Skip to content

ApyarSite

အပြာစာအုပ်များ

ဘော့စ်၏ စေညွှန်ရာ အခန်း (၂) (GL ဇာတ်လမ်း)

Posted on November 13, 2025November 13, 2025 By apyarkg

📣🚨ဒီ GL fic ဇာတ်လမ်းသစ်လေး မှာ ပါဝင်တဲ့ 🔞ဆ”င် ဆာ အခန်းတွေကို ထင်သာမြင်သာရှိပြီး လှပအောင်၊အဆင့်အတန်း ရှိအောင် ရေးဖွဲ့ ထားပါတယ်။

စိန်ဆိုင်ပိုင်ရှင်သူဌေးမကြီး ဒေါ်ရိုစီဝင့်နဲ့ နုနယ်အေးချမ်းတဲ့ ကျေးလက်သူလေးတို့ရဲ့ အချစ်၊အကြ^မ်း၊အန^မ်း များကို ဆွဲဆောင်မှုရှိရှိ ဖတ်ရမှာပါ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ လူကြိုတဲ့နေရာတွင် ဒေါ်ရိုစီဝင့် ရှိနေသည်။ လေယာဥ်ပေါ်ကဆင်းလို့ လူအများကြားမှာ စမတ်ကျကျ လျှောက်ဝင်လာတဲ့ အမျိုးသမီးတစ်ဦးကို ဒေါ်ရိုစီဝင့် မသိမသာပြုံး၍ ကြိုသည်။

“ဟေး! ယူ”

“ဟိုင်း! ရို့စ်”

လှပ ကျော့ရှင်းပြီး စမတ်ကျတဲ့ အမျိုးသမီးနှစ်ယောက် ခပ်ဖွဖွ ဖက်လိုက်ကြသည်။

“နောက်ကျပြီ မှတ်တာ ၊ တော်သေးရဲ့ သိမ့်ရယ်။ လာခါနီး ကောင်မလေးတစ်ယောက်နဲ့ တိုက်မိသေးလို့၊ အာရုံနောက်ရသေးတယ်”

” ရို့စ်လို ဘော့စ်တစ်ယောက်နဲ့ ဘယ်ကောင်မလေးက တိုက်မိရတာလဲ။ ဘယ်နား နာသွားသေးလဲ ရို့စ်”

“မနာပါဘူး သိမ့်၊ ဟိုဘက်က ကော်ဖီတွေ တို့ကို စင်လို့ ရုတ်တရက်မို့ စိတ်က တစ်မျိုးဖြစ်သွားတာ၊ နောက်ပြီး သိမ့်ကို ကြိုဖို့ တို့စိတ်က အလျင်လိုနေတော့လေ”

“ရို့စ်လို အလုပ်များတဲ့သူက ကိုယ်တိုင်လာကြိုပေးလို့ ကျေးဇူးပါရှင်”

“ဒီလူနဲ့ဒီလူ လာမကြိုလို့ ဘယ်ဖြစ်မလဲ သိမ့်ရဲ့။ ကဲ လာ ကားဆီသွားမယ်”

ဒေါ်ရိုစီဝင့်နဲ့ ဒေါ်သိမ့်ဝတီတို့နှစ်ယောက် သိကျွမ်းခဲ့တာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ ကုမ္ပဏီ ဒင်နာပွဲတစ်ခုမှာ ဆုံခဲ့ကြပြီး အဲ့ဒီအချိန်တုန်းက အသက် ၂၃ နှစ်အရွယ် သာရှိကြသေးတဲ့ လုပ်ငန်းရှင်ပေါက်စလေးတွေဖြစ်ကြသည်။နှစ်ဦးစလုံးက ထက်မြက်ပြီး လှပကြတဲ့အပြင် အသက်အရွယ် မတိမ်းမယိမ်း ဖြစ်တာကြောင့်ရော၊ စကားစပြောဖြစ်ကတည်းက အတွေးအခေါ်ပိုင်း၊စိတ်ပိုင်းမှာ တူညီ သင့်မြတ်ခဲ့ကြတာကြောင့်ရော နောက်ပိုင်းတွင် ပိုမို ခင်မင်လာရာမှ တရင်းတနှီး ဖြစ်သွားကြသည်။

ဒေါ်သိမ့်ဝတီက တစ်ဦးတည်းသော သမီးဖြစ်ပြီး သူမအဖေရဲ့ လုပ်ငန်းများစွာကို ဆက်လက် တာဝန်ယူကာ ဦးဆောင် လုပ်ကိုင်သည်။ နောက်ပိုင်း သူမလက်ထက်တွင် T&T ကုမ္ပဏီ ကို စတင်ထူထောင်နိုင်ခဲ့တဲ့အထိ ထက်မြက်ခဲ့သည်။ ဒေါ်ရိုစီဝင့်နှင့် ဒေါ်သိမ့်ဝတီတို့က နှစ်များစွာကြာအောင် အတိုင် အဖောက်ညီ နားလည်မှုရှိကြတဲ့ ရင်းနှီးသူများဖြစ်ကြပြီး နှစ်ဦးသား သံယောဇဥ် ခိုင်မာသည်။တစ်ဦး အတွက် တစ်ဦး အလုပ်ကိစ္စ သာမက ပဂ္ဂိုလ်ရေး စိတ်ခံစားမှုအထိ ဘာမဆို စိတ်ချရတဲ့အထိ ယုံကြည်ရသည်။ ဘယ်လောက်ထိ ရင်းနှီးလဲဆို အတိတ်ကာလ အဖြစ်အပျက်တချို့ကိုတောင် အကြမ်းဖျင်း သိခဲ့ကြတဲ့အထိ ဖြစ်သည်။

ကားပေါ်ရောက်တဲ့အခါ ဒေါ်သိမ့်ဝတီက ကားမောင်းနေတဲ့ ဒေါ်ရိုစီဝင့်ကို ငေးနေသည်။

“ဘယ့်နှယ် လူကို ကြည့်လို့တုန်း သိမ့်။ မမြင်ဖူးတာကျလို့”

“မြင်ဖူးပေမယ့် ဘယ်လောက်မြင်မြင် ကြည့်မဝတဲ့ အမိုက်စားရုပ်လေးမို့ပေါ့ ရို့စ်ရယ်”

“အံမယ် အသက်ကဖြင့် ရနေပြီ။ မငယ်တော့ဘူး သိမ့်ရဲ့”

“ဟယ်၊ အခုမှ တောင့်လို့ ၊ ဖြောင့်လို့ လှတုန်း နုတုန်း ဥစ္စာ။ ရို့စ် အသက်ရပြီဆို တို့လည်း အိုနေပြီပေါ့ ဟုတ်သလား ရို့စ်”

လှတုန်း၊ နုတုန်း ဆိုတဲ့စကားကြောင့် ဒေါ်ရိုစီဝင့်တစ်ယောက် မနက်က ကောင်မလေးရဲ့ မျက်နှာ နုရဲရဲလေးကို ပြန်မြင်ယောင်သွားသည်။ တွေ့လိုက်ရတာက တကယ့် လျှပ်တပြက်မို့ ခဏတာ တဒင်္ဂ။ ဘယ်လို ဆုတောင်း ကောင်းခဲ့လို့များ ဒီလို ချစ်စဖွယ် မျက်နှာမျိုး ပိုင်ဆိုင်ရတာပါလိမ့်။ နောက်ပြီး ကော်ဖီပေသွားတဲ့ သူမရဲ့ ခြေဖမိုးကို ဂရုတစိုက် သုတ်ဖယ်ပေးနေတဲ့ လက်ကလေးတစ်ဖက်။ တွေးရင်း တွေးရင်း ဒေါ်ရိုစီဝင့်ရဲ့ ရင်ထဲကို အေးမြတဲ့ စီးကြောင်းလေးတစ်ခု ဖြတ်ပြေးသွားသည်။

တကယ်ဆို ကော်ဖီက ခြေဖမိုးကို ပေသွားလို့သာ တော်ရော့သည်။ မဟုတ်လို့ အင်္ကျီတစ်နေရာရာမှာစွန်းခဲ့ရင် သိမ့်ကို လာကြိုဖို့ အချိန်တကယ် နှေးဖင့်ရပေမည်။ သူမကို ဝင်တိုက်မိပြီး ပြာပြာသလဲ မဖြစ်ပဲ သူမကိုပဲ ကြည့်လို့ မှိုင်မှိုင်ငေးငေးနဲ့ ဒီကလေးမ ဘယ်လို ရှေးရိုးစွဲလေးလဲ။

“ရို့စ်”

“ရို့စ်”

“ဟင်၊ အင်း သိမ့်”

“တို့လည်း အိုနေပြီလားလို့ မေးနေတယ်လေ။ ပြန်လည်း မဖြေဘူး”

“အင်း၊ တို့ အတွေးလွန်သွားလို့၊ ကုမ္ပဏီ ပိုင်ရှင် သူဌေးမကြီး အချောအလှလေး ဒေါ်သိမ့်ဝတီက ဘာလို့ အိုရမလဲကွယ်”

“အပြောကောင်း၊ ဒါနဲ့ စိတ်တွေ ဘယ်ရောက်နေတာလဲ ရို့စ်”

“မနက်က ကောင်မလေးဆီ”

“သြော် ဝင်တိုက်မိတယ်ဆိုတဲ့ တစ်ယောက်လား။ သူက

ဘယ်လိုကောင်မလေးလဲ တို့ကိုလည်း ပြောပြပါဦး”

“ဘယ်လိုကောင်မလေးလဲဆိုတာ တို့လည်း မသိဘူး သိမ့်”

“ဒါဖြင့် ဘယ်ကလဲ”

“ဒါလည်း မသိဘူး”

“ဟင် ဒါဖြင့် ဘယ်သူလဲ “

“ဘယ်သူလဲ ဆိုတာလည်း တို့ မသိဘူးပဲ သိမ့်”

“ဟယ်။ ကဲ ဒါဖြင့် ဘယ်နားမှာ တိုက်မိကြတာလဲ”

“တို့ ရုံးခန်းကအထွက်မှာ”

“အို….တို့တောင် နားမလည်တော့ဘူး ရို့စ်ရယ်။ ရို့စ်ပိုင်တဲ့ စိန်ဆိုင်ရဲ့ အရိပ်အောက်မှာ တိုက်မိခဲ့တဲ့ ကောင်မလေးကို ဘယ်သူလဲ၊ဘယ်ကလဲ၊ဘယ်လိုဖြစ်ပြီး တိုက်မိတာလဲ ရို့စ် မသိဘူးလား”

“ဟုတ်တယ် သိမ့်။ သိတာတစ်ခုပဲရှိတယ်။ အဲ့ဒါ သူက ရှေးရိုးစွဲ ချာတိတ်မလေး ဆိုတာပဲ”

“တို့ တော့ ဘာမှ မပြောတတ်တော့ဘူး ရို့စ်ရေ…။ တို့ကို ဘေးမှာထားပြီး အဲ့ဒီ ဘာမှန်းမသိတဲ့ ကောင်မလေးဆီ အတွေးရောက်နေသတဲ့။ ရှင်နော်”

“ကဲပါ၊ ထားပါ သိမ့်ရဲ့ ။မြန်မာအစားအစာ သိမ့် ဘာစားချင်လဲ ပြော၊ ဘယ်ဆိုင်ကို မောင်းပို့ရမလဲ “

“အထွေအထူး မစားတော့ပါဘူး။ရို့စ် သဘောကျ ကော်ဖီဆိုင်တစ်ခုခုကို အရင် သွားလိုက်လေ။ဒါပြီးရင် ရို့စ် ဘယ်သွားမလဲ”

“ကုမ္ပဏီ မီတင်ရှိတယ်လေ သိမ့်”

“ဟုတ်သားပဲ၊တို့ဖြင့် ရို့စ် မျက်နှာလေးမြင်တော့ အရာရာကို မေ့နေလေရော”

“အံမယ်”

ဒေါ်ရိုစီဝင့်တစ်ယောက် ပြုံးနေလေတော့သည်။ပြီးမှ ဆက်ပြောသည်။

“ဒါပေမယ့် သိမ့်က မီတင်မတက်တော့ဘူး မဟုတ်လား၊ ခရီးရောက်မဆိုက်ကို”

“မီတင်ကိစ္စ ဟိုမှာကတည်းက ရှယ်ရာအများဆုံးအစုရှင်ကို တို့ကိုယ်စား လွှဲထားပြီးသား။မြန်မာပြည်ကို မထင်မှတ်ပဲ ဒီနေ့ ပြန်လာဖြစ်သွားတာ။တို့က လာချင်ပြီ၊ လုပ်ချင်ပြီ၊ ဖြစ်ချင်ပြီဆို ချက်ချင်း ထလုပ်တတ်တဲ့ အကျင့်ကြောင့်ပဲ”

“တို့ကတော့ သိမ့်နဲ့ ကော်ဖီဆိုင်ထိုင်ပြီးမှ မီတင်သွားမယ်ကွယ်”

“တို့လည်း လိုက်မှာပေါ့ ရို့စ်”

“ဟင် ဘယ်ကို”

“တို့ ကုမ္ပဏီကိုလေ”

“ဒါဆို မီတင် တက်မလို့လား”

“တက်လိုက်မယ်။ ကုမ္ပဏီပိုင်ရှင်က ရုတ်တရက် မီတင်ကို ရောက်လာသလိုပေါ့။ ဒါပြီးရင် ရို့စ်ကို တစ်နေ့လုံး ချောဆွဲထားမှာ ။ တို့ကို အချိန်ပေးနော် ရို့စ်”

“သိမ့်အတွက်ဆို တို့က အသင့်ပဲ”

“အပြောကောင်းလေး ရို့စ်”

“သိမ့် ပြန်လာတာ အန်ကယ်တို့ရော သိကြတယ် မဟုတ်လား”

“သိတယ်။ ဒါပေမယ့် ဖေဖေ့ကို လာမကြိုခိုင်းဘူး။ ရို့စ်ပဲ လာကြိုပေးမယ်ဆိုတာလည်း ဖေဖေ သိလောက်မှာ။မီတင်ပြီးရင် တို့အိမ် သွားရအောင်နော် ရို့စ်”

“အင်း၊ အန်ကယ်တို့နဲ့ မဆုံတာကြာပြီဆိုတော့ လိုက်မယ်လေ”

“ဖေဖေတို့ကို တွေ့ဖို့ အတွက် လိုက်မလို့ပေါ့ ဟုတ်လား”

“ဟောဒီက သိမ့်ဝတီနဲ့လည်း အတူရှိ ချင်လို့ပါနော်။ ဟုတ်ပြီလား”

ထိုခဏတွင် ထက်မြက်ပြီး ချမ်းသာတဲ့ ဂုဏ်သရေရှိ အထက်တန်းစား အမျိုးသမီးနှစ်ယောက်ရဲ့ ပေါ့ပေါ့ပါးပါး ကြည်နူးမှုများသာ ကားထဲ၌ ရှိနေတော့သည်။

ဒေါ်ရိုစွဝင့်နဲ့ဒေါ်သိမ့်ဝတီဆိုတာ ငယ်စဥ်ကလေးဘဝကတည်းက သိခဲ့၊ရင်းနှီးခဲ့ကြတဲ့ မိန်းမနှစ်ယောက်မဟုတ်ခဲ့ပေမယ့် တစ်ယောက်အတွက် တစ်ယောက် အမြဲအသင့်ရှိပေးနိုင်တဲ့ ရဲဘော်ရဲဘက်လို တကယ်ပဲ ချစ်ခင်ရင်းနှီးကြလေသည်။

ဒေါ်ရိုစီဝင့်သည် ကားကိုသာ မောင်းနေပေမယ့် စိတ်က မနက်က ကောင်မလေးရဲ့ ပုံ့ပုံ့ကလေးထိုင်ပြီး သူမ ခြေဖမိုးကို ကိုင်တွယ်ပုံလေးကို ပြန် မြင်ယောင်ပြန်သည်။ ဘယ့်နှယ် ဒီကောင်မလေးပဲ အာရုံထဲ တဝဲဝဲ ရောက်လာရတာလဲ။ မင်း တို့နဲ့တွေ့မယ် ရှေးရိုးစွဲမလေး။

………..

အချိန်တစ်ခုကုန်ဆုံးပြီး အလုပ်ကိစ္စပြီးသွားတဲ့အခါ ဒေါ်ရိုစီဝင့် မောင်းတဲ့ ကားလေးသည် ဒေါ်သိမ့်ဝတီရဲ့ ခမ်းနားကျယ်ဝန်းတဲ့ အိမ်ကြီးဆီကို ဆိုက်ရောက်လာသည်။

တောက်ပြောင်တဲ့ ဧည့်ခန်းထဲတွင် ဒေါ်သိမ့်ဝတီရဲ့ မိဘတွေဖြစ်ကြတဲ့ ဦးမင်းသိမ့်နဲ့ ဒေါ်ဝတီလှိုင်တို့ ထိုင်နေကြတာကို အခန့်သင့်တွေ့လိုက်ကြရသည်။

“ရောက်ပြီလား သမီးလေး ။ Walcome Home ပါ သမီးရေ။ရို့စ်ကိုလည်း အခုမှပဲတွေ့ရတော့တယ်ကွယ် ။ သမီးပြန်လာမှပဲ အန်ကယ်တို့ဆီ လာတော့တယ်”

“ဟုတ် အန်ကယ်၊ ရို့စ် အလုပ်နည်းနည်း များနေလို့ မရောက်ဖြစ်တာရှင်”

“နည်းနည်းမဟုတ်ဘူး ဖေဖေ၊ ရို့စ်က အလုပ် အရမ်းကို များတာ။ သူ့အကြောင်းမသိတာကျလို့”

“ဒါလည်း ဟုတ်သားပဲ သမီးရို့စ်၊ ကိုယ်ပိုင်အချိန်လေးလည်း ယူဦး နော်။ အန်ကယ်ဆို ကျန်းမာရေးကို ထည့်တွက်ပြီး နားချိန် သတ်မှတ်နေရပြီကွ။ ဒါနဲ့ ၂ နာရီတောင်ထိုးတော့မှာပဲ၊ ဖရိုက်နောက်ကျလား သမီး”

“နောက်မကျဘူး ဖေဖေ၊ ရို့စ်နဲ့အတူ ကုမ္ပဏီ မီတင် သွားတက်လိုက်တာ”

“သြော်၊ နှစ်ယောက်စလုံး တစ်ခါတည်း သွားလိုက်ကြတာပေါ့”

“ကဲ ကဲ နားကြဦး သမီးတို့ ။ ဘာစားကြပြီးပြီလဲ။ မေမေ အအေးယူခဲ့မယ်”

“ရတယ် အန်တီ၊ ရို့စ်တော့ မသောက်တော့ပါဘူး။ သိမ့်ပဲ”

“သိမ့်လည်း မသောက်သေးဘူး မေမေ။ အခန်းထဲပဲ တစ်ခါတည်း သွားနားလိုက်ဦးမယ်။ ရို့စ်နဲ့လည်း မတွေ့တာကြာတော့ ပြောစရာ စကားတွေ အများကြီးပဲ။ အခုတောင် ရို့စ်ကို ပေးမပြန်ပဲ သိမ့်ကို အချိန်ပေးဖို့ပြောပြီးခေါ်လာတာ”

“ဟုတ်ပါပြီကွယ်”

“လာ ရို့စ်”

အပေါ်ထပ်တက်သွားတဲ့ သမီးဖြစ်သူနဲ့ ရို့စ်ကို ကျေနပ်တဲ့အကြည့်နဲ့ကြည့်ရင်း မိဘနှစ်ပါးက ဧည်ခန်းတွင် ကျန်နေခဲ့ကြသည်။

အခန်းထဲရောက်တော့ ရို့စ်က ဆိုဖာပေါ် ခပ်လျော့လျော့မှီထိုင်လိုက်သည်။သိမ့်က ပေါ့ပါးတဲ့ အိမ်နေရင်း ဂါဝန်လေးတစ်ထည်ကို လှဲဝတ်လိုက်ပြီးမှ ရို့စ်ဘေးမှာ လာထိုင်သည်။

“ပင်ပန်းလား ရို့စ်”

“မပင်ပန်းပါဘူး သိမ့်ရယ်၊ စိတ်က ဆိုင်ကိုရောက်သွားတာ။ ဒီနေ့ တစ်နေကုန်နီးပါး မန်နေဂျာနဲ့ လွှတ်ထားရလို့လေ”

“မောင်မျိုးလင်းက စိတ်ချရနေပြီမဟုတ်လားဟင်”

“စိတ်ချရပါတယ် သိမ့်ရဲ့၊ မောင်မျိုးလင်းက တို့ဆိုင်မှာ လုပ်တာလည်း နှစ်အတော်ကြာနေပြီပဲ”

“ကဲပါ၊ အခု ခဏတော့ အလုပ်ကိစ္စတွေ ခေါင်းထဲက ထုတ်၊ အေးဆေးလေး နား။ ဟုတ်ပြီလား”

ရို့စ်က သိမ့်ရဲ့ ချည်ပါးပါး အင်္ကျီ အောက်က ကော^က်ကြောင်းတွေကို ကြည့် ပြီး နူးနူးညံ့ညံ့လေး ပြောသည်။

“တို့ သိမ့်က မိန်းမလှလေးပဲကွ”

“ဟုတ်လား”

သိမ့်က ရွှတ်နောက်နောက်ပြန်ပြောတဲ့အခါ ရို့စ်က သိမ့်ရဲ့ ဟို^က်ကျနေတဲ့ အင်္ကျီပုခုံးလေးကို အနည်းငယ် ဆွဲတင်ပေးသည်။

“တို့ဖြင့် ရို့စ် လှတာပဲ သိတယ်”

“အံမယ်။ ကုမ္ပဏီ မီတင်သွားရမှာမို့ အမျိုးသမီးဝတ် အနောက်တိုင်း suite ဝတ်ခဲ့တာကို ဘယ့်နှယ် လှရမတုန်း သိမ့်”

“ဒေါက်! ဒေါက်! မမလေး”

ထိုအချိန်တွင် တံခါးခေါက်သံနဲ့အတူ သိမ့်ကို ခေါ်သံပါကြားရသည်။

“ဝင်ခဲ့ မိစု”

မိစုဝင်လာတဲ့အခါ လက်ထဲမှာ လှပတဲ့ နှင်းဆီနီနီများနဲ့ ပန်းစည်းကို ကိုင်ထားသည်။

“မမလေး အတွက်တဲ့၊ ခြံဝမှာ delivery နဲ့ ပန်းစည်းလာပို့သွားလို့”

“ဟုတ်လား၊ ထားခဲ့လေ မိစု”

မိစုက ပန်းစည်းကို ရို့စ်နဲ့သိမ့်ထိုင်နေတဲ့ ဆိုဖာရှေ့က စားပွဲနိမ့်လေးပေါ်မှာ တင်ခဲဲ့ပြီး ပြန်ထွက်သွားသည်။

“ပန်းစည်းကို မကြည့်တော့ဘူးလား သိမ့်”

သိမ့်က ရို့စ် ပုခုံးလေးပေါ် ခေါင်းမှီချလိုက်ပြီး ဆက်ထိုင်နေသည်။

“ဟင့်အင်း ၊ မကြည့်တော့ဘူး”

“ဒီနေ့မှ မြန်မာပြည်ပြန်ရောက်တာ၊ ဒီနေ့ ချက်ချင်း သိမ့်အတွက် ပန်းစည်းရောက်တယ်ဆိုတော့ သိမ့်ကို သဘောကျတဲ့သူက သိမ့်အကြောင်း တကယ်အသေးစိပ်ကျကျ သိနေတဲ့ အသိုင်းအဝိုင်းကပဲ ဖြစ်ရမယ်။ သိမ့်လို ကုမ္ပဏီပိုင်ရှင် တစ်ယောက်ဆီကို ချဥ်းကပ်တာ အဲ့လို လုပ်ငန်းရှင်ထဲကပဲနေမယ်နော်”

“ဟုတ်မှာပေါ့”

“ဘယ်နှယောက်လောက် ရှိနေနိုင်လဲ သိမ့်”

“မသိဘူးလေ။ ရှိလှမှ နှစ်ယောက် သုံးယောက်လောက်ပေါ့ ရို့စ်ရဲ့”

“အဲ့လို ပန်းစည်းတွေ အပို့ခံရတာ သိမ့် ဘယ်လိုနေလဲ”

သိမ့်က ခပ်မတ်မတ် ပြန်ပြင်ထိုင်ပြီး ရို့စ်ကိုကြည့်သည်။နှစ်ယောက်သားက တကယ်ကို နီးနီးကပ်ကပ် နွေးထွေး ရင်းနှီးလွန်းတဲ့ နေထိုင်မှုမျိုး ဖြစ်သည်။

“ဘယ်လိုမှ မနေဘူး ရို့စ်၊ သိမ့် ဘာကို ရင်ခုန်လဲဆိုတာ ရို့စ်လည်းသိသားနဲ့”

ရို့စ် နှုတ်ဆိတ်ပြီး နားထောင်နေသည်။

“နောက်ပြီး ရို့စ်လည်း ဒီလိုပဲ မဟုတ်လားဟင်”

“ဘာကိုဆိုလိုတာလဲ သိမ့်”

“ရို့စ်ရော သိမ့်ရော အမျိုးသားတွေကို စိတ်မဝင်စားကြဘူးလေ။ မဟုတ်ဘူးလား”

“သိပ်ဟုတ်တာပေါ့ “

“အဟက်!ဟင်း”

နှစ်ယောက်သား သဘောကျကာ အသံထွက်အောင် ရယ်မိကြသည်။

“ရို့စ်က အနေအထိုင် ကင်းရှင်း တည်ကြည်တော့ အခုလို ပန်းစည်းတွေ လက်ခံစရာမလိုတော့ဘူးပေါ့နော်။ တို့မှာက အလုပ်သဘောအရ ဆက်ဆံနေရတဲ့ တခြား ကုမ္ပဏီ လုပ်ငန်းပါတနာတွေက အများသားဆိုတော့ ဒါတွေ မလိုချင်လည်း ရနေတော့တာ”

“သိမ့်က လူတွေကို အမြဲ သဘောကောင်း ပြီး ပြောဆိုနေထိုင်တတ်တာကိုး၊ ဘယ်လိုဖြစ်ဖြစ် ပန်းစည်းတွေကို ကိုင်တောင်မကြည့်တာတော့ အသဲမာ သားနော်”

“စိတ်မှ မဝင်စားတာ ရို့စ်ရဲ့၊ တို့စိတ်ဝင်စားတဲ့ သူများ တွေ့ရင်တော့လား မာနိုင်ဦးမလားလို့ ဒီအသဲ”

“အမယ်လေး ၊ တွေ့မှတွေ့ပါစေဦး သိမ့်ရယ်၊ဒါနဲ့ တို့ရဲ့ နေ့ရက်ဟောင်းတွေကို လွမ်းတယ်ကွယ်”

“ဘယ်လို ရို့စ်”

“သြော် ၊ အရင်လို ရက်ရှည် နားရက်ယူပြီး ပြည်ပ ကို ခရီးထွက်ပြီး ဘားထိုင်ချင်ထိုင်၊ မဟုတ်ရင် တစ်နေရာရာမှာ အေးအေးလူလူ အနားယူ လည်ပတ်ရတာကို ပြောတာ သိမ့်ရဲ့”

“ဒါဖြင့် အခုပဲ အလုပ်ကိစ္စတွေ မေ့ထားပြီး ရက်ရှည် ခရီးထွက်မလား”

“အို…အခုက အလုပ် သိပ်များတယ်လေ သိမ့်၊ နောက်ပြီး တို့တွေက အရင်လို လူငယ်တွေလည်း မဟုတ်တော့ဘူး။ သိမ့်ဆို တို့ထက်တောင် အလုပ်ပိုများသေးတာကို”

“ဟွန့်၊ သူပဲ အလုပ်ပိနေတဲ့သူကြီး”

သိမ့်အပြောကို ရို့စ်က အသံတိတ် ရယ်နေလေတော့သည်။

ဒီထက်ငယ်ရွယ်ခဲ့ကြချိန် အသက် ၂၅ နှစ်လောက်တုန်းကတော့ ရို့စ်နဲ့သိမ့်တို့ ပြည်ပခရီး အတူသွားခဲ့ကြသည်။ အလုပ်ကိုယ်စီ ရှိကြသော်လည်း အလုပ်ကို မေ့ထားပြီး လွတ်လွတ်လပ်လပ် သွားလာခဲ့ကြသည်။ နိုင်ငံခြား LGBTQ ဘား တွေမှာ စိတ်ထွက်ပေါက် အနေနဲ့ ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေး အချိန်ကုန် လည်ပတ်ခဲ့ဖူးကြသည်။

အခုတော့ သုံးဆယ်ကျော် လူလတ်ပိုင်းအရွယ်ရောက်ခဲ့ကြပြီး အရင်လို နေထိုင်သွားလာလို့ ရရင်တောင် အလုပ်ကို ပို ဦးစားပေး တည်ငြိမ်လာကြသည်။ ဒေါ်ရိုစီဝင့်နဲ့ ဒေါ်သိမ့်ဝတီ ဆိုတဲ့ စည်းစိမ်ချမ်းသာပြီး ထက်မြက် လှပတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး လိ–င် စိတ်တိမ်းညွှတ်မှုကို တခြားဘယ်သူမှ သိနိုင်ဖွယ် မရှိခဲ့။

“ဒါနဲ့ ရို့စ်”

“ဟင် သိမ့်”

“အဲ့ဒီကောင်မလေးအကြောင်း တို့ကို ထပ်ပြောပြဦး”

ရို့စ်က ဘာမှမပြောပဲ သိမ့်ကို ကြည့်လိုက်တဲ့အခါ သိမ့်ကဆက်ပြောသည်။

“ရို့စ်ရဲ့ ရှေးရိုးစွဲမလေး အကြောင်း”

……………………………

Author Yeik Hsar Yar

📣🚨ဒီ GL fic ဇာတ်လမ်းသစ်လေး မှာ ပါဝင်တဲ့ 🔞ဆ”င် ဆာ အခန်းတွေကို ထင်သာမြင်သာရှိပြီး လှပအောင်၊အဆင့်အတန်း ရှိအောင် ရေးဖွဲ့ ထားပါတယ်။

စိန်ဆိုင်ပိုင်ရှင်သူဌေးမကြီး ဒေါ်ရိုစီဝင့်နဲ့ နုနယ်အေးချမ်းတဲ့ ကျေးလက်သူလေးတို့ရဲ့ အချစ်၊အကြ^မ်း၊အန^မ်း များကို ဆွဲဆောင်မှုရှိရှိ ဖတ်ရမှာပါ။

Post Views: 92
အပြာစာအုပ်

Post navigation

Previous Post: ဘော့စ်၏စေညွှန်ရာ အခန်း (၁) (GL ဇာတ်လမ်း)
Next Post: ” ပထမ ကောင်းကင်ရဲ့ … ဒုတိယ အိပ်မက် ” [ ပထမ ပိုင်း ]

Related Posts

အပျိုမလေး ပိုးအိ – အပြာစာပေ အပြာစာအုပ်
ခင်ယုလွင် (စ/ဆုံး) အပြာစာအုပ်
အတိတ်လမ်း – အပြာစာပေ အပြာစာအုပ်
မုဆိုးမ တီလေး အပြာစာအုပ်
ကာမရေလျဉ် အပြာစာအုပ်
ခယ်မ – အပြာစာပေ အပြာစာအုပ်

လစဥ် တင်ထားသောစာအုပ်များ

  • July 2026
  • June 2026
  • December 2025
  • November 2025
  • October 2025
  • August 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • December 2024
  • October 2024
  • September 2024
  • August 2024

Categories

  • တစ်ပိုင်းထဲပြီး
  • မြန်မာစာတန်းထိုးဇာတ်ကားများ
  • သရဲစာအုပ်
  • အပြာစာအုပ်

Recent Posts

  • ဆရာမလေး
  • သူငယ်ချင်းကောင်း
  • သူ့လိုမိန်းမ
  • ထရံပေါက်က ကိုလူပျို
  • မြသွေးလေး မေ့မရတဲ့ကိုကို

Recent Comments

No comments to show.

Copyright © 2026 ApyarSite.

Powered by PressBook Grid Dark theme