Skip to content

ApyarSite

အပြာစာအုပ်များ

ဒီတဲမှာ သရဲနေတယ်လေ ဒီမှာ သရဲရှိတယ်

Posted on October 24, 2025October 24, 2025 By apyarkg

ဒီတဲမှာ သရဲ…နေတယ်လေ…ဒီမှာသရဲရှိတယ်
ရေးသားသူ – Ye Tay Za Kyaw (ကာရန်ငယ်)

`ဂျိမ်း…ဂျလိန်း ဂျိမ်း..ဝေါ..ဝေါ..ဝေါ´

မိုးမှာ သည်းကြီးမဲကြီး ရွာသွန်းနေလျက် လေများကလည်း အဆက်မပြတ် တိုက်ခတ်နေသောကြောင့် လေသံနှင်မိုးသံတို့မှာ ရောနှောနေခဲ့သည်။ ထိုအချိန်မှာ ညနေစောင်း မိုးချုပ်လုစအချိန် ဖြစ်သည်။ ပတ်ဝန်းကျင်းကလည်း မှောင်မည်းစပြုနေပြီ မိုးကလည်း တိတ်မည့်ပုံမပေါ်ပေ။ ထို့ကြောင့် ကျွန်တော် ဘယ်မှာ နားခိုရမည်နည်း။ ကျွန်တော့်တွင် တစ်ကိုယ်လုံးကို လုံစေတဲ့ မိုးကာအင်္ကျီရှည်ကြီးတစ်ထည်မှလွဲ၍ ဘာမှမပါပေ။ လမ်းမှာလည်း တောလမ်းလေးဖြစ်သည့်အလျောက် ရွှံ့ဗွက်များမှာ ထူထပ်နေပေသည်။ ဒါ့အပြင် မိုးချုပ်နေတဲ့ လောကကြီးကို ကျွန်တော်အဘယ်သို့မျှ ပုံကန်ရမည်နည်း။ မိုးအတွက် အကာအကွယ် ယူရပေဦးမယ်။

တခြားမစဉ်းစားတော့ပဲ ကျွန်တော်၏မျက်စိများက နားခိုရန်နေရာကောင်းကောင်းရဖို့ ဆော့ကစားရှာဖွေနေခဲ့ပါသည်.။ မကြာမီ မှောင်လုနေသော ပတ်ဝန်းကျင်ထဲမှ မထင်ရှားသည့် ဝိုးတိုးဝါးတား အရာဝတ္ထု တစ်ခုကို ကျွန်တော် တွေ့လိုက်ရသည်။ ထိုအရာသည် သက်မဲ့ဖြစ်ဟန်တူသည်။ ကျွန်တော်၏ ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်ကာ `ဒါဟာငါ့အတွက် တည်းခိုစရာနေရာ ဖြစ်ကောင်းဖြစ်နိုင်တယ် ´ ဟု စိတ်ကရေရွှတ်ရင်း မထင်မရှားမြင်နေရသော အရာဝတ္ထုဆီကို ဦးတည်ခဲ့ပါသည်။ အနားရောက်မှ တဲလေးတစ်လုံးဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်တော် အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။

အဆိုပါတဲလေး၏ အမိုးမှာ ကောင်းမွန်၍ တဲအတွင်း၌ ခြောက်သွေ့နေမည်ဟု တဲလေး၏ အသွင်အပြင်ကိုကြည့်၍ ကျွန်တော် ယူဆမိလိုက်ခြင်း ဖြစ်သည်။ တဲမှာ လူနေဟန်ရှိမည်မတူ ။ တံခါးမှာ သော့မရှိပေမယ့် ဂျလက်ထိုးထားလေသည်။ မိုးမှာလည်းပို၍ပင် သည်းလာသည်ဟု ထင်ရပေသည်။ ထိုတဲအတွင်းမှာ တစ်ညတာ တည်းခိုရန် ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော် တွေဝေမနေတော့ပဲ တံခါးဂျလက်ကို ဖွင့်ကာ တဲထဲသို့ဝင်ခဲ့သည်။

တဲအတွင်းမှာ မှောင်ပြီး ထိုင်းမှိုင်းနေသည်ကို တွေ့ရပေသည်။ အသင့်ပါလာသော မီးခြစ်ကို တစ်ချက်ခြစ်လိုက်ရာ တဲအတွင်းသို့ ဝင်ရောက်သည့် မည်းနက်သောလမ်းကို မီးရောင်ဖြင့် မြင်တွေ့လိုက်ရပေသည်။ အခုလို စိတ်ပျက်ဖွယ်ရာညမျိုး လူသူမရှိတဲ့ အရပ်တွင် ရှိသည့် လမ်းကလေးမှ တစ်ဦးတစ်ယောက် ဖြတ်သွားမည်ကို အနည်းငယ်သာ စိုးရိမ်ဖွယ်ရှိသော်လည်း တဲတံခါးဝကို လုံခြုံမှုရှိအောင် ဂရုတစိုက် ပိတ်လိုက်လေ၏။ ကျွန်တော် မီးခြစ်တစ်ချက် ထပ်ခြစ်ပြီး အတွင်းလမ်းလေးအတိုင်း ဝင်ရောက်ခဲ့ရာ အခန်းငယ်တစ်ခန်းကို တွေ့ရလေသည်။ ထိုအခန်းငယ်တွင် လေကောင်းလေသန့်ရသောကြောင့် နေသာထိုင်သာ ရှိသွားခဲ့သည်။ ထို့ပြင် သံချေးတက်နေသော မီးဖိုတစ်လုံးကို တွေ့ရှိရလေသည်။ ကျွန်တော်၏ အတွင်းတွင် ခံဝတ်ထားသော အင်္ကျီမှ အပိုင်း တစ်ချို့ကို ပါလာသောဓားဖြင့် ဖြတ်ယူပြီး မီးမွှေးလိုက်ရာ မကြာမီအချိန်အတွင် မီးလင်းလာခဲ့သည်။ မီးဖို၏အနောက်ဖက်တွင် သစ်သားများပုံထားတာကြောင့် မီးမွှေးရန် ကျွန်တော့်အတွက် အလုပ်ဖြစ်လိမ့်မယ်ဟု ထင်သည်။ ကျွန်တော့်၏ ဘွတ်ဖိနပ်ကို ချွတ်ကာ ခြောက်သွားစေရန် မီးဖိုဘေးတွင် ထောင်ထားလိုက်သည်။ အားလုံးအဆင်ပြေသွားပြီ ဖြစ်သောကြောင့် ကျွန်တော့်၏ ခန္ဒာကိုယ်ကို ကြမ်းပြင်ပေါ်သို့ လှဲချလိုက်ပါသည်။

ခဏတာ မှေးခနဲ အိပ်ပျော်သွားပေမယ့် နိုးလာတဲ့အခါ မီးဖိုမှမီးများက ဝင်းလက်စွာ တောက်လောင်နေသောကြောင့် ကျွန်တော် ကြာရှည်စွာအိပ်မရပေ။ ထို့အပြင် ကျွန်တော်၏ ခန္ဒာကိုယ် ထုံထိုင်းကိုက်ခဲမှုကတစ်ကြောင်း ၊ ကြမ်းပေါ်တွင်လှဲ၍ အိပ်ရသဖြင့် တစ်ဦးတစ်ယောက်၏ သွားလာလှုပ်ရှားသံများကို ကြားနေရသဖြင့် ကြာကြာမအိပ်နိုင်ခြင်းလည်း ဖြစ်သည်။ တဖက်သို့ ကိုယ်ကို လှည့်ပြီး အိပ်မည်ပြုရာ အခန်းဆီသို့လာသည့် ခြေသံကို ကြားနေရသောကြောင့် ကျွန်တော် ထိတ်လန့်သွားခဲ့သည်။ ပြတင်းပေါက်များကို ပျဉ်ပြားနှင့် အသေပိတ်ထားသည့်အပြင် အဝင်တံခါးကိုလည်း ကျွန်တော် သေချာပိတ်ခဲ့ခြင်းဖြစ်၍ တဲအတွင်းသို့ဝင်ရန် အပေါက်မရှိပေ။ ထို့ကြောင့် ကျွန်တော် အတော်အတန် ကြောက်လန့်သွားသော်လည်း ထ၍ရင်ဆိုင်ရသည်မှတပါး အခြားမရှိပါတော့ချေ။ ထိုဝင်လာသော လူစိမ်းသည် သွက်လက်ခြင်းမရှိ ၊ မီးတောက်နေသော မီးဖိုဆီသို့ တဖြေးဖြေး လျှောက်၍သွားလေသည်။

သူသည် အခန်းထောင့်တစ်နေရာတွင်ရှိသော ကျွန်တော့်ကို သတိပြုမိဟန် မတူချေ။ ထိုလူမှာ မီးဖို့ရှိရာသို့ တည့်မတ်စွာ လျှောက်သွားရင်း သူ၏စွတ်စိုနေသော လက်အစုံကို မီးကင်နေလေသည်။ ထိုလူကို ကျွန်တော် မျက်ချေမပြတ် သေသေချာချာ ကြည့်ပြီး အကဲခတ်နေမိသည်။ ထိုလူမှာ အခုလိုညမျိုးတွင် လူသားတစ်ယောက် ကြုံတွေ့ရသည့် စိုစွတ်မှုထက်ပင် ပို၍ ဆိုးဆိုးဝါးဝါး စိုစွတ်လျက်ရှိသည်ကို တွေရပေသည်။

အဝတ်အစားများက ဟောင်းနွမ်း စုတ်ပြတ်နေပြီး သူ့ခန္ဒာကိုယ်ပေါ်မှ ရေများဟာ ကြမ်းပြင်ပေါ်သို့ စီးကျလျက်ရှိပေသည်။ ဦးထုပ်လည်း ဆောင်းထားခြင်း မရှိပေ။ သူ့မျက်လုံးများအထက်ရှိ ထောင်နေသော ဆံပင်များမှ ရေစက်တို့က မီးကျီခဲများအပေါ်သို့ စီးကျနေသောကြောင့် တရှဲရှဲ မြည်နေပေသည်။ ထိုလူကို ကျွန်တော် မြင်လိုက်သည်နှင် တစ်ပြိုင်နက် ဥပဒေဘောင်အတွင်းမှလူ မဟုတ်ဟု ယူဆမိလိုက်သော်လည်း လူကြီးလူကောင်းတစ်ယောက်ဖြစ်မည်ဟု တဖန် တွေးယူမိလိုက်ပြန်သည်။ ထို့ကြောင့် ကျွန်တော်ကပဲ သူ့ကို စတင်နှုတ်ဆက်လိုက်လေရာ မကြာမီ ရင်းနှီးသွားကြပါသည်။ ကျွန်တော်က စကားစမိလိုက်သည်..။

`ကျွန်တော်တို့ လူသားတွေအတွက်တော့ သာယာတဲ့ မိုးလေဝသဆိုတာ ဘယ်မှာရှိနိူင်မှာလဲ မိတ်ဆွေရာ ။ ဒါပေမယ့် ဒီတဲကလေးက ခြောက်ခြောက်သွေ့သွေ့ ရှိနေလို့ တော်သေးတယ်လို့ ဆိုရမှာပေါ့ဗျာ´

တဲအပြင်ဖက်တွင် ရှိနေသော သေလုမျောပါး နေကြာပင်များနှင့် အတိုင်းအဆမရှိ သန်စွမ်းနေကြသော ပေါင်းပင်ကြီးများသည် မိုးရေကြောင့် ယိမ်းထိုးနေကြလေသည်။ ထိုလူစိမ်းက

`တစ်ချိန်က ဒီတဲလေးဟာ သိပ်သန့်ရှင်းမှု မရှိခဲ့ဘူး။ ဒါပေမယ့် သာမာန် ဧည့်ရိပ်သာလေ တစ်ခု ဖြစ်ခဲ့တယ်။ အခုတော့ အမြဲနေတဲ့သူ မရှိတော့ဘူး´

သို့သော် သ**********များ နေထိုင်သည့် နေရာတို့တွင် တွေ့ရတတ်သော ဘူးခွံ၊ ပုလင်းခွံ စသည်တို့ကို ဤတဲ အတွင်းတွင် လုံးဝမတွေ့ရပေ။

`ဒါနဲ့ … အဲ့ဒါတွေကို ဘာလို့မတွေ့တာလဲ…´

သူပြောခဲ့သလို သန့်ရှင်းမှုမရှိခဲ့ဘူးဆိုရင် အခု ဘာကြောင့် အဲ့အရာများ မတွေ့ရသနည်း။ ကျွန်တော် မေးခွန်းထုတ်နေမိသည်။ ထိုလူက အဖြေစကားမဆိုမီ မသက်သာသောဟန်ဖြင့် သက်ပြင်းကို လေးလေးပင်ပင် ချကာ

`ဒီတဲမှာ သရဲ…နေတယ်လေ…ဒီမှာသရဲရှိတယ်´

ကျွန်တော် မယုံနိုင်သော အကြည့်နှင့် မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်မိလိုက်သည်။

`အဲ့ဒီသရဲက အလွန်အစွမ်းထက်တာ၊ သူ့ဇာတ်လမ်း အကျဉ်းကတော့ သူဟာ ဒီတဲအနောက်မှာရှိတဲ့ ရေတွင်းပျက်ထဲကို ကိုယ်တိုင် ဆင်းသေလိုက်တာပဲ ..´

ကျွန်တော် စိတ်ဝင်စားသွားပြီး သူ့အနားကို တိုးသွားမိတယ်။ ဒီနောက်သူက ဆက်ပြီးပြောတယ်။

`တွေ့တဲ့ လူတွေက ဆွဲတင်လိုက်တော့ သူ့တကိုယ်လုံး ရွှံ့တွေပေပြီး သေနေတယ်။ အဲ့ဒီသရဲက ဒီတဲပေါ်ကို တက်လိုက်ဆင်းလိုက် လုပ်နေတယ် ။ တခါတခါ ဒီတဲထဲကို မိုးဝင်ခိုတဲ့ လူတွေဆိုရင် သူ့ခြေသံကြောင့် အိပ်ရေးပျက်ကြရတယ်..။ ´

လို့ ပြောရင်း ထိုလူစိမ်းက ထပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။ ကျွန်တော်က

`ဒါပေမယ်.. ကျွန်တော်တို့ကိုတော့ ဒီသရဲက ခြောက်မှာတော့ မဟုတ်ပါဘူး ´

`ဟုတ်ကဲ့ ….ကျွန်တော်တို့ကို သူက ခြောက်မယ်မထင်ပါဘူး´

သူ့စကားအဆုံးတွင် ကျွန်တော်က ရယ်လိုက်ပြီး

`ဟား..ဟား..ဟားး… ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်ကတော့ သရဲဆိုတာကို တစ်ခါမှ မမြင်ဖူးပါဘူး´

ထိုလူစိမ်းက စိတ်ပျက်သည့်အသွင်ဖြင့် ကျွန်တော်ကို စူးစိုက်ကြည့်လေသည်။ ပြီးတော့ သူက……

` ဟုတ်ကဲ့… ခင်ဗျား ဘယ်တော့မှ မြင်ဘူးမှာ မဟုတ်ဘူး ။ ဒါပေ့မယ့် … ဒီတဲမှာ ဝင်တည်းကြတဲ့ သူတွေအားလုံး သရဲမခြောက်ခံရတာ မရှိဘူး ။ အကုန်လုံး ခြောက်ခံရတာကြီးပဲ´

ထိုသူ မည်သို့ပင် ပြောနေပါစေ ကျွန်တော်က မယုံကြည်ပါ။

`ကျွန်တော့်ကို အိပ်ရေးပျက်အောင် လုပ်နေတာ သရဲမဟုတ်ဘူး..။ မိတ်ဆွေ တဲပေါ်တက်လာလို့ ကျွန်တော် နိုးသွားတာ.. ´

ထိုအခါ ထိုသူက ကျွန်တော့်ကို လှောင်ပြောင်သလို ရယ်နေလေသည်။

`ဟား…ဟား…ဟား…ဟား…ဟား´

သူ၏ကိုယ်မှစီးကျနေသော ရေထို့က အဆက်မပြတ် ကြမ်းပေါ်သို့ စီးကျနေပေသည်။ သူ့ကိုယ်မှလည်း အနံ့ဆိုးများ ထွက်ပေါ်၍ လာလေပေသည်။

`ဘု ရားရေ….မိတ်ဆွေ …. အနေနဲ့ ဘယ်တော့မှ မခြောက်နိုင်တော့ဘူးလား…´

ဟု ကျွန်တော် ပြောလိုက်မိသည် ။ ထိုလူက အနည်းငယ် ရယ်လိုက်ပြီး

`မခြောက်တော့ဘူးတဲ့ လား …ဟ…ဟ….ဟ… ကျွန်တော်က ဘယ်တော့မှခြောက်မှာ မဟုတ်ဘူး ၊ ကျွန်တော်တို့လို လူတွေဟာ မိုးလေဝသ ကောင်းကောင်း ၊ ဆိုးဆိုး၊ နွေဖြစ်ဖြစ်၊ ဆောင်းဖြစ်ဖြစ် ဘယ်တော့မှ ခြောက်တယ်ဆိုတာ မရှိဘူး.. ဒီမှာကြည့်လေဗျာ´

ပြောပြောဆိုဆိုနှင့် သူ၏ရွံများပေနေသော လက်အစုံကို မီးထဲသို့ ထိုးသွင်းပြီး ကျွန်တော့်ကို စူးစိုက်ကြညိ့နေလေသည်။ ကျွန်တော် အခုမှ သူပြောသမျှတွေ သတိရသွားပြီး ကျွန်တော့် ဘွတ်ဖိနပ်ကို ကောက်ယူကာ ကြောက်လန့်တကြား အော်ဟစ်ကာ မိုးသက်လေပြင်းကျနေသော ညအမှောင်ထဲသို့ ထွက်ပြေးခဲ့မိပါတော့သည်။

Post Views: 106
သရဲစာအုပ်

Post navigation

Previous Post: ချိုမြိန်သော ပျားရည် (၁)
Next Post: ချိုမြိန်သော ပျားရည် (၂)

လစဥ် တင်ထားသောစာအုပ်များ

  • July 2026
  • June 2026
  • December 2025
  • November 2025
  • October 2025
  • August 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • December 2024
  • October 2024
  • September 2024
  • August 2024

Categories

  • တစ်ပိုင်းထဲပြီး
  • မြန်မာစာတန်းထိုးဇာတ်ကားများ
  • သရဲစာအုပ်
  • အပြာစာအုပ်

Recent Posts

  • အပျိုစင် အိမ်မက်
  • မမကြီးများ အလွမ်း ဆေးအစွမ်း
  • ဆရာမလေးရဲ့ အချစ်သင်ခန်းစာ
  • ညီမ အမြဲသတိရနေမှာ
  • အမူပိုတဲ့ အန်တီ

Recent Comments

No comments to show.

Copyright © 2026 ApyarSite.

Powered by PressBook Grid Dark theme