တပ်ကြပ်ကြီး စိတ်ကူးယဉ်သည်။
“ ဒက်ဒီ အထုပ်တွေ ခနကြည့်ထားလိုက်အုန်းနော်၊ မာမီ ရက်စ်ရုမ်း သွားမလို့”
“အိုကေ”
ကလေးနှစ်ယောက် က သူတို့ ဂတ်ဂျက်တွေနဲ့ သူတို့ အလုပ်ရှုတ်နေမယ် ဆိုတာ သိထားသော အိမ်သူက ကိုရဲ ကိုသေခြာမှာခဲ့ပြီးမှ အိမ်သာ ရှိရာသို့ထွက်သွားတော့သည်။ ကိုရဲ ကလည်း အထုပ်တွေကို တစုတစည်းထဲ ဖြစ်အောင်နေရာချပြီးမှ သူ့ကျောပိုးအိပ်ထဲမှ တက်ပလက်လေးကို ဆွဲထုပ်လိုက်သည်။ လေယာဉ်က ၁၄နာရီလောက်စီးလာခဲ့ရတာဆိုတော့ အညောင်းအငြာပြေလမ်းလျှောက်ချင်သေးသည်။ နောက် နှစ်နာရီလောက် အချိန်ရသေးတာပဲလေ၊ မိန်းမပြန်လာမှ သွားတော့မည်ဟု စိတ်ကူးလိုက်သည်။ လေဆိပ်က အလကားပေးထားသည့်ဝိုင်ဖိုင်ကို ကလေးတွေ နည်းတူ အသုံးချလိုက်အုန်းမည်ဟု တွေးကာ တက်ပလက်ကိုဖွင့်လိုက်သည်။
တက်ပလက်ကို ပါဝါအွန်လိုက်ရင်းမှ ဘေးဘီကို ခေါင်းမော့ လှည့်ပတ်ကြည့်လိုက်ရင်း ခုံတန်း နှစ်တန်းကျော်မှ မိသားစုတစုကို သတိထားလိုက်မိသည်။ ယောက်ျားဖြစ်သူက အထုပ်အပိုးတွေကို စစ်နေတုန်း အမျိုးသမီးက တောက်တောက် ပြေးနေသော သူ့ခလေးလေးကို ကြည့်နေသည်။ ဆံပင်ပုခုံးထောက်၊ မျက်နှာဝိုင်းဝိုင်း မျက်မှန်ကိုင်းမျှင်မျှင်လေး အနက်ရောင်နှင့် ဘေးတိုက်အနေအထားကကြည့်တော့ တနေရာမှာ တွေ့ဘူးသလိုလို။ ဘာရယ်မဟုတ်ကိုရဲက အသိများလားဟု ငေးကြည့်နေတုန်းမှာပဲ ထိုအမျိုးသမီးမျက်နှာက မော့လာပြီး ကိုရဲ ဘက်ကို လှမ်းကြည့်လိုက်သည်။ သူတို့ နှစ်ယောက် အကြည့်ချင်းဆုံသွားသည်။
“ဟိုက်”
ကိုရဲ ရင်ထဲဒိန်းကနဲဖြစ်သွားသည်။ ထိုအမျိုးသမီး၏ အကြည့်ကလည်း သူ့ဆီက မလွဲတော့၊ မျက်ခုံးလေး နည်းနည်းတွန့်သွားသည်။ မျက်လုံးနက်နက် ကလေး က သူ့ကို စိုက်ကြည့်နေသည်။ အထုပ်တွေကို ကုန်းဖွရင်း တခုခု ရှာနေဟန်တူသော အမျိုးသားဘက်ကို ကိုရဲက မျက်စတချက်ကြည့်ပြလိုက်ရင်း အမျိုးသမီးကို မသိမသာမေးလေးငေါ့ပြလိုက်သည်။ အမျိုးသမီးကလည်း ခေါင်းလေးကို မသိမသာလေးငြိမ့်ပြလိုက်သည်။
ကိုရဲ သူ့တက်ပလက်မှာ စိတ်မဝင်စားတော့ လက်ချောင်းထိပ်ကလေးဖြင့် ဆလိုက်လုပ်ကာ ဖွင့်လိုက်ပြီးမှ ပါဝါခလုပ်ကို ပိတ်လိုက်သည်။ စားသောက်ဆိုင်တွေ ၊ဂျူတီဖရီးဆိုင်တွေဘက်ကို အသာလေးမေးဆပ်ပြလိုက်မိသည်၊ အမျိုးသမီးကလည်း ခေါင်းငြိမ့်ပြလိုက်သည်။ ခနနေတော့ အိမ်သာသွားသော မိန်းမ ပြန်ရောက်လာသည်။
“ ကဲ ဒက်ဒီ ရော သွားအုန်းမလား၊ “
“ ဟင့်အင်း ဒက်ဒီ ဟိုဆိုင်တွေဖက်သွားကြည့်လိုက်အုန်းမယ်၊ ကော်ဖီလည်းသောက်ချင်လာလို့”
“ သွားလေ၊ ဟဲ သားရော သမီးရော တခုခု စားချင်သေးလား ဒက်ဒီ နဲ့ လိုက်သွားလေ”
အိုင်ပက်က ရုပ်ရှင်ကြည့်နေသော သားနှင့် လက်တော့ ဖြင့် ချပ်တင်းလုပ်နေသော သမီးတို့ နှစ်ယောက်စလုံး ခေါင်းတွေယမ်းလိုက်ကြသည်။ ကိုရဲ က၊
“နေပါစေ သူတို့ ဆာရင် ပြောလိမ့်မယ်”
သူတို့ လေယာဉ်ပေါ်တက်ရမဲ့ ဂိတ် နေရာက နေထွက်လိုက်တော့ လမ်းမှာက ဂိတ်တွေက မျက်စေ့တဆုံး တန်းစီနေသည်။ ကြားထဲမှာက ဂျူတီဖရီးဆိုင်တွေ၊ စားသောက်ဆိုင် တွေ၊ ကော်ဖီဆိုင် တွေ လည်း အစီအရီ၊ လူတွေက လည်း ဟိုသွားဒီသွား နဲ့ လှုပ်ရှားနေကြသည်။ကိုရဲက သူထိုင်နေခဲ့သည့်နေရာမှ လှမ်းမမြင်ရလောက်သည့် နေရာလောက်ရောက်မှ ခနရပ်ရင်း ဘေးနားက မဂ္ဂဇင်းစင်ပေါ်က မဂ္ဂဇင်းတအုပ်ကို ဆွဲယူလှန်လှောရင်း မျှော်နေမိလိုက်သည်။ မကြာခင်မှာပင် ခုန အမျိုးသမီး တယောက်ထည်း လမ်းလျှောက်လာတာတွေ့လိုက်ရသည်။ သူ့ရင်တွေလည်း တဒိတ်ဒိတ် ဖြစ်လာသည်။
“ချစ်”
“ချစ်”
သူ့ရင်ခွင်ထဲ တိုးဝင်လာ သော အမျိုးသမီး ကို တင်းတင်းကြပ်ကြပ်လေး ပွေ့ဖက်လိုက်မိသည်။ နူတ်ခမ်းလေးပေါ်ကို ဖွဖွလေးပဲ နမ်းလိုက်မိသည်။ သူတို့ နှစ်ယောက် တယောက်နှင့်တယောက် “ချစ်” လို့သာခေါ်ခဲ့ကြသည်။ “ကို” တို့ “မောင်” တို့၊ “မေ” တို့ “မ” တို့ အဲဒါတွေ မသုံးခဲ့ကြ။
“ချစ် .. ဒီနားမှာ မကောင်းဘူး တနေရာသွားရအောင်”
ကိုရဲက ခေါင်းငြိမ့်လိုက်ပြီး အမျိုးသမီး လက်ကို ဆွဲကာ အမြန်လျှောက်လာခဲ့မိသည်။ ဒီလေဆိပ်က သူရွာပြန်တိုင်း ထရန်စစ် နားနေကြမို့ ဘယ်နေရာ ဘာရှိသည်ဆိုတာကို အလွတ်ရပြီးသား၊ တခါတလေ ပြောင်းစီးမည့်လေယာဉ်စောင့်ရတာ ခုနှစ်နာရီ၊ ရှစ်နာရီလောက် ကြာအောင် စောင့်ခဲ့ရဘူးတာမို့ တရေးတမောအိပ်ဖို့တောင်နေရာ ရှာခဲ့ဘူးသည်။ ထိုလေဆိပ်ကလည်း အနောက်ကမ္ဘာနှင့် အရှေ့ကမ္ဘာ လေယာဉ်ခရီးစဉ်များကို လေယာဉ်အပြောင်းအလဲလုပ်ပေးနေကြမို့ထင်သည်။ ခရီးသည်များ တိတ်တိတ်ဆိတ်ဆိတ် လှဲလျှောင်းနားနေနိုင်သည့် လယ်သာလောင့်ခ်ျ (သားရေသားချူပ် ပက်လက်ခုံ) တွေပါရှိသည်။
ကိုရဲက လယ်သာလောင်ခ်ျလည်းရှိ ပရိုက်ပိတ်စီလည်းရှိသော နေရာသို့ အမျိုးသမီးကို ခေါ်သွားလိုက်သည်။ သူတို့ ထိုင်လိုက်သော ရှေ့မှာက မှန်ချပ်ကြီးသာရှိပြီး အပြင်ဘက်မှာတော့ လေဆိပ်တာမင်နယ် တစ်နှင့် နှစ်ကို ကူးလူး ပြေးလွှားပေးနေသော ရထားလမ်းကိုသာတွေ့နေရသည်။
“ချစ်မတွေ့ရတာကြာပြီနော်”
“အင်း”
အဲလောက်ပဲ ပြောဖြစ်ကြပြီး နူတ်ခမ်းအစုံက စကားပြောဖို့မအားကြတော့ အသက်ပင်မရူနိုင်ကြ။ အမျိုးသမီးရဲ့ နူးညံ့ချိုမြိန်တဲ့ နူတ်ခမ်းနုနုလေးတွေကို ကိုရဲအငမ်းမရစုပ်ယူနေချိန်မှာ အမျိုးသမီး ၏ လျှာထိပ်ကလေးက ကိုရဲရဲ့ ပါးစပ်ထဲကို တိုးဝင်လာသည်။ သူတို့ရဲ့ ရင်းနှီးပြိးသား လျှာချင်း ပွတ်သပ်တို့ကစားမိကြသည်။ အသက်ရူမဝကြတော့မှ တယောက်နှင့်တယောက်ပါးစပ်ချင်းခွာကာ တယောက်မျက်နှာတယောက်
ကြည့်မိကြသည်။
“ချစ် သမီးလေးလား တောက်တောက် တောင်ပြေးနေပြီနော်”
“ဟုတ်တယ်ချစ်၊ အရမ်းဆော့တာပဲ၊ ချစ်ခလေးတွေရော တော်တော်ကြီးနေကြပြီနော်၊ ဖဘမှာတွေ့တယ် သမီးက တက္ကသိုလ်သွားနေပြီနော်”
“ဟုတ်တယ်ချစ်”
“ချစ်လည်း နည်းနည်းပြည့်လာတယ်၊ မျက်နှာကတော့ ဟိုးအရင်တုန်းကလိုပဲ နုတုန်းလှတုန်း၊ ခလေးအမေလို့တောင်ဘယ်သူမှ ထင်မှာမဟုတ်ဘူး”
“ဟွန့် ချစ်ကလည်း မြှောက်နေပြန်ပါပြီ၊ ခလေးမွေးပြီးပြီးချင်းတုန်းက အရမ်းဝလာတာ၊ ခုမှ ပြန်ကစားပြီး နည်းနည်းကျသွားတာ၊ အဲဒီတုန်းက ဖဘ မှာ ဘာပုံမှ မတင်လို့ ချစ်မတွေ့တာ၊ ခစ်ခစ်။ ချစ်တွေ့ရင် စိတ်ပျက်သွားမယ်”
“စိတ်မပျက်ပါဘူး ကွာ ချစ်ကို ချစ်တာပဲ ဟာ ချစ်ကိုယ်လုံးကို ချစ်တာမှ မဟုတ်ဘဲ၊ တုတ်တုတ်လေး ဆို ပိုတောင်ကြိုက်သေးတယ် ခိခိ”
“အင်း၊ သမီးလေးတောင် ခုသုံးနှစ်ပြည့်တော့မယ် ဆိုတော့ ချစ်နဲ့ နောက်ဆုံးတွေ့တာ ၅နှစ်လောက်ရှိသွားပြီနော်၊ အချိန်တွေက အကုန်မြန်လိုက်တာ”
“ဟုတ်ပ၊ ကိုက ချစ်ကို တချိန်လုံးသတိရနေတာပါကွာ၊ ချစ်က မိသားစုနဲ့ ကလေးနဲ့ အော်ကီပိုင်းဖြစ်နေမယ်ဆိုတာ သိလို့သာ ကိုယ်ချစ်ကို အနှောင့်အယှက်မပေးတာပါ၊ ချစ်နဲ့ ချပ်လုပ်ထားတာလေးတွေပဲ အပျင်းပြေပြန်ဖတ်မိတယ်။ နောက်ဆုံးနေခဲ့ရတာလေးလည်း အမြဲ စိတ်ထဲမှာ သတိရနေတာ”
“သိပါတယ် ချစ်ရယ်၊ မလည်း ချစ်ကို သတိယနေတာပါ၊ အဲဒီနောက်ဆုံးတွေ့တုန်းက ချစ်ကို အားနာလိုက်တာလေ၊ အဝေးကြီးကလာပြီးတော့ ခစ်ခစ်”
“ ဘာလည်း ချစ်မီးနီပြနေတာကို ပြောတာလား၊ ကိုပြောပြီးပကော၊ ချစ်ကို ဖက်အိပ်ရရင်ကျေနပ်နေတာပါလို့၊ ဒါပေမဲ့ နောက်တခါမီးနီပြနေရင်တော့ သည်းမခံဘူးလို့ ဒီလမ်းမီးနီပြနေရင် နောက်လမ်းက မောင်းမယ်လို့ ခိခိ။ အဲဒါလည်းပြီးရော နောက်တခါမဆုံဖြစ်ကြတော့ဘူးလေ။ ခု ၅နှစ်ကြာမှ တိုက်တိုက်ဆိုင်ဆိုင် ဒီလိုနေရာမှာလာဆုံတာ”
“ အင်းလေ လေယာဉ်တစီးထဲကို တယောက်နဲ့တယောက်မမြင်မိကြဘူး”
“ချစ် .. ရွာမှာ ဘယ်လောက်ကြာမလဲ”
“ တလလောက် နေမလားလို့ ချစ်ရော”
“ကိုလည်း တလလောက်နေမလားလို့၊ ကိုတို့ ဆုံလို့ရမလား အနည်းဆုံးတခါလောက်ကွာ”
“အင်း.. ကြည့်မယ်လေ ချစ်”
“အင်း ဟိုကျရင် ကိုသုံးမဲ့ ဖုန်းနံပါတ်ယူထားလိုက်၊ နောက်ပြီးတော့ မီးနီမပြမဲ့နေ့ရွေးလာနော်၊ ဒီတခါတော့ ခွင့်မလွှတ်နိုင်ဘူး၊ တခြားလမ်းကဖြတ်မှာ၊ ခစ်ခစ်”
“အင်းပါ..ချစ်ကလည်း ခစ်ခစ်”
“ ကဲသွားရအောင် ချစ်ဘဲကြီး စိတ်ပူနေအုန်းမယ်တော်ကြာ”
“အင်း ချစ်၊ ချစ်တယ်နော်”
“ချစ်တယ်”
နူတ်ခမ်းချင်းပြန်ဆုံမိကြပြန်တယ်၊ ကိုရဲ မချင့်မရဲနဲ့ အမျိုးသမီး၏ ဂျင်းရှော့ပင်ဝတ်ထားသော်လည်း လုံးကျစ်ထွက်နေသည့် အိုးလေးကို သူ့လက်ဖဝါးဖြင့် တချက်ဖျစ်ညှစ်လိုက်မိသည်။ နောက်တော့ လူချင်းခွာလိုက်ကြပြီး၊ ကိုရဲ အနားက မခွာချင်ခွာချင်နဲ့ လက်ပြထွက်သွားရှာတဲ့ အမျိုးသမီးလေးရဲ့ နောက်ကျောကနေ ရပ်ကြည့်နေမိလိုက်သည်။
ကိုယ်လုံးလေးက မဆိုစလောက်ကလေးတုတ်နေပေမဲ့ လုံးဝန်းကောက်စွံ့နေတဲ့ တင်သားတွေကြောင့်ခါးလေးက ကျင်နေသလိုဖြစ်နေသည်။ ညိုဝင်းဖြောင့်စင်း ပြီး ကျန်းမာရေးကောင်း ပုံပေါက်နေတဲ့ ပေါင်တန်ချောမွေ့မွေ့လေးတွေက ကိုရဲ ရဲ့ ဒူးတွေကို တောင် ညွှတ်ခွေကျချင်လာအောင် အတွေးတွေ ခေါင်စေခဲ့သည်။
ဒီတခါအခွင့်ရရင်ဖြင့်၊
“”” ဟငျးးးးးးးးးးးးးးးးးးးးးးးးး”
သက်ပြင်းရှည်ကြီးချလိုက်ရင်း၊ အမျိုးသားလို့ရေးထားတဲ့ လေဆိပ်အိမ်သာထဲဝင်လာခဲ့မိပါတော့သည်။
………………………………………………
ပြီးပါပြီ။