ငယ်စဉ်တုန်းက
နေ့စဉ်နေ့တိုင်း ဆယ့်တစ်နှစ်အရွယ်သာရှိသေးသော “ချောချောငယ်” ဆိုတဲ့ ကိုယ်ဟာ ရပ်ကွက်ထဲမှာတော့ ကလေးတွေနဲ့ဆော့လိုက်…မိဘကူလိုက်နဲ့ ဖြတ်သန်းနေကျဆိုတော့ ငယ်ငယ်တုန်းကသင်ရတဲ့ကဗျာစာလေးလိုပေါ့.. လမ်းထဲကလူတွေအကုန်လုံးဟာ အိမ်နီးနားချင်းတွေဆိုတာထပ်ပိုပီး မိတ်ဆွေအပေါင်းသင်းတွေလို ညီအစ်ကိုနောင်နှမတွေလိုမျိုးပါပဲ..လမ်းထဲအလှူရှိရင် အနည်းဆုံးတစ်အိမ် တစ်ယောက်လောက် ထွက်ကာကူလုပ်လိုက်ကြ …တစ်ယောက်အိမ် တစ်ယောက်ကူးကာကစားလိုက်ကြနဲ့မျိုးစုံပါပဲလေ.. ချောငယ်ဆိုတဲ့ ကိုယ်ဟာလဲ အဆော့ကလဲမက်..အဖော်ကလဲမင်တဲ့အပြင် လမ်းထဲကရွယ်တူတွေလဲရှိသလို မတိမ်းမယိမ်း ညီမအရွယ်မောင်အရွယ် အစ်ကိုအရွယ် လူပေါင်းစုံအပြည့်နဲ့ဆိုတော့ အဖော်မင်ပီးအဆော့သန်တာကတော့ ဆချာဂယ်အပြစ်မဟုတ်ပါလေ …ဟီးဟီး တစ်နေ့ပေါ့ အိမ်ကဦးလေးဖြစ်သူ ဆိုင်ကယ်မှောက်ရင်းလဲတာကြောင့် ဆေးရုံလိုက်သွားကြတော့ အိမ်မယ် ကိုယ်ရယ် ကိုယ့်နောက်ဝမ်းကွံလေးရယ် အစ်မတစ်ဝမ်းကွဲရယ်ပဲကျန်တာပေါ့… မကြာပါဘူး…မျက်စောင်းထိုးအိမ်က ကြီးမော်ကြီးဆိုသူရဲ့ သားနှစ်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့…