ခြေခုံမှာ စူးကနဲမို့ ဦးရွှေဇံ အားကနဲ အော်သည်။ ဘယ်က ရလာမှန်းမသိသည့် စွမ်းအင်တွေနှင့် လိမ္မော်မလေးက သူ့ခြေခုံကို ဒေါက်ဖိနပ်နှင့် ဖိနင်းလိုက်ခြင်း။ ဘာဖြစ်သွားမှန်း ဦးရွှေဇံ သေချာမသိသေးခင်မှာပင် ပါးတဘက်ပါ မီးပွင့်သွားပြီး ရင်ဘတ်ကို ဆောင့်တွန်းခံရသည်မို့ ယက်ကန်ယက်ကန်နှင့် နောက်ကို သုံးလှမ်းလောက် ဆုတ်သွားရသည်။
“ရှင် ပြန်တော့”
“ကိုယ်ကို အိမ်ထဲ မခေါ်တော့ဘူးလား ရို့စ် …. ဆောရီး အမရာ”
“ဟွန့်”
လိမ္မော်မလေး မျက်နှာ မဲ့သွားပြီး အိမ်တံခါးကို ဖွင့်၊ အိမ်ထဲဝင်ပြီး ဂျိမ်းကနဲ အသံမြည်အောင် ဆောင့်ပိတ်လိုက်သည်။
“ပြန်တော့ … ”
“…”
ဦးရွှေဇံ ကားထဲဝင်ပြီး စက်ပြန်နှိုးတော့ အိမ်ထဲက အသံချိုချိုလေး ထွက်လာသည်။
“ထပ်သောက်မနေနဲ့ဦး။ အိမ်ပြန်ရောက်ရင် ဖုန်းဆက်ဦး။”
“…”
‘ဝူးးးး’
တညလုံး မအိပ်ပဲ ငုတ်တုတ် ထိုင်စောင့်သော်လည်း ထိုညက လိမ္မော်မလေးဆီ ဖုန်းတကောလ်မှ မဝင်ပါ။
အခန်း ၂
နှိုးစက်က ကလင် ကလင် မြည်သံကြောင့် ရွှေဇံနိုးလာသည်။ နာရီကို ကြည့်တော့ ၉ နာရီတောင် ကျော်နေပြီ။ ကမန်းကတန်းနှင့် စွပ်ကျယ်ကို ကောက်စွပ်ရင်း မျက်နှာသစ် သွားတိုက်သည်။ တွေ့ကရာ ရှပ်အင်္ကျီနှင့် စတိုင်ပန်ကို အမြန်ဝတ်၊ အပြေးထွက်သည်။ ဒီနေ့ သူတီထွင် ထုတ်လုပ်ထားသော Fusion-Tech ကို တရားဝင် အရောင်းအဝယ်လုပ်မည့်နေ့ … နောက်ကျနေလို့ မကောင်း၊ အိမ်ပြင်ရောက်တော့ အပါးတော်မြဲ ဂျာရစ်က ကားစက်နှိုးပြီး အသင့်စောင့်နေသည်။
ဘန်တလေ ကားရှည်ကြီး၏ နောက်ခန်းမှာ တက်ထိုင်လိုက်တော့ ဂျာရစ်က အမြန်မောင်းထွက်သည်။ မိန်းကလေးကိစ္စ ရှုပ်ထွေးတတ်သော်လည်း အလုပ်ကိစ္စတွေမှာ ရွှေဇံ တိကျသည်၊ တပါတ်လုံးစာ အချိန်းအချက် အချိန်စာရင်းကို ဂျာရစ်ကို အမြဲကြိုပေးထားနေကျမို့ နောက်ကျနေတာကို ဂျာရစ်သိသည်။ တကယ်တော့ ဒီနေ့က လက်မှတ်ထိုးရုံသာ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကုဋေကုဋာ ကျွန်းစုများဆိုင်ရာ အမေရိကန် ကောင်စစ်ဝန်ကြီး မစ္စတာ ကာတာနှင့်က ပုဂ္ဂိုလ်ရေး ရင်းနှီးသလို အရောင်းအဝယ် စာချုပ်စာတမ်းပါ အချက်အလက်များအားလုံးကို ကြိုတင်ဆွေးနွေးခဲ့ပြီးသား။
ရွှေဇံ ပြုံးသည်။ ဒီနေ့ဟာ သမိုင်းဝင် နေ့ရက် … ဇံ နည်းပညာ လုပ်ငန်းစုများက ပြိုင်ဘက် ပန်းရိုင်း အုပ်စုကို အလဲထိုးနိုင်ခဲ့တဲ့နေ့၊ တကယ်တော့လဲ ပန်းပဲလုပ်ငန်းကနေ စပြီး လက်နက်ငယ်နှင့် အဆင့်မြင့် လက်နက်တွေကို ထုတ်လုပ်နိုင်သည်အထိ လက်စောင်းထက်သည့် ပန်းရိုင်း အုပ်စုကို သူလွယ်လွယ်နဲ့ နိုင်ခဲ့တာတော့ မဟုတ်။ အမှိုက်တို အမှိုက်စနှင့် ရေထည့်ရုံဖြင့် အန်နာဂျီ စွမ်းအင် အများအပြား ထွက်နိုင်သော Fusion-Tech စက်ကလေးများ ကို သူတီထွင်နိုင်ခဲ့လို့သာ ပန်းရိုင်းတို့ အုပ်စု ပြတ်ကျန်ခဲ့တာ ဖြစ်သည်။ လက်နက်ငယ်ဒီဇိုင်းမှာတော့ ပန်းရိုင်းက ရိုင်ဖယ်များက ဇံ တံဆိပ်ရိုင်ဖယ်တွေထက် အများကြီးသေးပြီး အများကြီး ပိုစွမ်းသည်။
တကယ်တော့ ဒီနေ့ဟာ ဇံ အုပ်စုနဲ့ ပန်းရိုင်း အုပ်စု အနိုင်အရှုံး ဆုံးဖြတ်ချက်ချတဲ့နေ့သာမက ကမ္ဘာ့သမိုင်းပါ အပြောင်းအလဲ ဖြစ်မဲ့နေ့ပဲ။ Fusion-Tech က အိမ်သုံး၊ လုပ်ငန်းသုံး၊ အရပ်သုံးအပြင် စစ်ရေးမှပါ အသုံးတည့်တာမို့ ဒီနည်းပညာကို ပိုင်ဆိုင်တဲ့ နိုင်ငံက နေ့ချင်းညချင်း စူပါပါဝါ ဖြစ်သွားနိုင်သည်။ ဒါကြောင့်လဲ နိုင်ငံကြီးများက သူ့ကို ကမ်းလှမ်းခဲ့ကြတာ။
“ရောက်ပြီ … ဘော့စ်”
အတွေးစထဲ နစ်မျောနေလို့ ဇံ နည်းပညာ လုပ်ငန်းစု ရုံးချုပ်ကို ရောက်လို့ ရောက်မှန်း မသိခဲ့။ ဂျာရစ်က ကားတံခါး ဆင်းဖွင့်ပေးသည်။ ချိန်းထားသည့် အချိန် အတိအကျပဲ။ ကားပေါ်ကအဆင်း မျက်လုံးထောင့်မှာ လူရိပ်တခု။ လိမ္မော်မလေး … သူ့နာမည် ဘယ်သူပါလိမ့်၊ မေရီ မဟုတ်ဘူး၊ ဂရေ့စ် … ဟင့်အင်း၊ သူ့ဆီကို တန်းတန်းမတ်မတ် ခပ်သုတ်သုတ် လျှောက်လာနေသည်။
“လာ … ကျမနဲ့ လိုက်ခဲ့”
ပန်ဆယ်လ်စကပ်ခေါ် ခြေသလုံးလောက်ရှိမည့် စကပ်တိုတိုနှင့် အင်္ကျီ လိမ္မော်ရောင် ဝတ်ထားသည့် မိန်းကလေးက သူ့လက်မောင်းကို ဆွဲပြီး ခေါ်တော့ သူ ပြုံးမိသည်။ အရေးကြီးကိစ္စ ရှိသည့်နေ့သာ မဟုတ်လျှင် ဂျာရစ်ကို အစီအစဉ်တွေ အကုန်ဖျက်ခိုင်းပြီး လိုက်သွားမိမှာ၊ အခုတော့ …
“နေဦး … ရိုစီ … ဆောရီး၊ အမရာ … ဒီမှာ ခဏစောင့်၊ ကိုယ် ချက်ချင်း ပြန်ဆင်းလာခဲ့မယ်။”
လက်ကို အသာဆွဲယူပြီး ရုံးဆင်ဝင်အောက် အရိပ်ထဲကို ဆွဲခေါ်ကာ စကားပြောဖို့ ကြိုးစားသည်။ ဂျာရစ်ကို ကြည့်တော့ ကားမောင်းထွက်သွားပြီ။ ကားရပ်ပြီးမှ သူလာလိမ့်မည်။
“ဒီမှာ … ကိုယ့် စက္ကထရီ လာရင် သူ့ကို ပြောလိုက်၊ ကိုယ့်ရုံးခန်းကို ဖွင့်ပေးလို့။ အဲဒီမှာ ထိုင်စောင့်နော်”
ဂျာရစ်က ဒါတွေ နားလည်ပြီးသား၊ မှာစရာ အထွေအထူးမလိုတာမို့ ပြောပြီး သူ အပြေးတပိုင်း ဧည့်ခန်းမဆောင်ကို ဖြတ်လျှောက်တော့ လိမ္မော်မလေးက ဘေးက ကပ်ပါလာသည်။ ကိုယ်ကြပ်ဘလောက်စ် လိမ္မော်ရောင်က လည်ပင်းအတော်ဟိုက်သည်၊ စကပ်က စစ်စိမ်းရောင်နဲ့ သိပ်မမြင့်လွန်းသည့် လိမ္မော်ရောင် ဒေါက်ဖိနပ်က သူမရဲ့ ကိုယ်လုံးကို လှသည်ထက် လှနေအောင် ပံ့ပိုးပေးနေသည်။
“ဟေ့ … ရှေ့ကြည့်လျှောက်”
လည်ပင်းပေါက်ကို လက်နဲ့ ဖိရင်း လိမ္မော်မလေးက ပြောသည်။
xxx xxx xxx
ဒီအိမ်နေရာကို အဖေကြီးရယ်၊ မင်းရဲနိုင်ရယ်၊ နှင်းဆီရယ်နဲ့ အမာခံ တပ်မှူးအချို့မှလွဲ၍ မည်သူမျှ မသိကြ။ ကုဋေကုဋာမှာ အဖေကြီးတို့ အသုံးပြုသည့် ဆေ့ဖ်ဟောက်စ် ပုန်းအိမ်တွေအများကြီးထဲက တလုံး။ အရေးပေါ် အခြေအနေကြုံလျှင် ဒီလို အိမ်တလုံးကနေ အဖေကြီးက အခြား ပုန်းအိမ်တွေကို တယ်လီဖုန်းနှင့် ဆက်သွယ် ညွှန်ကြားသည်။ ပုန်းအိမ်တွေထဲက တပ်မှူးတွေက အဖေကြီး ညွှန်ကြားသည့်အတိုင်း လုပ်ကြရသည်။
ပခုံးမှာ ပတ်တီး အဖွေးသားနှင့် သွေးဆုတ်ဖြူလျော်နေသောသူမှာ နှင်းဆီ ဖြစ်သည်။ နှင်းဆီမှာ နာမည်နှင့် လိုက်အောင် အရပ် ထောင်ထောင်မောင်းမောင်းနှင့် ဂျပန်မင်းသားလို ချောသည့်အပြင် အတိုက်အခိုက် အသတ်အပုတ်လဲ သူမတူအောင် ကျွမ်းကျင်သည်၊ ဆူးတွေ အပြည့်နှင့် လူပဲ။ သွေးထွက်များထားသည်မို့ သူသိပ်မလှုပ်ရှားနိုင်တာတောင် ဖုန်းကို နားထောင်ပြီး ညွှန်ကြားချက်ပေးနေသေးသည်။
ဖုန်းခွက်ကို ချကာ အဖေကြီးအနားကို နှင်းဆီ ပြန်ရောက်လာသည်။
“ထိုင် … နှင်းဆီ”
နှင်းဆီ အဖေကြီးထိုင်နေသည့် ဆိုဖာခုံဘေးက ဆိုဖာခုံမှာ ဝင်ထိုင်သည်။
“ဖက်တီး သေပြီ”
“ဘယ်လိုဖြစ်တာလဲ”
“ညက တရုတ်တန်းမှာ အသစ်ကလေးတွေ့လို့ သူ့တပည့်တွေ ပြန်လွှတ်ပြီး အိမ်ခေါ်သွားတယ်တဲ့၊ ဒီမနက် သူ့တပည့်တွေ သွားရှာတော့ လည်ပင်းပြတ်ပြီး အိပ်ရာထဲမှာ သေနေတာတဲ့”
သြော် … ဒါကြောင့် တညလုံး ခေါ်မရတာကိုး။
“ကျန်တဲ့ နှစ်ယောက်ရော”
“အဆက်အသွယ်ရတယ်၊ ဂျင်ကလိက မူတူးတို့ကို စီးထားပြီးပြီတဲ့။ မိုးပျံကတော့ ဘာမှ မလှုပ်ရှားရပေမဲ့ လူစုပြီး အသင့်ပဲတဲ့”
“အေး … ကောင်းတယ်”
“ခု … ကျနော်တို့ ဘာလုပ်ကြမလဲ အဖေကြီး”
“နေဦး၊ အခု ဖက်တီး တပည့်တွေက ဘယ်မှာလဲ။”
“တရုတ်တန်းမှာ ဝင်ရိုက်နေကြတယ်တဲ့။”
“ခက်တာပဲ၊ ဘယ်သူ ခေါင်းဆောင်လဲ။”
“ဖိုးဝ”
“မင်းရဲနိုင် … ”
အဖေကြီး မျက်ရိပ်ပြလိုက်တော့ မင်းရဲနိုင် တရုတ်တန်းကို ချက်ချင်း ထွက်သွားသည်။
“ခု … ကျနော်တို့ ဘာလုပ်ကြမလဲ အဖေကြီး”
နှင်းဆီရဲ့ ဒုတိယအကြိမ်အမေးကို အဖေကြီးက လက်ကာပြလိုက်ပြီး …
“အခုတော့ မောင်ရင် အိပ်ယာထဲမှာ လှဲပြီး အနားယူဖို့ လိုမယ်၊ ဒါ အမိန့်ပဲ။”
xxx xxx xxx
သူ့ရုံးခန်းထဲမှာ Fusion-Tech ရဲ့ တခုတည်းသော ပရိုတိုတိုက်ပ်ကို ယူကာ သူ့အိပ်ထောင်ထဲ ထည့်လိုက်သည်။ Fusion-Tech က ဝတ္ထုစာအုပ် ၃ အုပ်လောက် ထပ်ထားတာလောက်ပင် မကြီး၊ ခပ်သေးသေးပင်ဖြစ်သည်။ Fusion-Tech နှင့် အားဖြည့်ရသည့် လောင်စာတောင့်များကို အသုံးပြုသည့် နမူနာ လက်နက်ငယ်များကတော့ အစည်းအဝေးပြီးလျှင် လက်ဆောင်အဖြစ် ပေးလိုက်ဖို့ ရုံးအောက်က ကုန်တင်ကား ၂ စင်းထဲမှာ ညကတည်းက တင်ထားပြီးသား။
“ကဲ … အမရာ … ဒီမှာ ထိုင်စောင့်နေနော်”
ခေါင်းလဲ မငြိမ့်၊ ခေါင်းလဲ မခါ၊ ထိုင်လဲ မထိုင်သည့် လိမ္မော်မလေးကို သူထားခဲ့ပြီး အစည်းအဝေး ခန်းမဘက်ကို ထွက်ခဲ့သည်။ ခြေသံကြားလို့ လှမ်းကြည့်တော့ လိမ္မော်မလေးက ခပ်လှမ်းလှမ်းမှ လိုက်လာသည်။ အစည်းအဝေးခန်းမထဲ ဝင်ဖို့ ကော်ရစ်ဒါတဆစ်ချိုးနားမှာ လူတွေ ရုံးစုရုံးစု … ကပ္ပလီ စစ်သားတွေလားမသိ၊ စစ်ဝတ်စုံတွေနှင့်။ အစည်းအဝေးခန်းထဲကို လှမ်းကြည့်တော့ မစ္စတာ ကာတာတို့တတွေ လူစုံတက်စုံ စောင့်နေကြပြီ။ ခါတိုင်းတွေ့နေကျတုန်းက စစ်သားတွေ ခေါ်ခေါ်မလာပါဘူး။
“လာဆို”
ပခုံးကို ဆောင့်ဆွဲပြီး ဘယ်လို ကိုင်ပေါက်လိုက်သည်မသိ … လိမ္မော်မလေးကို သူ ဖက်လျက်သား လဲကျသွားသည်။ ထိုအချိန်မှာပင် ကပ္ပလီတွေက အစည်းအဝေးခန်းထဲ ဝင်ပစ်သည်။ သေနတ်သံ တဒိုင်းဒိုင်း တဒက်ဒက်ကြားမှာ လိမ္မော်မလေး ပြောတာ သူမကြား၊ သူ လူးလဲ ထဖို့ ကြိုးစားတော့ အတင်းပြန်ဆွဲထားသည်။ မစ္စတာ ကာတာတို့ ကောင်စစ်ဝန်ထမ်းတွေရော သူ့ဝန်ထမ်းတွေရော သေနတ်မှန်ကြတာ တွေ့သည်။
သူ့လက်ကို ဆွဲပြီး ရုံးအောက်ထပ်ကို လိမ္မော်မလေး ပြေးဆင်းသည်။ မျက်လုံးထောင့်မှာ ပန်းရိုင်းအုပ်စုက တင့်မောင်။ မဖြစ်သေး၊ ဒီကောင် ရုံးထဲ ဘာလာလုပ်တာလဲ။ စောစောက ကပ္ပလီတွေက ဘယ်သူလဲ။ တင့်မောင် လက်ထဲမှာ ဆီမီး အော်တို သေနတ်ငယ်တလက်။
‘ဒိုင်း’ ‘ဒိုင်း’ ‘ဒိုင်း’
သေနတ်သံနှင့်အတူ သူ့အနားက နံရံတွေ ဖြာထွက်ကုန်သည်။ လိမ္မော်မလေးလက်ထဲမှာလဲ ပြောင်းတို သေနတ်တလက်။ သူမ ပြန်ပစ်သည်။
‘ဒိုင်း’ ‘ဒိုင်း’
“ပြေး … ပြေး ၊ ရှင် ဘာကြောင်ကြည့်နေတာလဲ။”
ပြောကာမှ ရွှေဇံ သတိ ဝင်လာပြီး လှေခါးက ပြေးဆင်းသည်။ ပြန်ခုခံတာကြောင့်မို့လား၊ ဘာကြောင့်မှန်းမသိ။ တင့်မောင်တို့ သူ့နောက်ကို လိုက်မလာ။ ရုံးနောက်ဘက်ကို လှမ်းကြည့်တော့ ကုန်တင်ကားကြီးတွေနားမှာ ကပ္ပလီတွေ။ တစင်းကို စက်နှိုးပြီး မောင်းထွက်တာ မြင်လိုက်ရသည်။
“လာ မြန်မြန် လာ … ”
လိမ္မော်မလေးက ဘေးတံခါးပေါက်ဘက်ကို သူ့ကို ဆွဲပြီး ပြေးသည်။ ပြတင်းပေါက်များမှ မြင်နေရတာက ဂျာရစ်မောင်းလာသော ကား … ဘေးတံခါးပေါက်နားကို မောင်းလာတာ။ အပေါ်က သူ့ရုံးနားမှာ တင့်မောင်ရှိနေတာ တွေးမိရင်း သူတခု သတိရသည်။ ဒါကြောင့် လိမ္မော်မလေး၏ လက်က အတင်းရုန်းကာ ဘေးဘက်ရှိ အခန်းတခုထဲကို ဝင်သည်။ အခန်းထဲမှာ တယ်လီဖုန်း အော်ပရေတာ စက်ခလုတ်လိုမျိုး ခလုတ်ခုံအဟောင်း တခု။ ဝါယာကြိုးတွေ တချို့ တပ်လျက်၊ တချို့ကြိုးတွေက အနီးအနားမှာပဲ ပြန့်ကျဲနေသည်။
“ရှင် … ဒါ တယ်လီဖုန်း ဆက်ဖို့ အချိန်မဟုတ်ဘူး”
“ဒါ တယ်လီဖုန်း မဟုတ်ဘူး။”
သူ ဘီ ဆိုသည့် အပေါက်နှင့် ဇက် ဆိုသည့် အပေါက်ကို ဝါယာကြိုးတချောင်းနှင့် ဆက်လိုက်ရင်း ပြန်ဖြေသည်။ ပြီးတော့ အောက်ဘက်က ကြိုးတခုကို နံပါတ် ၃ အပေါက်ထဲသို့ ထိုးသွင်းလိုက်သည်။
“ရပြီ”
xxx xxx xxx
ဦးရွှေဇံနှင့် အမရာတို့ ဂျာရစ်မောင်းသည့် ကားနှင့် အမြန်ထွက်သွားပြီး နောက် ၃ မိနစ်အကြာမှာ ဦးတင့်မောင်တယောက် ဦးရွှေဇံ၏ အလုပ်ခန်းတဖြစ်လဲ ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ လုပ်ငန်း လျို့ဝှက်ချက်နှင့် နည်းပညာများကို ခိုးယူဖို့ ဖြစ်သည်။ သို့သော် … အလာကောင်းသော်လည်း အခါနှောင်းခဲ့ချေပြီ၊ ရုံးခန်းထဲမှ မီးခံသေတ္တာ အားလုံးနှင့် စာရွက်စာတမ်းများရှိရာ အံဆွဲများအားလုံး မီးတောက်လောင်နေတာသာ တွေ့ရတော့သည်။
အခန်း ၃
သူနှင့်အတူ တစားပွဲတည်း ထိုင်နေသူတွေကို မင်းရဲနိုင် ကြည့်လိုက်သည်။ ဘယ်မှညာမှာ မူတူး၊ မူတူးဘေးမှာက သူမသိသော တရုတ် ကလေး ၂ ယောက်နှင့် ဖိုးဝ၊ ပြီးတော့ ခုံလွတ် ၃ လုံး၊ ပြီးတော့ ဆွာမိ ခေါ် ကုလားလေးနှင့် နောက်ခုံလွတ် ၁ လုံး။ ညာဘက်ဆုံးမှာက ဂျင်ကလိ ဘညို။
ပထမဆုံး မူတူးက စကား စပြောသည်၊ သူ့မျက်နှာက ဒေါသနှင့် နဖူးကြောတွေပါ ထောင်နေသည်။
“ကျနော်တို့ အတူတူ အေးအေးချမ်းချမ်း နေလာတာ နှစ်ပေါင်းများပြီလေ။ ကိုဘညိုက ဘာဖြစ်လို့ အရမ်းမဲ့ စော်ကားရတုန်း။ ကျနော်တို့ အားနည်းပါတယ်၊ ဒါပေမဲ့ ငြိမ်ခံမနေနိုင် … ”
မင်းရဲနိုင်က အတင်းလက်ကာပြကာ စကား ဖြတ်ပြောသည်။
“အဖေကြီးက လုံးဝ စိတ်မကောင်း ဝမ်းနည်းရပါတယ်လို့ ပြောခိုင်းလိုက်တယ်၊ ပြီးတော့ … ”
“ငြိမ်ခံမနေနိုင်ဘူး၊ သိက္ခာကို ထိ … ”
မင်းရဲနိုင်က မရမက ဖြတ်ပြောသည်။
“ပြီးတော့ ကိုမူတူးတို့ကို တရုတ်တန်းက လမ်းတချို့နဲ့ အာမက်တို့ ပိုင်တဲ့ နယ်တွေကိုပါ စောင့်ရှောက်ပေးဖို့ အဖေကြီးက မှာလိုက်တယ်။”
“ဒါပဲလား။”
မူတူး၏ မျက်နှာ အနည်းငယ် ပြောင်းသွားသည်၊ ဒါပေမဲ့ တင်းမာနေတုန်း။ မင်းရဲနိုင်က အင်္ကျီအိတ်ထဲမှ ငွေစက္ကူတထပ်ကို ထုတ်ပြီး မူတူးဘက်ကို တိုးပေးလိုက်သည်။
“ထိမိခိုက်မိတဲ့ မူတူးတို့ လူတွေနဲ့ မိသားစုတွေကို အဖေကြီးက ကူညီထောက်ပံ့တာပါ။ တခုတော့ ရှိတယ်၊ အခု လက်ရှိမှာ ဘာဖြစ်မလဲ မသိနိုင်သေးတာမို့ အဖေကြီးက မိတ်ဆွေအဖြစ်ကနေ မပြောင်းစေချင်ဘူးတဲ့။”
“…”
အင်တင်တင် လုပ်နေသော မူတူးနောက်မှာ ရပ်နေသော ဘညို၏ တပည့်နှစ်ယောက်က လှုပ်လှုပ်ရွရွ လုပ်သည်။
“ဘညို … မင်းတပည့်တွေ ထွက်သွားခိုင်းလိုက်ကွာ။”
စကားအဆုံးမှာ စားပွဲဝိုင်းကို ဝိုင်းရပ်နေကြသော လူအတော်များများ ထွက်သွားသည်။
“မူတူး … မင်းအဖြေက ဘာလဲ။”
‘ထောက်’ ‘ထောက်’
မေးပြီး မင်းရဲနိုင် အဖေကြီး၏ မီးခြစ်ကို ထုတ်ကာ ဆော့နေသည်။ မူတူးက မီးခြစ်ကို ဆလံပေးသည်။
“နေပါဦး … မင်းတို့ နှစ်ကောင်က ဘာလဲ။”
“ငါက ထန်ပေါ် … တူက ငါ့ညီ ထန်ရီ၊ … ငါတို့ သာကောက တရုတ်နီနဲ့ ပေါင်းပီး အဖေကြီးကို အာခံမလို့လုပ်တာ။ အဲတာ လာပြောတာ။”
သာကော (အစ်ကိုကြီး) ဆိုတာ သူတို့လမ်းထဲက ခေါင်းဆောင် (အကိုအရင်းမဟုတ်)။
“မင်းတို့ အကြီးရော … ”
“ရှောင်းလုံ (နဂါးလေး) လဲ တရုတ်နီပဲ”
“မင်းတို့ လူ ဘယ်လောက်ရှိလဲ။”
“သိပ်မစိဘူး၊ တုံး လေးဆယ်ပဲ။ တူတို့က များတယ်။”
“ရတယ်၊ ကိစ္စမရှိဘူး။ အခု ငါတို့ အမြင်မှာ မင်း … ဘယ်သူ … ထန်ပေါ်က တရုတ်တန်းရဲ့ ကိုယ်စားလှယ်ပဲ။ မူတူး … ”
မင်းရဲနိုင်က မူတူးကို လှမ်းကြည့်သည်။ မူတူးက စိတ်နည်းနည်းပျက်သည့်ဟန်နှင့် အကြည့်လွှဲသည်။
“မူတူး … မင်းလူ လေးဆယ်လောက် သူ့ကို ခဏပေးလိုက်။”
“ဒါဆို ကျနော်တို့ အပိုင်းကို ဘယ်လို ကာကွယ်မှာလဲ။”
“အဲဒါ အဖေကြီးတာဝန်ထား၊ မင်းလူတွေနဲ့ မီးပုံးနီအိမ်ကို ဝင်စီး၊ အဲဒီက ရတာ မင်းယူ … ဟုတ်ပြီလား။”
မီးပုံးနီအိမ်ဆိုသည်မှာ တရုတ်တန်းက နာမည်ကြီး ဆောင်ကြာမြိုင်ဖြစ်သည်။ ဒီတော့မှ မူတူး မျက်နှာ ဝင်းကနဲ ဖြစ်သွားသည်။
xxx xxx xxx
အပြင်းမောင်းနေသော ကားနောက်ခန်းမှာ ရွှေဇံနှင့် အမရာ။ ရွှေဇံက အခုမှ လက်ဖျားခြေဖျားတွေ အေးစက်ကာ ငုတ်တုတ်ကြီး ဖြစ်နေသည်။ အမရာက ရွှေဇံ့ကို သေချာ အကဲခတ်ကြည့်ပြီးမှ ဘားမှ ဘရန်ဒီ တခွက်ငှဲ့ကာ ရွှေဇံကို ပေးသည်။
“ဘယ်ကို မောင်းရမလဲ ဘော့စ်”
“…”
ရွှေဇံ့ဆီမှ ဖြေသံ မကြားရ။ ဘရန်ဒီကို ကျိုက်ချပြီးမှ ပြန်ဖြေသည်။
“အိမ်ပြန်လို့ မရဘူးထင်တယ်၊ ရွှေပုံ ငွေပုံ ဘက်မောင်း”
“ဟင့်အင်း … ”
အမရာက ဝင်ပြောသည်။ ပြီးတော့ သွားရမည့် လိပ်စာတခုကို ရွတ်ပြသည်။
“ဘော့စ် … ”
ဘယ်သွားမှန်းမသိသဖြင့် ဂျာရစ်က သူ့ဘော့စ်ကို ပြန်မေးသည်။
“နေပါဦး … မင်းက ဘယ်သူလဲ”
“အမရာလေ … မေ့သွားပြန်ပြီလား၊ ဟွန့်”
“မဟုတ်ဘူးလေ၊ မင်း … သေနတ်ကြီးက ဘယ်က ရတာလဲ။ မင်းက ငါ့ရုံးနားမှာ ဘာလာလုပ်တာလဲ။”
“စကားမရှည်နဲ့၊ ရှင် မသေချင်ရင် ကျမနောက် လိုက်ခဲ့”
လူပုံက ချောချောလှလှနှင့် မထင်ရက်စရာ၊ ကိုင်ထားသည့် သေနတ်က လူနှင့်မလိုက်၊ အကြီးကြီး။ စွာနေတာလေးက ချစ်ခန်းဖွင့်ချင်စရာမို့ ရွှေဇံတယောက် ပြုံးစိစိဖြစ်လာသည်။ မချောက မျက်လုံး မျက်ခုံး တော်တော်လှတာပဲ။ အသားက ညိုသည့်ဘက် ယိမ်းသည်ဟု ထင်ရသော်လည်း လိမ္မော်ရောင်တွေ သာ မဝတ်၊ မလိမ်းလျှင် ဖြူသည်ဟု ပြောလို့ရသည်။ တစိမ့်စိမ့်နှင့် အကြည့်ခံသည့် အလှမျိုး၊ လည်ဟိုက်ဘလောက်စ်မို့ အတွင်းပစ္စည်းတော်တော်များများကို ရွှေဇံမြင်နေရသည်။
“ရှေ့ကြည့်၊ ဗိုက်ပွင့်သွားမယ်။”
“ဘော့စ် … ဘယ်မောင်းရမလဲ။”
သေနတ်ပြောင်းကို သူ့ဘက်လှည့်ရင်း တိုးတိုးလေးကြိတ်ပြောသည့် သူမအသံကို ရှေ့ခန်းက ဂျာရစ်မကြား။ စောစောက ထကြွသောင်းကျန်းလာသည့် ညီတော်မောင်ပင် သေနတ်ကို ကြောက်လို့ ချက်ချင်းငြိမ်ကျသွားသည်။ ဂျာရစ်ဘက်ကို ခေါင်းပြန်လှည့်ကာ ရွှေဇံ ဖြေသည်။
“သူပြောတဲ့ နေရာမောင်းကွာ”
xxx xxx xxx
နောက်က ဆောင့်တွန်းလိုက်တာမို့ အိမ်ကလေးရဲ့ ဧည့်ခန်းဆောင်ထဲ ရွှေဇံ ယိုင်ထိုးယိုင်ထိုးနှင့် ဝင်သွားရသည်။ အထဲမှာ မှောင်နေလို့ ချက်ချင်း မျက်စိက ကျင့်သားမရ။
“သမီး … ဧည့်သည်ကို ဒီလို မလုပ်ရဘူးလေ။”
ဧည့်ခန်းထဲမှ ကြည်လင်ထည်ဝါသော အသံ
“ဟွန့် … အဖေ့လူကြီးက ဂျိမ်းစ်ဘွန်းပဲ။ ဒီလိုလုပ်ထားမှ တော်ကာကျတာ။ နို့မို့ဆို အဖေ့သမီး အိမ်ထောင်ကျသွားမယ်။”
၄ – ၅ စက္ကန့်လောက်ကြာမှ ပြိုးပြိုးပြက်ပြက် တောက်ပြောင်မနေသော်လည်း အကောင်းစားမှန်း သိသာသည့် ရွှေချည်ထိုး တိုက်ပုံနှင့် ချည်ပုဆိုးကို ဝတ်ဆင်ထားသော ခန့်ခန့်ညားညား လူကြီးတယောက် ထိုင်နေတာကို ရွှေဇံ မြင်ရသည်။
“တော်တော့ သမီး၊ လာ မောင်ရွှေဇံ၊ ထိုင်။ အပြင်က ဆရာလေး … မင်းဘော့စ်ကို စိတ်ချ၊ သူက မိတ်ဆွေတွေဆီ ရောက်နေတာ၊ မှဲ့တပေါက် မစွန်းစေရဘူး။ သေနတ်ကြီး ပြန်သိမ်းလိုက်၊ မတော် ချော်ချွတ်ထိမိမှဖြင့်။ ကားကိုတော့ ခြံနောက်ဘက်က အမိုးအောက်ရွှေ့ထားလိုက်ပါ။ ရှေ့မှာဆို အပြင်လူမြင်တယ်။”
ခန့်ညားသော လူကြီးက မတ်တပ်ရပ်ကာ ဧည့်ဝတ်ပြုသည်။ အရပ်မြင့်သော ရွှေဇံထက်ပင် နည်းနည်း အရပ်ပိုရှည်သော လူကြီးပဲ၊ လူငယ်တွေလို ဗလကြီး အယ်မနေသော်လည်း အသက်အရွယ်နှင့်စာလျှင် သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ် ရှိသေးသည်မှာ အလွန်သိသာသည်။
“အဲဒါသာ ကြည့်တော့ မောင်ရင်ရေ … ဖတဆိုးလေးဆိုတော့ ဦးက အလိုလိုက်ထားတော့ အမရာက နည်းနည်း ဆိုးချင်တယ်။”
ခေတ်ပေါ် ရုပ်ရှင်တွေထဲက စကားကို ကြားလိုက်ရတော့ ရွှေဇံ နည်းနည်း ပြုံးမိသွားသည်။ ပြီးတော့ အဖေကြီး ညွှန်ပြသည့် နေရာမှာ ဝင်ထိုင်သည်။ အမရာက မီးခလုတ်ကို သွားဖွင့်လိုက်တော့ ဧည့်ခန်းထောင့်က စားပွဲကြီးပေါ်မှာ ကုဋေကုဋာကျွန်း မြေပုံကြီး။ စစ်တုရင် နယ်ရုပ်လေးတွေလဲ မြေပုံကြီးမှာ ချထားတာကို ရွှေဇံ တွေ့လိုက်ရလေသည်။
အခန်း ၄
အနီရောင် တရုတ်စာလုံးကြီးများ၏ အောက်တွင် ရက်ဒ်လန်တန်ဟောက်စ်ဆိုသည့် အင်္ဂလိပ်စာလုံးများကို ထွင်းထားသည့် သစ်သားဆိုင်းဘုတ်ကြီး တပ်ထားသည့် ၄ ထပ် အိမ်ကြီးမှာ တရုတ်တန်း၏ အလယ်ဗဟို ချက်မတွင် ရှိသည်။ ထိုအိမ်ကြီးက မီးပုံးနီအိမ်ဟု လူသိများသည့် ဟိုတယ်နှင့် အရက်ဘားတွဲဖွင့်ထားသည့် ဆောင်ကြာမြိုင်ကြီးပင်။ ညဘက်ဆိုလျှင် အရက်၊ ဘိန်း၊ မိန်းမ၊ လောင်းကစား အမျိုးစုံရနိုင်သော်လည်း နေ့ခင်းဘက် ဒီအချိန်မျိုးမှာတော့ တိတ်ဆိတ်ငြိမ်သက်နေလေ့ ရှိသည်။
သို့သော် ဒီနေ့မှာတော့ ကပွဲခန်းမကြီးတခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ စစ်ဝတ်စစ်စား တဝက်တပျက်နဲ့ ကပ္ပလီတွေက ခန်းလုံးပြည့်။ ဒစ်စကို တီးလုံးသံက ဆူညံနေသလို မီးရောင်စုံကလဲ မျက်စိကျိန်းလောက်အောင် လင်းလက်လို့ နေသည်။ စတိတ်စင်ပေါ်မှာတော့ အနက်ရောင် မှန်နိုင်လွန်ဇာ လက်အိတ်ရှည်၊ ခြေအိတ်ရှည်များမှလွဲ၍ ကိုယ်လုံးတီးဖြစ်နေသော တရုတ်မလေး ၃ ယောက်နှင့် အဝတ်အစား လုံးဝကင်းမဲ့နေသော ကပ္ပလီ ၅ ယောက်တို့ တော်သလင်းပွဲကြီး ကျင်းပနေကြသည်။ စတိတ်စင်အောက်မှ ကိုယ်တော်များက စင်တင်ပွဲကို ဘီယာနှင့် မြည်းနေကြသည်။
အပြာရောင်နှင့် အစိမ်းရောင် ဆံပင်တုများ တပ်ထားသော တရုတ်မလေး ၂ ယောက်ကို ကပ္ပလီကြီး ၄ ယောက်က တံကျင်လျိုနေကြသည်။ လူကောင်သေးသေးလေးတွေမို့ နောက်က ဆောင့်လိုးလိုက်တိုင်း တကိုယ်လုံးလွင့်သွားကာ အရှေ့က လီးက လည်ချောင်းထဲထိ ရောက်မတတ် ဝင်လာနေသည်။ ဆံပင်ပြာနှင့် တယောက်က သိပ်မဆိုးသော်လည်း အစိမ်းရောင်တယောက်က အတွေ့အကြုံမရှိတာမို့ အသက်ရှူတွေ မှားကာ သတိလစ်လုမတတ် ဖြစ်နေသည်။ ၂ ယောက်လုံး ပါးစပ်ထဲမှာ ပြည့်နေတာမို့ အသံမထွက်နိုင် … ထွက်နိုင်လျှင်လဲ သီချင်းသံ၊ လက်ခေါက်မှုတ်သံ၊ တဟေးဟေး တဟားဟား အော်ဟစ်သံတွေ ဆူညံနေတာမို့ ပွဲကြည့်ပရိသတ်က ကြားနိုင်လိမ့်မည် မဟုတ်။
အသံထွက်နိုင်သည်ကတော့ ကလေးမျက်နှာနှင့် ဆံပင်တိုတိုညှပ်ထားသည့် တယောက်။ စတိတ်ကြမ်းပြင်ပေါ် ပြားပြားဝပ် မျက်နှာအပ်ကာ ဒူးထောက် ဖင်ထောင်ပေးထားသည်ကို ဇိမ်ပြေနပြေ လိုးနေသည့် လီးဒဏ်ကို သူမ မချိမဆန့် ခံနေရသည်။ သူမက ၁၈ နှစ် ပြည့်လို့ ဒီကို ရောက်တာ တလပင် မပြည့်သေး၊ အတွေ့အကြုံများများ မရှိသေးတာမို့ ကပ္ပလီလီး တုတ်တုတ်ကို မခံနိုင်၊ အပျိုရည်ပျက်တုန်းကလိုပဲ ကွဲပြဲကာ နာလွန်းသဖြင့် ပါးစပ်က “ပု … ပု (မလုပ်နဲ့၊ မလုပ်နဲ့)” ဟု အော်ကာ အတင်းကြိတ်ရုန်းနေသည်။ သို့သော် ခွန်အားချင်းက မမျှတာမို့ ရုန်းမလွတ်ပဲ တပြွတ်ပြွတ်နှင့် လိုးသမျှကို အလဲအကွဲ ခံနေရလေသည်။
ဆောင်ကြာမြိုင်၏ အပေါ်ဆုံးထပ် သီးသန့်ခန်းထဲတွင်တော့ မုတ်ဆိတ်ထူထူနှင့် ကပ္ပလီ ခေါင်းတုံးတယောက်နှင့် အရပ်မြင့်မြင့် တောင့်တောင့်ဖြောင့်ဖြောင့် မျက်နှာဖြူမ တယောက်တို့ ချစ်ခန်းဖွင့်နေကြသည်။ မီးပုံးနီအိမ်မှာ ကြေးစားမယ်တွေ အရောင်စုံ၊ အရွယ်စုံ ရနိုင်တာမို့ သူ့အကြောင်းသူ သိသော ဘာတီနီဒွန်းတယောက် သူနဲ့ လက်ရည်မျှနိုင်မည့် လူကောင်ကြီးကြီး အိုးတောင့်တောင့် အဖြူမ ရိုစီ့ကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။
ရိုစီက ကိုကာကိုလာဗူး နှစ်ဘူးဆင့်ထားသလောက် တုတ်ထွားရှည်လျားသော ဘာတီနီ၏ လီးကြီးကို တံတွေးတွေ များများဆွတ်ကာ ပါးစပ်ထဲ ထည့်ပြီး ပြုစုနေသည်။ ဒီလောကမှာ ကျင်လည်လာသည့် ၅ နှစ်အတွင်း ရိုစီ ဒီလို ဆိုဒ်မျိုး တခါမှ မကြုံခဲ့ရဖူး၊ တံတွေးနည်းသွားလျှင် ကြာကြာခံရလျှင် လိမ့်နေအောင် ခံရမည်မှန်း ရိုစီ သေချာသိနေသဖြင့် ရွှဲနေအောင် ဆွတ်ကာ အသေအချာ ပြုစုပေးနေခြင်းဖြစ်သည်။
“ဒတ်စ် အီနပ်ဖ် (တော်လောက်ပြီ) ကမ်းအပ် (ဒီပေါ် လာခဲ့)”
ရိုစီကိုယ်တိုင်လဲ တွေးတွေးကြည့်ရင်း အရည်တွေ စိမ့်နေပြီမို့လို့သာ တော်သေးသည်။ ပက်လက်အိပ်နေသော ဘာတီနီ့ကို တက်ခွရင်း ကိုယ်ကို တဖြည်းဖြည်းနှိမ့်ကာ သူမ အဝနှင့် သူ့ဒုံးပျံကြီးကို တေ့လိုက်သည်။ ပြီးတော့ … လက်ထောက်ကာ မဝင့်တဝင်လေး ဖြည်းဖြည်းချင်း နှဲ့ကာ သူမ လှုပ်ရှားတော့ ဘာတီနီ ပြုံးသည်။
“အင်း … အင်း … အား … ယွာ ဆိုးဘစ် (ရှင်က သိပ်ကြီးတာပဲ)”
“အာယူး ဝက် (မင်းစိုနေပြီလား)”
မေးဖော်ရလို့ တော်သေးသည်။ ရိုစီ စိတ်တိုင်းကျတော့ မစိုသေး။ ဘာတီနီရဲ့ လက်တဘက်က ရိုစီ့ နို့တွေကို လာထိသည်။ ပြီးတော့ သူမ အစိလေးကို အသာ တို့ထိ ပွတ်ပေးသည်။
“ဝိတ် … ယူ မွန်စတာ (စောင့်ဦး၊ ရှင်ကြီးရဲ့)”
ဘာတီနီ မျက်လုံးတွေ ပိတ်ကာ ဇိမ်ယူနေသည်။ ဒစ်မြုပ်ရုံလေး နှဲ့ကာ တက်ပြုစုနေတာမို့ ပြုံးပြီး ကျေနပ်နေတာကို ရိုစီ ရိပ်မိသည်။ သူ့ကို စိတ်ကြိုက်ပေးလုပ်လျှင် အနည်းဆုံး ၂ ရက်လောက် မထနိုင်ပဲ ဖြစ်သွားနိုင်တာ သိနေတာမို့ တတ်နိုင်သလောက် ရိုစီပဲ လှုပ်ရှားမှ ခံသာလိမ့်မည်။
“အား … အား … ဟီးဟီး”
သူမ အဖုတ်က ပွစိပွစိ ဖြစ်လာတာ သူမ သိသည်။ ပေါင်တွေလဲ နည်းနည်းပင် တောင့်လာသလိုလို ဖြစ်လာပြီ။ တခါမှာ ပေါင်ကြွက်သားတွေ တဆတ်ဆတ် တုန်သွားတော့ ဘာတီနီ မျက်လုံး ဖွင့်ကြည့်သည်။
“ကမ်း (ဒီကိုလာ)”
သူ ပုတ်ပြသည့် အိပ်ယာပေါ်က နေရာမှာ သူမ ဒူးထောက်လိုက်သည်။ အပြည့်အဝတော့ ဖိမထိုင်ချရဲ၊ ဒူးထောက်လျှက်သား ကုတင်ခေါင်းရင်း ဟက်ဒ်ဘုတ်ကို ကိုင်ကာ ရိုစီ မတ်မတ်လေး ရပ်နေလိုက်သည်။ ဘာတီနီ ဖြည်းဖြည်းချင်း အပေါ်ကို ကော့လိုးသည်။ တဝက်လောက် ဝင်သည်ဟု ရိုစီ သိသည်။ အထဲမှာ မချိမဆန့်ပဲ၊ ပြည့်သိပ် တစ်ဆို့ နေသည်။
“အား … အား … တူးမတ်ချ် (အရမ်းကြီးတယ်)”
ရိုစီ့ ခါးကို ဘာတီနီ ထိန်းကိုင်ကာ ဆက်ပြီး ကော့လိုးသည်။ ရိုစီ့ အသံတွေက ပိုပြီး အရိုင်းဆန် ကျယ်လောင်လာသည်။
“အား ဟား … အိုး … အား … အား … အား ဟား … ဟာ့ … အား … အိုး”
ရိုစီ အသက်ရှူ မှားနေပြီ။ သူ တရစပ် လိုးနေချိန်မှာ ရိုစီ အသက်မရှူမိ၊ သူ နည်းနည်း နှေးသွားမှ အသက်ကို လုရှူရသည်။ စပြီး အမောပင် ဖောက်လာသည်။ သူမ ခေါင်းက ထိန်းမရပဲ မော့ပြီး နောက်ကို တခါ တခါ လန်ကျသွားသေးသည်။ အားတင်းကာ ဒူးထောက်ရာမှ ဆောင့်ကြောင့် ပြန်ထိုင်ဖို့ ကြိုးစားသည်။ အိပ်ယာပေါ် ခြေဖဝါး နှစ်ဖက်ပြားပြားချကာ ထလို့ ရသွားတော့ ရိုစီ စိတ်ထိန်းကာ ဘာတီနီကို တလှည့် ပြန်ပြုစုပေးသည်။ လိုးရှိန်နှင့် အနက်ကို သူမ ထိန်းနိုင်သဖြင့် နည်းနည်း အမောပြေအောင် သက်လုံကို ချန်ထားကာ ခပ်နှေးနှေးပဲ လုပ်တာကို ဘာတီနီ သိသော်လဲ ဘာမှ မပြော။
“အား … အား … စိုး ဂွတ် (အရမ်းကောင်းတယ်)”
ရိုစီ့ အလစ်မှာ ဘာတီနီ ရိုစီ့ခါးကို လက်နှစ်ဘက်နှင့်ကိုင်ကာ အောက်ကို ဆွဲဆောင့်ချလိုက်သည်။
“အားးး … အားးးးး နိုး နိုး”
သတိလက်လွတ်နှင့် အတင်း ထ မိသည်ကို ကော့ကာ တဆုံး ၄ – ၅ ချက် ဆက်တိုက် လိုးပစ်လိုက်တော့ ရိုစီခမျာ ဗိုက်ထဲက အရမ်းအောင့်သွားပြီး ဘယ်လို ဖြစ်သည်မသိ … နာလဲနာ၊ ကောင်းလဲကောင်းနှင့် ပြီးသလိုမျိုး ဗိုက်ကြွက်သားတွေပါ အကြောဆွဲကာ သေးတွေပါ ထွက်ကျလာတော့သည်။
“အူး … အူးးး … နိုး … အာ့ ဖပ်ခ် … အား”
အိပ်ယာပေါ်မှာ ကွေးကွေးလေး ပုံလျက်သားဖြစ်နေသော ရိုစီ့ကို နောက်မှ ဒေါ်ဂီဆွဲရန် ဟန်ပြင်နေစဉ်မှာ တံခါးခေါက်သံကြားရသဖြင့် ဘာတီနီ သွားဖွင့်သည်။
xxx xxx xxx
သီချင်းသံများ ထွက်ပေါ်လာနေသော ရေဒီယိုကို နှင်းဆီ အသံတိုးလိုက်ပြီး မြေပုံရှိရာ စားပွဲအနီးသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။ တော်တော်ကြာအောင် အိပ်လိုက်ရသဖြင့် အားပြည့်ကာ လန်းဆန်းနေသည်။ မြေပုံစားပွဲအနီးတွင် အဖေကြီးနှင့် ဦးရွှေဇံတို့ ခပ်တိုးတိုး တိုင်ပင်နေရာမှ သူ့ကိုမြင်သဖြင့် စကားစ ရပ်သွားသည်။
“နှင်းဆီ … ဒါ မောင်ရွှေဇံတဲ့။ မောင်ရွှေဇံ … ဒါကတော့ နှင်းဆီပေါ့။ ဦးလိုပဲ ယုံကြည်တိုင်ပင်နိုင်ပါတယ်။”
သူတို့ နှစ်ဦး လက်ဆွဲနှုတ်ဆက်ကြသည်။ ထိုစဥ်မှာပင် အတွင်းခန်းက လိမ္မော်ရောင် ရင်စေ့အင်္ကျီ၊ ထဘီဝမ်းဆက်နှင့် အမရာ ထွက်လာသည်။ လက်ထဲမှာလဲ ခေါက်ဆွဲပန်းကန် ၃ ပန်းကန်ကို ထည့်ထားသော လင်ဗန်း တချပ်။
“လာ … အဖေနဲ့ အကိုလေးတို့ … ပူတုန်း စားလိုက်ဦး။”
“ကိုယ့်အတွက်ရော မပါဘူးလား … … … အဲ … အမရာ”
“ဒီတခွက်က ရှင်ကြီး သူများ နာမည် မှားခေါ်ရင် သွန်ပစ်မလို့ … ရော့”
လှမ်းပေးတဲ့ တခွက်မှာ အသည်းအမြစ် တစုံပါသည်။ ဟိုဘက် နှစ်ခွက်မှာ မပါ။ ရွှေဇံ ပြုံးတော့ သူမ မျက်စောင်းထိုးသည်။ နှင်းဆီက ဘာမှ မပြော၊ နီးရာ တခွက်ကို အဖေကြီးကို ကမ်းပေးပြီး နောက်တခွက်ကို ယူကာ အားရပါးရ စားတော့သည်။
“ကဲ … စားရင်းနဲ့ သတင်းစုကြရအောင်။ ရေဒီယိုကတော့ စောစောကပဲ ဘုရင်ခံချုပ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိလို့ ဗမာစစ်တပ်က အာဏာသိမ်းလိုက်တယ်လို့ ကြေငြာသွားတယ်။”
“(ဂလု) အဖေကြီး … (ဂလု) ဒါကို ယုံသလား။”
ပလုတ်ပလောင်း စားနေရင်း မေးသည့် နှင်းဆီကို အဖေကြီးက တိုက်ရိုက် မဖြေ၊ ရွှေဇံ့ကို မေးငေါ့ပြသည်။
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ မဲရေတဲ့ စက်က ကျနော့် ဒီဇိုင်း။ ကျနော် ကိုယ်တိုင်တောင် မဲခိုးပေးချင်လို့ မရဘူး။”
“အင်း … ဟုတ်တယ်။ ပြီးတော့ … မဲခိုးတယ်ဆို ကျုပ်က အရင်သတ်မှာ”
ကဋေကဋာကျွန်းရဲ့ မြေအောက်လောက ဘုရင်ပြောသည့် ဟာသက ဟာသတော့ မဟုတ်၊ အပ်ကျတာကအစ သိတဲ့ အဖေကြီးပဲ။ မဲခိုးလျှင် သူအရင် သိမှာ၊ သတ်လဲ သတ်နိုင်မှာ။
“ကျုပ်အထင်တော့ ဒါ တရုတ်နီစနက် မကင်းဘူး။ ပြီးတော့ ရွှေဇံ့ ဖြူးရှင်းစက်ကိုလဲ လိုချင်လို့ ဖြစ်နိုင်တယ်။ မဲကိစ္စကတော့ သက်သက် အကြောင်းရှာတာပေါ့။”
သြော် … ဒါ့ကြောင့် မနက်က သူ့ရုံးခန်းကို ပန်းရိုင်းက တင့်မောင်တို့အုပ်စု ဝင်စီးတာကိုး။
“မနက်က ကျနော့် ရုံးခန်း … ”
အဖေကြီးက ဆက်ပြောသဖြင့် ရွှေဇံ စကားစ ပြတ်သွားသည်။
“မောင်ရင့် မစ္စတာ ကာတာ သေပြီ၊ သူ့ မစ္စက်ကတော့ ကျုပ် စောင့်ရှောက်ပေးထားတယ်။ ခု တရုတ်နီ တိုက်သင်္ဘောတွေက ကဋေကဋာကျွန်းစုတွေကို ဝိုင်းပြီး ပိတ်ဆို့ထားတယ်။ ဗမာ ပြည်မကြီးက စစ်သင်္ဘောတွေနဲ့ အမေရိကန် သင်္ဘောအုပ်စုတွေက ကုဋေကုဋာကို လာဖို့ ကြိုးစားပေမဲ့ မလာနိုင်ဘူး။”
“အဖေ … ဒီတော့ စစ်ဖြစ်မှာလား။”
“ပြောလို့ မရဘူး၊ ဖြစ်ချင်လဲ ဖြစ်နိုင်တယ်။ အခု အရေးကြီးတာက … အန်တီ့ကို ကယ်ဖို့နဲ့ သူတို့ ခြေကုပ်မရအောင် ပြန်တိုက်ဖို့ပဲ။ ရွှေဇံ … သူတို့ ဖြူးရှင်းစက်ကို ရသွားလား။”
“ဖြူးရှင်းစက်က ဒီတခုပဲ ရှိတာ။ ဒီဇိုင်းအားလုံးက ဒီထဲမှာ … ”
ရွှေဇံက သူ့ခေါင်းကို သူ လက်ညိုးထိုးပြသည်။ အိတ်ထောင်ထဲက ဖြူးရှင်းစက်ကို စမ်းကြည့်တော့ မရှိတော့။
“ရှင့်ဟာ ကျမ သိမ်းထားတယ်၊ စိတ်ချ … အဲဒါပျောက်ရင် ကျမက အရင်သတ်မှာ”
အမရာက ဝင်ပြောသည်။ အဖေကို တုပြီး ပြောတာကို သူတို့ အားလုံး ချစ်စနိုး ရယ်လိုက်ကြသည်။
