“နတ်သမီး အိမ်မက်”
#ဆူးရစ်နွယ်# တပေါက်ပေါက်ကျနေသော ရေစက်ရေပေါက်များကို ငေးကြည့်ရင်း အတွေးပေါင်းစုံ လွင့်မျောနေသော နွယ်“နွယ်ရေ သမီး ရေချိုးနေတာကြာပြီနော်။ရုံးချိန် နီးပြီ”“ဟုတ် မေမေ”မေမေ့ အသံကြားမှ သတိဝင်လာပြီးရေချိုး အလှပြင်ကာ ရုံးချိန်အမှီ ထွက်လာခဲ့ပါသည်။ရုံးရောက်ပြီ ဆိုသည်နှင့် ပူဆွေးမှုများကို ဖုံးကွယ်ရင်း ဟန်လုပ်ပြုံးနေရသည်။တနေ့တာကုန်လွန်ခဲ့သော်လည်း မောင့်အပေါ်ထားရှိမိသော ချစ်ခြင်းတရားနှင့် အလွမ်းတွေကို မေ့ပျောက်နိုင်စွမ်း မရှိခဲ့ပါ။တပါးသူနှင့် ပျော်မြူးနေသော မောင့်ပုံရိပ်များသာ နွယ့်အမြင်အာရုံအတွင်း စွဲထင်နေခဲ့ပါသည်။ချစ်ခြင်းနှင့် မုန်းခြင်းလွန်ဆွဲပွဲတွင်…
