သူမ ဆေးလိပ်းသောက်နေတာကို ကြည့်ကောင်းကောင်းနဲ့ထိုင်ကြည့်နေမိသည်.. ဆေးလိပ်တစ်ဝက်ခန့်ကုန်တော့ ဆက်မသောက်တော့ပဲ ထိုးချေမီးသတ်လိုက်သည်.. ခုချိန်ထိ ဦးချမ်းသာအောင် ဆေးလိပ်မသောက်ဖြစ်သေး.. “ကိုယ် .. မင်းအကြောင်းကို စိတ်ဝင်စားတယ် နွယ်နီ.. ကိုယ့်ကို မင်းအကြောင်းပြောပြနိုင်မလား..” “ဟား.. ” သူမရယ်လိုက်သံက ကဗျာမဆန်.. “မထူးဆန်းပါဘူး ကိုကြီးရယ်.. မိမရှိ၊ ဖမရှိ တစ်ယောက်ထဲ ရုန်းကန်ခဲ့ရတယ့် သာမန်မိန်ကလေးတစ်ယောက်ရဲ့ဘဝပဲ.. ” “မင်းမှာ မွေးချင်းမရှိဘူးလား..”
“အကိုတစ်ယောက်တော့ရှိတယ်.. လွန်ခဲ့တဲ့ ၆ နှစ်လောက်က အိမ်ကထွက်သွားတယ်… တပ်ထဲပဲဝင်သွားသလိုလို.. ယိုးဒယားဘက်ပဲ ရောက်နေသလိုလိုနဲ့တော့ ပြောကြတယ်.. အဆက်အသွယ်တော့မရှိဘူး.. ” “ခု..မင်းနေတော့.. ” “အဒေါ်အိမ်မှာ.. အမျိုးအရင်းတော့မဟုတ်ဘူး.. ဘယ်လိုပြောရမလဲ .. ရပ်ဆွေရပ်မျိုးပေါ့..” သီးသန့်ခန်းလေးအတွင်း အသံခဏတိတ်သွားသည်..။ သူမက ဦးချမ်းသာအောင်၏ခွက်ထဲကို အရက်ထပ်ထည့်ပေးရင်း သူမအအေးခွက်ထဲကိုပါ အရက်နည်းနည်းထည့်လိုက်သည်.. ရေခဲကို ညှပ်ဖြင့် ညှပ်ယူနေသော သူမလက်ကို ကြည့်လိုက်မိရာ.. သူမလက်တွေက နူးညံ့လွန်းမယ့်ပုံ.. “မင်း.. အရက်ကော သောက်တတ်တာလား..” “အရက်ကိုတော့ အရမ်းမကြိုက်လှဘူး.. ကိုကြီးတစ်ယောက်ထဲ သောက်နေရင် ပျင်းနေမှာဆိုးလို့ နည်းနည်းသောက်မလားလို့ပါ..”။
“မင်း..လက်ကို ကိုယ်ခဏကိုင်ကြည့်လို့ရမလား..” “ရှင်..” သူမတစ်ချက်ငြိမ်သွားသည်… ဦးချမ်းသာအောင်သတိထားမိသည်.. နွယ်နီက တစ်ခုခုကို စဉ်းစားလျှင် ရှေ့တည့်တည့်ကို ကြည့်ပြီး ငြိမ်သက်စွာစဉ်းစားတတ်ပုံပင်.. မျက်နှာက တည်နေပြီး ပတ်ဝန်းကျင်နှင့်အဆက်အသွယ် ပြတ်နေသည့်ပုံ..သူမ ဦးချမ်းသာအောင်ကို လှည့်ကြည့်ပြီး မေးလိုက်သည်.. “ကိုကြီးက ဘာကြောင့် ကိုင်ကြည့်ချင်တာလဲ..” “ဟက်.. မင်းလက်တွေက နူးညံ့နေမယ်ထင်လို့.. ” “မရဘူး.. ” “…..” နှစ်ယောက်သား တိုင်ပင်မထားပဲ အရက်ခွက်ကို ပြိုင်တူကိုင်မိကြသည်.. တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တပြိုင်ထဲ သောက်မိကြသည်..။ “အလုပ်ကြမ်းပေါင်းစုံလုပ်ဖူးတဲ့ မိန်းမတစ်ယောက်ရဲ့လက်က ကိုကြီးလက်လောက်တောင် နူးညံ့မှာမဟုတ်ပါဘူး.. ”
“အာ.. ထားလိုက်ပါတော့..” စကားပြောလိုက် အရက်သောက်လိုက်နှင့် နှစ်ဦးသား ရေချိန်တော်တော်မှန်လာသည်.. ဦးချမ်းသာအောင်က နွယ်နီကိုသောက်နိုင်လိမ့်မည်ဟု မထင်ခဲ့.. သူမက သူမအကြောင်းတွေ ပြောပြသည်.. “ဒါနဲ့… နွယ်နီ .. မင်းမှာ ရည်းစားရှိလား.. ” “အိုး.. ပေါလို့ .. ဘာလဲ .. ကိုကြီးက နွယ်နီ့ရည်းစားလုပ်ချင်လို့လား.. ဟိ..ဟိ..” “ဟာ.. မဟုတ်ပါဘူး.” “လုပ်ပါ.. ကိုကြီးရယ်.. ဟိ..ဟိ.. တစ်ရက်လောက်ဖြစ်ဖြစ်ပေါ့.. ဟိ.ဟိ” သူမ အနည်းငယ်တော့မူးလာဟန်တူသည်.. အူမြူးလာသည်.. သူမက ဦးချမ်းသာအောင်၏ လက်ကို ရုတ်တရက်ကိုင်လိုက်သည်.. “ထင်တဲ့အတိုင်းပဲ.. ကိုကြီးလက်က နွယ်နီ့လက်ထက် ပိုနုတယ်..” သူမက ဦးချမ်းသာအောင်၏ လက်ဖဝါးကို လက်သည်းများဖြင့် ကုတ်နေသည်..။
“နွယ်နီ.. မင်း ကိုယ့်ကို ခွင့်တောင်းသင့်တယ်ထင်တယ်..” “ဘာလို့.. ခွင့်တောင်းရမှာလဲ.. ” “ဘာလို့… ခွင့်မတောင်းရမှာလဲ..” “နွယ်နီက မိန်းကလေးလေ.. ခွင့်တောင်းစရာ မလိုဘူးလေ..” “ခုချိန် .. ကိုယ်အော်လိုက်ရင် မင်းဘာဖြစ်သွားမလဲ..” “နွယ်နီက ဘာမှမဖြစ်း.. ဦးပဲဖြစ်မှာ.. ” “ကိုယ်က ဘာဖြစ်မှာလဲ.. ” “အရူး.. ” “ဟား..ဟား..” “ခစ်..ခစ်..” နှစ်ဦးသား လွတ်လပ်ပေါ့ပါးစွာ ရယ်မိသည်.. တခါတလေ မူးနေသော မိန်းကလေးတွေက ချစ်ဖို့ကောင်းနေတတ်သည်.. ခုချိန်ထိ သူမက ဦးချမ်းသာအောင်၏ လက်ကို မလွတ်ပေးသေး.. ထိုအချိန်မှာ ဦးချမ်းသာအောင်ရဲ့ ဖုန်းမြည်လာသည်.. “.. ကိုယ် ဖုန်းခနပြောမှဖြစ်မယ်..” ဦးချမ်းသာအောင်က ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး ဖုန်းကိုင်လိုက်သည်..
“အေး.. စိုးဦးပြော…” “ရတယ်.. နေ့လည်က ကိုယ်ပြောတဲ့အတိုင်းလုပ်လိုက်.. အရောင်း စင်တာ တစ်ခုဖွင့်ဖို့က ဦးမင်းနဲ့ပဲဆက်လုပ်လိုက်.. ကိစ္စကို မင်းပဲတာဝန်ယူရှင်းလိုက်.. အဆင်မပြေရင် ဖုန်းပြန်ဆက်.. ” ဦးချမ်းသာအောင် ဖုန်းချလိုက်တော့ နောက်ထပ်ဖုန်းတစ်လုံးထပ်ဝင်လာသည်..။ ဦးချမ်းသာအောင်က အပြင်ကိုထွက်လာလိုက်သည်.. “ဦး.. ဖုန်းခေါ်နေတာ.. မအားဘူးတဲ့..ဘယ်သူနဲ့ပြောနေတာလဲ.. ” “ဆောရီး. စနိုး.. ကိုယ်အလုပ်ရှုပ်နေတယ်.. ပြန်ဆက်မယ်..” “ဦး..ဦး.. ခန.. သတိရတယ်.. အားရင်ဆိုင်ကို လာခဲ့ပါလား.. ” “ကိုယ်မအားဘူး.. အားရင်လာခဲ့ပါ့မယ်.. .. ” “ဟုတ်.. ဦး.. လာခဲ့ဦးနော်..” သီးသန့်ခန်းလေးထဲပြန်ဝင်လာတော့ … နွယ်နီက အေးစက်တည်ငြိမ်စွာ သူ့ကို စောင့်နေသည်.. ။
“ဆောရီးး.. ဖုန်းတွေဆက်တိုက်လာနေလို..” နွယ်နီက ထရပ်လိုက်ပြီး ဦးချမ်းသာအောင်ကို မျက်နှာချင်းဆိုင်လိုက်သည်.. “ကိုကြီး .. လက်ပြန်ပေး..” “ဟား..” ဦးချမ်းသာအောင်က သူ့လက်တဖက်ကို သူမဆီသို့ ကမ်းပေးလိုက်သည်.. ဒါပေမယ့် သူမက သူ့လက်ကို မကိုင်.. သူမလက်နှစ်ဖက်က ဦးချမ်းသာအောင်၏ လည်ပင်းကို တွဲခိုလိုက်သည်.. တဆက်ထဲပင် ဦးချမ်းသာအောင်၏ နှုတ်ခမ်းကို နမ်းလိုက်သည်.. ဖွဖွလေးပါပဲ.. နှုတ်ခမ်းချင်းထိထားလျက်နှင့် တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းဆုံကြည့်ကာ အဖြေရှာနေကြသည်.. ငါးစက္ကန့်လောက် ထိတွေ့ပြီးတော့ နှုတ်ခမ်းနှစ်ခု ပြန်လည်ကွဲကွာသွားသည်.. “မင်း.. ကိုယ့်ကို ခွင့်တောင်းသင့်တယ် မထင်ဘူးလား..” “ဘာလို့ခွင့်တောင်းရမှာလဲ..” “ဘာလို့.. ခွင့်မတောင်းရမှာလဲ.. ”
“နွယ်နီက မိန်းကလေးလေ .. ခွင့်တောင်းစရာ လိုလား..” နှုတ်ခမ်းနှစ်ခု ထပ်မံထိတွေ့သွားသည်.. ဘယ်သူကစလိုက်တာလဲ မသိတော့မဟုတ်.. ဦးချမ်းသာအောင်က စတင်နမ်းလိုက်ခြင်းပင်.. စောစောက နွယ်နီနမ်းသလိုဖွဖွလေး ထိရုံထိထားခြင်းမဟုတ်.. မွတ်သိပ်ကြမ်းတမ်းသော အနမ်းရိုင်းတစ်ခု.. သူမဖက်ကလဲ ပြန်လည်တုံ့ပြန်နမ်းရှိုက်နေတော့ အနမ်းက ရှည်ကြာသွားသည်..။ “ဟင်း.. ” “ဟင်း..” နှစ်ဦးစလုံး မောဟိုက်လာတော့မှ အနမ်းရိုင်းကြီးကို အဆုံးသတ်လိုက်ပြီး သက်ပြင်းပြိုင်တူချလိုက်ကြသည်.. ဦးချမ်းသာအောင်က လက်နှစ်ဖက်ဖြင့် နွယ်နီ့ခါးကို ဖက်ထားသလို.. နွယ်နီကလဲ ဦးချမ်းသာအောင်၏ လည်ပင်းကို တွဲခိုဖက်ထားဆဲ…. ။
“ကိုကြီး.. ညီမကို ခွင့်တောင်းသင့်တယ် မထင်ဘူးလား..” “မထင်ပါဘူး..” “ဘာလို့.. ” “ခွင့်တောင်းပြီး လက်စားချေတာ နွယ်နီတွေ့ဖူးလား.. ” ထို့နောက် ဦးချမ်းသာအောင်က နွယ်နီ့မျက်ဝန်းတွေကို နူးညံ့ရီဝေစွာ စိုက်ကြည့်နေလိုက်သည်.. သူမကလဲ ပြန်ကြည့်နေသည်.. တဖြည်းဖြည်းချင်း ခေါင်းချင်းပြန်လည်နီးကပ်သွားသည်.. ခေါင်းချင်းမထိခင်မှာ နှုတ်ခမ်းချင်းအရင်ထိမိပြန်သည်.. ဒီတစ်ခါအနမ်းတွေက ကြမ်းမယောင်နဲ့ နူးညံ့နေသည်.. ဦးချမ်းသာအောင်က သူမအောက်နှုတ်ခမ်းဖူးဖူးလေးကို ငြင်သာစွာ ငုံယူလိုက်သည်.. သူမရဲ့အသက်ရှူသံနွေးနွေးလေးတွေက အနမ်းခရီးကို ပိုမိုရှည်ကြာလေသလား .. ဦးချမ်းသာအောင်ရဲ့လက်တစ်ဖက်က သူမရင်သားတွေဆီကို ရွေ့လျားကူးပြောင်းလာသောအခါ .. သူမက သူ၏ လက်ကို ဖမ်းဆုပ်လိုက်သည်..
အနမ်းခရီးရှည်လဲ အဆုံးသတ်းသည်.. “ပထမဦးဆုံးတွေ့ကြတဲ့အချိန်မှာ ကိုကြီး ဒီလိုထိလုပ်တာတော့ လွန်တယ်..” သူမက မျက်နှာတည်တည်ဖြင့် ဦးချမ်းသာအောင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်.. ခန္ဓာကိုယ်နှစ်ခုကတော့ပြန်လည်ကွဲကွာမသွားသေး.. သူမရဲ့မျက်နှာကို ဦးချမ်းသာအောင်၏ ရင်ဘတ်ပေါ်မှောက်ချလိုက်သည်.. သူမတစ်မိနစ်ခန့်ငြိမ်သက်သွားပြီး ဦးချမ်းသာအောင်၏ ရင်ဘတ်ကို ကြိတ်ကာကိုက်လိုက်သည်..။ “အာ့.. ဘာလို့ကိုက်တာလဲ..” “လက်စားချေဖို့အတွက် ခွင့်တောင်းစရာလိုလို့လား..” ဦးချမ်းသာအောင် သူမကို ငုံ့ကြည့်လိုက်တော့ သူမက ပြုံးစစနဲ့ သူ့ကို ကြည့်နေသည်.. သူက သူမကို တင်းကြပ်စွာ ဖက်လိုက်သည်..။
သူမကလဲ သူ့ကိုအလိုက်သင့်ပြန်ဖက်ထားသည်.. ခနနေတော့ “ကိုကြီး .. ဆက်သောက်ဦးမလား.. ” “ရပါတယ်..နွယ်နီကော..” “ဒီမှာမသောက်ချင်တော့ဘူး.. တနေရာရာသွားပြီး ဆက်သောက်ချင်တယ်.. ” “ဘယ်မှာသွား… ” သူ၏စကားမဆုံးခင် သူ၏နှုတ်ခမ်းကို သူမက လက်ညိုးတစ်ချောင်းဖြင့် ပိတ်လိုက်ပြီး.. “ရှူး.. မမေးနဲ့.. ” ဒီလိုနဲ့ပဲ ပိုက်ဆံရှင်းပြီး ဆိုင်ကထွက်လာခဲ့သည်.. ကားပေါ်ရောက်တော့ သူမက အဲကွန်း ပိတ်ခိုင်းလိုက်ပြီး မှန်ချခိုင်းလိုက်သည်.. “မရှိဆင်းရဲသားမလေးတစ်ယောက်အတွက် အဲကွန်းလေထက် သဘာဝလေက ပိုကောင်းပါတယ်.. ” သူမဆီက ထိုစကားသံတိုးတိုးကို ကြားလိုက်ရတော့ သူမမျက်နှာကို တချက်လှမ်းကြည့်မိသည်.. သူမက ရှေ့ကိုတည့်တည့်ကြည့်ပြီး မျက်နှာတည်တည်ဖြင့်ပြောလိုက်ခြင်းဖြစ်သည်..
သူမလမ်းညွန်မှုနောက်ကို လိုက်ရင်း ကန်ဘောင်တစ်ခုဆီသို့ရောက်သွားခဲ့သည်.. လတ်ဆတ်သောလေအဝှေ့မှာ ဘာရယ်မဟုတ် သူ့စိတ်တွေ နည်းနည်းကြည်သွားသလိုပင်.. ထိုအချိန်မှာ မျက်ဝန်းတောက်တောက်နှင့်မိန်းကလေးမျက်နှာက သူ့အတွေးထဲပေါ်လာခဲ့သည်..။ အတွေးတွေကို မောင်းထုတ်လိုက်ပြီး.. “နွယ်နီ ဘယ်မှာသောက်မှာလဲ ..” “ဒီမှာလေ.. ” “ခုံလဲမရှိပဲနဲ့.. ” “သဘာဝကပေးထားတဲ့ မြေကြီးလောက်ကောင်းတဲ့ခုံ တွေ့ဖူးလား..” ကားပေါ်က အရက်ပုလင်း၊ ရေသန့်ဗူးနှင့် အမြည်းတချို့ထည့်ထားသော ဗော့ဘူးများကို ယူပြီးသူမဆင်းလာခဲ့သည်.. အချိန်တိုလေးအတွင်း ကန်ဘောင်အစပ် မြက်ခင်းပေါ်တွင် အရက်ဝိုင်းလေးတစ်ခုဖြစ်သွားသည်.. ။
မခမ်းနားပေမဲ့ ရိုးရှင်းလွန်လှသည်.. ခွက်လေးထဲက အရက်တခွက်ကုန်တော့ .. “စောစောက နာသွားလား..” “မနာပါဘူး..” “နာအောင် ကိုက်လိုက်ရမှာ..ဟင်း..” “ဒါဆို ဘာလို့နာအောင်မကိုက်တာလဲ..” “မကိုက်ရက်လို့ပေါ့..” ဘာမပြော ညာမပြောနဲ့ သူမက သူ့အနားရွေ့လာပြီး သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်.. သူကလဲ သူမကို ပွေ့ဖက်ထားလိုက်သည်.. အရက်ဆက်မသောက်ဖြစ်တော့ဘဲ ငြိမ်သက်စွာဖြင့် ကန်ရေပြင်ကိုကြည့်နေကြသည်.. “ကိုကြီး.. ” “ဟင်..” “ဘာမှမဟုတ်တော့ပါဘူး..” ဆောင်းဦးလေနုရိုင်းအဝှေ့မှာ စိမ့်ခနဲ့ဖြစ်သွားသည်.. ဦးချမ်းသာအောင်က လက်ပတ်နာရီကို ကြည့်လိုက်တော့ ၉ နာရီထိုးတော့မည်..
“နွယ်နီ.. ပြန်ရအောင် ..” “သူမက စကားမပြန်တော့ပဲ သူ့ခါးကို တင်းကြပ်အောင် ဖက်လိုက်သည်.. “ကိုကြီး.. ” “အင်း..ပြောလေ..” “ဒီည အိမ်မပြန်ပဲ နေရအောင်.. မကောင်းဘူးလား” နွယ်နီ့အသံက နောက်နေတဲ့အသံမဟုတ်.. အရမ်းမူးနေတာမဟုတ်သော်လည်း သူမမျက်လုံးတွေက ရီဝေနေသည်.. ဦးချမ်းသာအောင်လဲ နွယ်နီ့ကို အသာဖေးမပြီးထရပ်လိုက်သည်.. ဟိုတယ်အခန်းထဲရောက်တော့ နွယ်နီက အိမ်သာ ထဲဝင်သွားသည်.. အရာရာက တည်ငြိမ်အေးဆေးနေသည်..။ ဦးချမ်းသာအောင်က အခန်းထဲရှိ ဆိုဖာဆက်တီပေါ်ထိုင်ရင်း ဆေးလိပ်တစ်လိပ်ကို မီးညှိဖွာရှိုက်နေသည်.. ။
နွယ်နီ အိမ်သာ ထဲက ထွက်လာတော့ သူမရဲ့ခန္ဓာကိုယ်ပေါ်တွင် တဘက်တစ်ထည်သာ ပြန်ပါလာသည်.. သူမဝတ်လာသော ပါတိတ်ဝမ်းဆက်လေးကို သပ်သပ်ရပ်ရပ်ခေါက်ပြီး လက်ကကိုင်လာသည်.. “ကိုကြီး .. ဆေးလိပ်တိုက်..” ဦးချမ်းသာအောင်က ဆေးလိပ်ဗူးကို ကမ်းပေးလိုက်တော့ .. “ဟင့်အင်.. ကိုကြီး သောက်လက်စပဲပေး..” ဦးချမ်းသာအောင်က ဆေးလိပ်ကို တချက်ဖွာရှိုက်လိုက်ပြီး သူမကိုကမ်းပေးလိုက်သည်.. သူမက ဆေးလိပ်ကို ကျင်လည်စွာ ရှိုက်သွင်းလိုက်ပြီး မီးခိုးငွေ့များကို ဦးချမ်းသာအောင်၏ မျက်နှာဆီသို့မှုတ်ထုတ်လိုက်သည်.. ထို့နောက် ဦးချမ်းသာအောင်၏ နားနားကိုကပ်ပြီး လေသံတိုးတိုးလေးဖြင့် “ကိုကြီး ဆေးလိပ်သောက်တာ အရမ်း စမတ် ကျတယ်..”
“မင်းလဲတူတူပါပဲ.. ” သူမက ဦးချမ်းသာအောင်ကို ဆွဲထူလိုက်သည်.. တိုင်ပင်စရာမလိုသော နှုတ်ခမ်းနှစ်ခု ထိတွေ့မိပြန်သည်.. တစ်ဦး၏ တိုက်စစ်ဆင်နေသော အနမ်းများကို တစ်ဦးက ပြန်လည်ခုခံရင်း အနမ်းစစ်ပွဲလေးတစ်ခုုဖြစ်လာသည်.. အနမ်းတွေပြင်းထန်လာသလို ပွေ့ဖက်မှုတွေကလဲ တင်းကြပ်လာသည်.. သူမက ဦးချမ်းသာအောင်ကို ဆွဲခေါ်ရင်း တဖြည်းဖြည်နောက်ကို ဆုတ်လာသည်.. ကုတင်စောင်းနှင့် သူမခြေထောက်ထိမိချိန်တွင် နောက်ကို လှန်လှဲချလိုက်သည်.. ဦးချမ်းသာအောင်လဲ သူမနဲ့ထပ်လျက်လဲကျသွားသည်..။ တပြိုင်နက်ထဲပင် နှစ်ဦးသား တပတ်လှည့်လိုက်ကြရာ ဦးချမ်းသာအောင်က အောက်က သူမက အပေါ်ကဖြစ်သွားပြီး.. ။
လျှိုု့ဝှက်အပ်သော အရာနှစ်ခုက တိုက်ရိုက်မဟုတ်သော်လည်း အဝတ်များခံကာထိတွေ့နေသည်.. ဦးချမ်းသာအောင်၏ ခန္ဓာကိုယ်ပြာင်းအလဲကို သူမသိရှိနေသည်.. ရုတ်တရက် သူမကအနမ်းတွေကို ရပ်တန့်လိုက်ပြီး .. “ကိုကြီး.. ချစ်လား..” “….” သူမက အောက်ကို အနည်းငယ်လျောကာ ဦးချမ်းသာအောင်၏ ရင်ဘတ်ပေါ်တွင် မျက်နှာအပ်ကာ အိပ်လိုက်သည်.. “ကိုကြီး .. ဖြေဦးလေ.. ” “ကိုယ်မချစ်တတ်ဘူး..” သူမအသံတိတ်သွားခဲ့သည်.. သူမက တချက်ရှိုက်လိုက်ပြီး.. “ကိုယ့်ကိုမချစ်တဲ့သူကို ဒီထက်ပိုပြီး အခွင့်အရေး မပေးချင်ဘူး..” “ဆောရီးး.. ကိုယ်တကယ်မချစ်တတ်တာ..”
“ကိုကြီးကို ချစ်တတ်လာအောင် သင်ပေးရင်ကော.. ” “နှလုံးသားမရှိတဲ့လူတစ်ယောက်ကို သင်ပေးနေလဲ အပိုပါပဲ.. ” နွယ်နီ ဦးချမ်းသာအောင်၏ ကိုယ်ပေါ်မှ ဖယ်ခွာသွားပြီး ေစောစောက ဦးချမ်းသာအောင် ထိုင်ခဲ့သော ကုလားထိုင်တွင် သွားထိုင်ကာ ဆေးလိပ်တစ်လိပ်ကို ထုတ်ယူသောက်နေသည်.. စောစောကရမ္မက်တွေနှင့်ပြည့်နေသော လူသားနှစ်ဦးမှာ ယခုတည်ငြိမ်အေးခဲသွာသည်..ဦးချမ်းသာအောင် ကုတင်ပေါ်ကထကာ ဗီရိုအတွင်းမှ ညအိပ်အကျီနှစ်ထည်ကိုထုတ်ကာ နွယ်နီ့ကို တစ်ထည်ကမ်းပေးလိုက်သည်.. သူမက ဦးချမ်းသာအောင်ကို ကျောပေးကာ ညအိပ်အကျီကိုလဲဝတ်လိုက်သည်..။ ဦးချမ်းသာအောင်လဲ ရေချိုးခန်းထဲဝင်ပြီး ကိုယ်လက်သန့်ရှင်းရေးလုပ်လိုက်သည်.. ။
သူပြန်ဝင်လာတော့ နွယ်နီက ကုတင်ပေါ်တွင်လှဲနေသည်.. သူမရဲ့ပင်ကိုယ်ဟန်အတိုင်းမျက်နှာတည်တည်ဖြင့် မျက်နှာကျက်ကိုငေးနေသည်.. သူပြန်ဝင်လာသံကြားတော့ သူ့ဘက်ကိုလှည့်ကြည့်ကာ “ကိုကြီး.. နွယ်နီအိပ်ချင်ပြီ..” “အင်း.. အိပ်တော့လေ..” “ကိုကြီးရဲ့ရင်ခွင်ထဲမှာ အိပ်ချင်တာ.. ” ဦးချမ်းသာအောင်လဲ နွယ့်နီ့ဘေးတွင်ဝင်အိပ်လိုက်ပြီး နွယ်နီ့ကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်.. သူမ၏ လက်တစ်ဖက်က ဦးချမ်းသာအောင်၏ ညအိပ်အကျီအတွင်းထိုးထည့်ကာ ဦးချမ်းသာအောင်၏ ရင်ဘတ်ကို ပွတ်ပေးနေသည်.. “ဆောရီးး နော် ကိုကြီး.. စိတ်အနှောင့်အယှက် ဖြစ်သွားလား.. ”
“ရပါတယ်.. ကိုယ်လဲတောင်းပန်ပါတယ်..ကိုယ်မလိမ်ချင်လို့ပါ..” “ညီမလေ.. ဘယ်သူဆီကမှ ဘာမှမမျှော်လင့်ဘူး.. ဘာမှလဲမလိုချင်ဘူး.. ညီမ.. အချစ်ပဲလိုချင်တာ.. ” စကားသံတွေတိတ်ဆိတ်ကုန်သွားသည်.. အသက်ရှူသံတွေက မပြင်းလှသော်လည်း… တိုးတိုးငြင်းငြင်းလေးကြားနေရသည်..။ “ကိုကြီး.. လိုချင်နေတာလား..” “မင်း လိုအပ်တာကို ကိုယ်မပေးနိုင်ခဲ့တဲ့အတွက်.. ကိုယ် လိုအပ်တာကို မဖြည့်ပေးပါနဲ့.. ” စကားအဆုံးမှာ နွယ်နီ့ရဲ့လက်က တဖြည်ဖြည်းအောက်ဆင်းလာသည်.. ဦးချမ်းသာအောင်ရဲ့ ဗိုက်သားများကို အသာအယာပွတ်သပ်ပေးနေသည်.. လှုုံ့ဆော်မှုအတိုင်း တုံ့ပြန်လေ့ရှိသော ခန္ဓာကိုယ်က အလိုက်ကမ်းဆိုးမသိစွာ ပြောင်းလဲလာသည်.. နွယ်နီ့လက်တွေက ပိုပိုပြီးနိမ့်ဆင်းလာသည်..။
ဦးချမ်းသာအောင်က နွယ်နီ့လက်လေးကို အသာအယာဆုပ်ကိုင်ပြီး ခေါင်းခါပြလိုက်သည်.. နွယ်နီက သူ့အား နှစ်လိုစွာပြန်လည်ပြုံးပြပြီး သူ့မရဲ့လက်ကို ရုန်းလိုက်သည်.. “ငြိမ်ငြိမ်လေးနေ.. မျက်စိမှိတ်ထားနော်.. ” သူမလက်က မထိတွေ့သင့်သောအရာတစ်ခုကို ထိကိုင်လိုက်။စဉ်တွင် ဦးချမ်းသာအောင် တချက်တွန့်သွားသည်.. နွေးထွေးသော လက်တစ်ဖက်၏ ဆုပ်ကိုင်မှုကြောင့် နှလုံးသွေးတွေ ဆူပွက်လာသည်.. သူမ၏ သာယာပျော့ပြောင်းသော လှုပ်ရှားမှုနောက်သို့ ဦးချမ်းသာအောင် စီးမျောသွားသည်.. သူမက ဦးချမ်းသာအောင်နားရွက်တစ်ဖက်ကို လျှာဖျားလေးနှင့် အသာအယာတို့ထိလိုက်သည်.. ခံစားမှုကို စည်းချက်မြှင့်လိုက်သဖြင့် ဦးချမ်းသာအောင်က သူမ၏ နှုတ်ခမ်းဖူးဖူးလေးကို ဆွဲယူနမ်းရှိုက်လိုက်သည်..
ဦးချမ်းသာအောင်၏ လက်တစ်ဖက်က နွယ်နီ့ ရင်သားဆီသို့ လှမ်းလာခဲ့သည်.. သူ့လက်နှင့် သူမရင်သားထိတွေ့ချိန်တွင် သူမကျောလေးကော့သွားသည်.. အထက်စုန်ဆန်လှုပ်ရှားမှုကို မရပ်တန့်လိုက်သော်လည်း အနမ်းတွေ ရပ်သွားသည်.. “အိ.. ကိုကြီးရယ်..” သူမ၏ ရင်သားတွေက နူးညံ့လွန်းနေသည်..။ လက်ဖြင့်အသာအယာ ပွတ်သပ်လိုက်ချိန်တွင် သူမရဲ့လက်လှုပ်ရှားမှုပိုမိုသွက်လက်လာသည်.. သူမ၏ နို့သီးခေါင်းလေးကို ထိတွေ့သွားချိန်တွင် သူမက ဦးချမ်းသာအောင်ကို မွတ်သိပ်စွာ နမ်းလိုက်သည်.. ဖိုမလူသားနှစ်ဦး၏ စိတ်ခံစားမှုနှစ်ခုက ပေါင်းစည်းသွားသည်..။
ဦးချမ်းသာအောင်ရဲ့ လိုအပ်ချက်တစ်ခုကို သူမ တတ်နိုင်သမျှဖြည့်ဆည်းပေးနေသည်.. ခနကြာတော့ “နွယ်နီ ..ဖယ်လိုက်တော့နော်.. ” “အင်း..” နှုတ်ဖျားက နာခံလိုက်သော်လည်း သူမလက်လှုပ်ရှားမှုကိုတော့ မလျော့ချပေခဲ့.. “အ့…အား…” ဦးချမ်းသာအောင်၏ ခံစားမှုမှဖြစ်ပေါ်လာသောအရာများ ပေါက်ကွဲထွက်လာခဲ့သည်.. “နွယ်နီရယ်.. ” “အင်း..” နှုတ်ဖျားက နာခံလိုက်သော်လည်း သူမလက်လှုပ်ရှားမှုကိုတော့ မလျော့ချပေခဲ့.. “အ့…အား…” ဦးချမ်းသာအောင်၏ ခံစားမှုမှဖြစ်ပေါ်လာသောအရာများ ပေါက်ကွဲထွက်လာခဲ့သည်.. “နွယ်နီရယ်.. ” ဦးချမ်းသာအောင်က နွယ်နီ့ဆံပင်လေးတွေကို ယုယစွာ ပွတ်သပ်ပေးလိုက်သည်.. “ကိုကြီး .. ညီမ အကုန်းမပေးနိုင်တာကို နားလည်ပေးနော်.. ”
“အင်း.. ကိုယ်ကျေနပ်ပါတယ်.. ” သူမ၏ နှုတ်ခမ်းလေးကို တချက်နမ်းလိုက်ပြီး.. “အိပ်တော့နော်…” ခနလေးပါပဲ.. တကယ်ကို ခနလေးအတွင်းမှာပင် သူတို့အိပ်ပျော်သွားခဲ့သည်။မနက် သူတို့ဟိုတယ်က ထွက်လာတော့ အလင်းရောင်ကောင်းကောင်းမရသေး.. “တော်သေးတယ်.. ညက အဝတ်အစားတွေ လဲထားမိလို့.. နို့မိုဆိုရင်.. ” သူမဘာသာတစ်ယောက်ထဲပြောပြီး ပုခုံးတစ်ချက်တွန့်လိုက်သည်.. “ကိုကြီး.. ညီမ ဈေးရှေ့မှာပဲ ဆင်းလိုက်မယ်.. မနက်စောစော ဈေးသွားတဲ့ပုံနဲ့ အိမ်ကိုပြန်လိုက်မယ်..” ဈေးနားမရောက်ခင်မှာ နွယ်နီက ဦးချမ်းသာအောင်၏ လက်မောင်းပေါ် အနမ်းတစ်ခုချွေချလိုက်သည်..။
“နှုတ်ခမ်းကိုနမ်းချင်တာ .. သိလား.. ” ဦးချမ်းသာအောင်လဲ အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး ရုံးကို ထွက်လာခဲ့သည်.. နည်းနည်း စောနေသေးသဖြင့် ရုံးမှာ ဘယ်သူမှမရောက်သေး.. ဦးချမ်းသာအောင်က သူ့တွင်ရှိသော သော့ဖြင့် ရုံးခန်းဖွင့်ကာ လုပ်စရာရှိတာတွေ လုပ်နေလိုက်သည်.. နာရီဝက်ခန့်ကြာတော့ သူ့အခန်းထဲကို တစ်စုံတစ်ယောက်ဝင်လာသည်.. သူမော့ကြည့်လိုက်တော့ .. “ဂွတ်မောနင်း ဆရာ.. ကော်ဖီလာပို့တာ..” “ငါရောက်နေတာ မင်းဘယ်လိုသိလဲ.. ” “ဆရာကလဲ .. ဆရာ့ကားရုံးရှေ့မှာ ရပ်ထားတာကြီးကို..” ဦးချမ်းသာအောင်ပြုံးမိသည်.. “ဒီနေ့ကော်ဖီ ပိုကောင်းမယ်နဲ့တူတယ်..”
“ဘာလို့လဲဆရာ..” “…..” ပြန်မဖြေဖြစ်တော့သဖြင့် မိုးမိုးသဲလဲ အခန်းထဲက ထွက်သွားသည်.. ကော်ဖီရနံ့ထက် ပို၍ချိုမြသော သူမရဲ့ ရေမွေးနံ့နှင့် သနပ်ခါးနံ့ကတော့ အခန်းထဲမှာ ကျန်ခဲ့သည်.. ခနနေတော့ သူ၏ ဖုန်းကို မက်ဆေ့ တစ်စောင်ဝင်လာသည်.. (ဘာလို့ မျက်နှာတည်ကြီးနဲ့နေတာလဲ.. ဆရာပြုံးနေရင် ပိုကြည့်ကောင်းတယ်..) ဦးချမ်းသာအောင် ထပ်ပြုံးမိပြန်သည်.. နေ့ခင်းမှာ ဦးချမ်းသာအောင်ဆီ ရုံးချုပ်က ဖုန်းဆက်သည်.. ပုဂ္ဂိုလ်ရေးခင်မင်မှုအရ စာရင်းစစ်ဝင်မည့်ကိစ္စကို ကြိုတင်သတိပေးရန်အတွက်ဆက်ခြင်းဖြစ်သည်.. “စိုးသာရေ.. ရုံးအုပ်ကြီးနဲ့ ကွန်ပျူတာစာရေးကိုခေါ်ကွာ.. ပြီးတော့ မှတ်တမ်းထိန်းပါခေါ်..” ခနကြာတော့ သူတို့ရောက်လာသည်..။
“ကျွန်တော်တို့မြို့နယ်ကို စာရင်းစစ် ဝင်ဖို့ရှိတယ်.. အဲ့ဒါ စာရွက်စာတမ်းတွေ၊ စာရင်းဇယားတွေတိတိကျကျဖြစ်အောင် လုပ်ထားရမယ်.. ရုံးအုပ်ကြီး အရင် နှစ်ချူပ်စာရင်း တွေက ဌာနစိတ်အလိုက်က စာရင်းတွေ၊ ဦးစီးဇယားတွေ ကွန်ပျူတာထဲမှာ ရှိသေးလား..” “ဆရာ.. ကွန်ပျူတာက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှရတာ.. အရင်ကတော့ လက်နှိပ်စက်နဲ့ပဲ ရိုက်တာ..” “မှတ်တမ်းထိန်းကြီးက မှတ်တမ်းတွေ ပြန်ရှာပေး.. စာရွက်အတိုင်းထားရင် ပျက်စီးမှာပဲ.. ဒါကိုကျွန်တော်တို့က ဆော့ ကော်ပီ နဲ့ပါ ပြုစုပေးထားရမယ်လို့ ညွန်ကြားထားတယ်..
အပြင်ဆိုင်တွေကို မအပ်စေချင်ဘူးဗျာ.. နည်းနည်းတော့ပင်ပန်းမယ်.. ကဏ္ဍအလိုက် ပြန်ပြုစုတာပေါ့… လိုအပ်ရင် ကျွန်တော့် လက်တော့စ် ပါယူသုံး..ကဏ္ဍအလိုက် လူခွဲလုပ်လိုက်ရင် အဆင်ပြေမှာပါ.. အဆင်မပြေတာပြန်ပြောလေ.. ” လုပ်စရာရှိတာတွေကို ညှိနှိုင်းပြီးတော့ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ခိုင်းလိုက်သည်.. “ဆရာ .. ဆရာ့ လက်တော့စ် လာယူတာ ..” “အေး.. မင်းကူရိုက်ပေးမှာလား..” “ဟုတ်..” လက်တော့စ် ယူပြီး သူမထွက်သွားသည်.. ခနနေတော့ မက်ဆေ့ ဝင်လာသည်.. (ဆရာ.. လော့နံပါတ် ပြောဦးလေ.. နို့မိုဆို ဟိုနေ့ကလိုပဲ ဖိုင် အလွတ်ကြီး လာတင်ရမှာ..) (ကိုယ်တိုင်လာမေး..) ဘာရယ်မဟုတ်.. စာတစ်ကြောင်းပြန်ပို့လိုက်သည်.. ခနနေတော့ သူမအခန်းထဲဝင်လာသည်.. ။
သူမမျက်နှာက ပြောင်စပ်စပ်နဲ့ လျှာလေးထုတ်ပြပြီး.. “ဆရာ…လော့နံပါတ်က..” “ကိုကို” “ဟွန့် .. လော့နံပါတ် ကြီးကလဲ..” ချစ်စဖွယ်နှာခေါင်းလေးရှုံ့ပြပြီး ပြန်ထွက်သွားသည်.. ဦးချမ်းသာအောင်ရင်ထဲမှာတော့ တစ်ခုခုကျန်ခဲ့သည်.. “ဆရာ.. စီမံဘဏ္ဍာနဲ့ပတ်သက်တာတွေ နှစ်အလိုက် လုပ်ပြီးသွားပြီ.. ဆရာစစ်ကြည့်ဖို့ မူကြမ်းထုတ်လာတယ်..။ ” “အင်း ..ထားခဲ့လေ ..” ဦးချမ်းသာအောင် ဖတ်ကြည့်လိုက်တော့ အမှားတော်တော်များများကို တွေ့ရသည်.. “စိုးသာရေ..မိုးမိုးသဲကို သွားခေါ်လိုက်..” ဦးချမ်းသာအောင်က မှားတာတွေကို တခါထဲ ပြင်ရိုက်ခိုင်းသည်.. ဒီလိုနဲ့ပဲ ရုံးဆင်းချိန်ကျော်သွားသည်.. “မိုးမိုးသဲ.. မင်းအဆင်ပြေရဲ့လား.. မနက်မှဆက်လုပ်မလား..” “ရပါတယ်ဆရာ.. ပြီးတော့မှာပဲ .. တခါထဲပဲဖြတ်လိုက်မယ်လေ..” စိုးသာက “ဆရာ.. ကျွန်တော် ကလေးကို ဆေးခန်းသွားပြချင်လို့ .. ပြန်နှင့်လို့ရမလား..”
“ဟင်.. မင်းမှာကလေးရှိလား.. အိမ်ထောင်ကျတာမကြာသေးဘူးဆို..” “ခခ်.. ရှိတယ်ဆရာ..သူ့ကလေးက ၁၈ နှစ်သမီးလေ..” “ဟင်..” “မိန်းမကို ဆေးခန်းသွားပြမလို့ပြောတာပါဆရာ.. ” “ဟား.. အေးပါ..မင်းကလေးကို သေချာဂရုစိုက်ဦး.. သွားပါ .. သွားပါ ..” ၃ ယောက်စလုးံ ရယ်မိကြသည်.. မိုးမိုးသဲ ရယ်တော့သူ့ရဲ့ သွားထပ်ကလေးကို မြင်မိသည်.. ဦးချမ်းသာအောင်၏ စိတ်ထဲတွင် သူမရဲ့အလှ ပိုမိုပြည့်စုံသွားသလိုပင်.. စိုးသာထွက်သွားပြီး ၁၅ မိနစ်ခန့်ကြာတော့ မြန်မာနိုင်ငံ၏ မရိုးနိုင်သော ကိုရွေမီး ပျက်သွားသည်.. မိုးမိုးသဲက လိုက်ကာတံခါးများကိုထဖွင့်လိုက်သည်..။
“ဆရာ.. ပြတင်းပေါက်တံခါးတွေပါဖွင့်လိုက်ရမလား ..” ” မင်းလှောင်နေရင်ဖွင့်လိုက်လေ ..” “ရပါတယ်.. မဖွင့်တော့ပါဘူး.. မီးပျက်တာကြာမလားမသိပါဘူး.. ” “လက်တော့စ် အားရှိသလောက်ပဲ ဆက်လုပ်လိုက်လေ .. မီးပြန်မလာတော့လဲ နောက်နေ့မှဆက်လုပ်တာပေါ့..” ထင်တဲ့အတိုင်းပါပဲ မီးကပြန်မလာ.. “ကဲ .. မိုးမိုးသဲ ပြန်ရအောင်.. မနက်မှဆက်လုပ်မယ်.. ” “ဟုတ်..” သူမက စာရွက်စာတမ်းများကို စနစ်တကျစီပြီးလက်တော့စ် ကို အိတ်ထဲထည့်လိုက်သည်.. အခန်းလိုက်ကာကိုလဲ ပြန်ပိတ်လိုက်သည်.. “ဆရာ ထွက်နှင့်လိုက်.. သမီး မီးခလုတ်တွေ ပိတ်ထားမထားကြည့်ပြီး လိုက်လာခဲ့မယ် .. ” ဦးချမ်းသာအောင်က သူမကို တံခါးနားတွင် ရပ်စောင့်နေလိုက်သည်.. “ဆရာ… သွားနှင့်ပါဆို..”
“လာလေ .. တူတူသွားမယ်.. ကိုယ့်အခန်းတံခါး သော့ခတ်ရဦးမယ်.. ” “ဟာ.. ဆရာသွားနှင့်ပါ..သမီးခတ်လာခဲ့မယ်..” “ဘာလုပ်စရာရှိသေးလို့လဲ.. ” “ဒီမယ် .. ဦးကိုကို.. ရှင်ကြီးတော်တော်တုံးတာပဲ.. ကျွန်မ လုံခြည်လေး ဘာလေး ပြင်ဝတ်ရဦးမယ်.. ” သူမက ခါးလေးထောက်ကာ စူပုတ်ပုတ်လေးပြောလိုက်သော်လည်း ဦးချမ်းသာအောင် မျက်နှာပူခနဲ့ဖြစ်သွားပြီး အခန်းထဲက ထွက်သွားသည်.. “ခစ်..” သူမ၏ ရယ်သံသဲ့သဲ့လေးက သူ့နောက်က ကပ်ပါလာသည်.. ညကျတော့ သူမဆီက မက်ဆေ့ တစ်စောင်ဝင်လာသည်.. (ဆရာ.. သွေ့ပုချိနော်.ဟိ) ဦးချမ်းသာအောင် သူမဆီဖုန်းပြန်ခေါ်လိုက်သည်..။
“ဘာလို့ ဦးကိုကိုလို့ခေါ်တာလဲ ” “ဆရာပဲ လော့နံပါတ် က ကိုကို ဆို.. ” “…..” “ဆရာ.. သမီးတစ်ခုပြောချင်လို့..” “ပြောလေ..” “ဆရာ..ရုပ်တည်ကြီးနဲ့နေရင် သမီးအရမ်းစချင်တာပဲ..ဟီး” ထိုညက သူမနှင့် စကားတော်တော်ပြောဖြစ်သည်.. သာယာချိုမြသော သတ္တုသံများက သူအား ဖုန်းမချဖြစ်အောင် ညို့ငင်နေသလိုပင်.. “ညည့်နက်နေပြီ ကလေးမ .. အိပ်တော့.. ” “ဟုတ်..” ဦးချမ်းသာအောင် ဖုန်းချလိုက်ပြီ ကုတင်ပေါ်လှဲကာ မနက်ဖြန်လုပ်ရမည့် အလုပ်အကြောင်းကိုတွေးလိုက်သည်.. အလုပ်အကြောင်းတွေးနေရင်းမှ သူမအကြောင်းက သူ့အတွေးထဲကို မဆီမဆိုင်ဝင်လာသည်.. အတွေးတွေကို ခေတ္တမောင်းထုတ်ပြီး မျက်စိကိုမှိတ်လိုက်သော သူမရဲ့မျက်နှာလေးက သူ့မျက်လုံးထဲပေါ်လာသည်.. သူ့ဖုန်းမှ မက်ဆေ့ သံကြားသဖြင့် ကြည့်လိုက်မိသည်.. (ဂွတ်နိုက် ကိုကို.. စောစောကမပြောလိုက်ရလို့..) ဦးချမ်းသာအောင် ပြုံးမိသည်..
သူမဆီလဲ စာတစ်စောင် ပြန်ပို့လိုက်သည် .. (ဂွတ်နိုက် …အိမ်မက်လှလှမက်ပါစေ..) ဦးချမ်းသာအောင် သူ့ကိုယ်သူသိလိုက်သည်.. ညည့်နက်သည့်အထိ သူအိပ်ပျော်တော့မည်မထင်.. ညက ညည့်နက်သွားသော်လဲ မနက်ကျတော့ ကြည်ကြည်လင်လင်နိုးထလာသည်.. ရုံးသို့အသွား မက်ဆေ့ တစ်စောင်ဝင်လာသည်..။ ကားမောင်းနေလို့ သူဖွင့်မကြည့်မိပေ.. သူ့ရုံးခန်းထဲရောက်မှ ဖွင့်ကြည့်လိုက်တော့ .. (ဂွတ်မောနင်း ကိုကို) “ဆရာ .. မနေ့က ကျန်တာတွေ ဆရာ့အခန်းထဲမှာပဲ ဆက်လုပ်ရမလား..” “အေး..” သူမ၏ ကျင်လည်စွာ စာရိုက်နေပုံမှာ အချိုးအဆစ်ပြေပြစ်သော ကချေမတစ်ဦး ကနေသလိုပင်.. ဦးချမ်းသာအောင် ကြည့်ကောင်းကောင်းနဲ့ ကြည့်နေမိသည်..။
“ဘာကြီးမှန်းလဲ မသိဘူး.. ရုပ်တည်ကြီးနဲ့.. ပြုံးတောင်မပြဘူး..ဟွန့်..” သူမက ဦးချမ်းသာအောင်ကို မကြည့်ပဲ စခရင်စ် ကိုကြည့်ကာ နှုတ်ခမ်းလေးထော်ပြီး တိုးတိုးလေးပြောလိုက်သည်.. ဦးချမ်းသာအောင် မပြုံးပြဖြစ်… ခနနေတော့ .. “ဆရာ.. ခနနော် .. ” ဟုခွင့်တောင်းကာ အခန်းပြင်ထွက်သွားသည်.. တော်တော်ကြာတဲ့အထိ သူမပြန်မရောက်လာသော်လဲ သူ့ဖုန်းထဲကို မက်ဆေ့ တစ်စောင်တော့ရောက်လာသည်.. (ပြုံးမပြရင် လုံးဝပြန်မလာဘူး.. ) ဦးချမ်းသာအောင်လဲ စာတစ်စောင်ပြန်ပို့လိုက်သည်.. (ပြန်လာ.. အလုပ်ပြီးအောင်လာလုပ်) (နိုး.. မလာဘူး.. ပြုံးပြမယ်ဆိုမှ. လာမယ်.) ခနကြာတော့ သူမ ကော်ဖီခွက်လေးကိုင်ကာ ဝင်လာသည်.. ကော်ဖီခွက်ကို စားပွဲပေါ်ချလိုက်ပြီး အံကြိတ်သံတိုးတိုးလေးဖြင့် ..
“ပြုံးပြ..” ဦးချမ်းသာအောင်က ရုပ်တည်တည်ဖြင့် သူမကိုကြည့်ပြီး “အလုပ်ပြီးအောင်လုပ်..” သူမက ဆောင့်ကြီးအောင့်ကြီးပုံစံဖြင့် ခုံတွင်ဝင်ထိုင်ပြီး အလုပ်ဆက်လုပ်နေသည်..။ screen ကိုကြည့်ပြီး စောစောကလို အံကြိတ်ထားသော လေသံဖြင့် “ဒီလောက်မပြုံးချင်တာ .. နောက်နေ့ကော်ဖီထဲ ဝမ်းနှုတ်ဆေးထည့်လာခဲ့မယ်.. တွေ့မယ်..” ကလေးဆန်သည်မဟုတ်သော်လဲ ကလေးဆန်သလိုဖြစ်နေသည့် သူမပုံကိုကြည့်ပြီး ဦးချမ်းသာအောင်ပြုံးလိုက်သည်.. သူမက ဦးချမ်းသာအောင်ကို လှမ်းကြည့်လိုက်သည်.. သူလဲ သူမကို ပြုံးပြီးကြည့်နေလိုက်သည်.. နှစ်ဦးစလုံး၏ အကြည့်တွေက နက်ရှိုင်းပြီး မရှင်းပြသော်လဲ နှစ်ဦးသားနားလည်နေသည့် အဓိပ္ပါယ်အချို့ပျော်ဝင်နေသည်။
ခနကြာတော့ သူမက “ဆရာ .. ပြုံးနေရင် တကယ်ကြည့်ကောင်းတယ်..” ဟုတိုးတိုးလေးပြောကာ အကြည့်လွဲလိုက်သည်.. နှလုံးသားနှစ်ခုကြား စီးဆင်းနေသော လျှပ်စစ်စီးကြောင်းလေးလဲ ပြတ်တောက်သွားသည်.. ရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေ ပြင်ဆင်ပြီးသွားပေမယ့် ထုံးစံအတိုင်း သဲဖြူခင်း၊ ရာဇမတ်ကာ ၊ ထုံးသုတ် ၊ ကြပ်ခိုးလှဲဖြင့် တစ်ရုံးလုံးအလုပ်ရှုပ်နေကြသော်လဲ သူ၏ စားပွဲဆီသို့ ကော်ဖီတစ်ခွက်မှန်မှန်ရောက်လာသည်.. ဦးချမ်းသာအောင်က စစ်ဆေးရေးအဖွဲ့ကို ဂါရဂပြုလက်ဆောင်ကောင်းများဖြင့် ကြိုဆိုလိုက်သဖြင့် ထွေထွေထူးထူးမရစ်ပဲ အောင်အောင်မြင်မြင်ပြီးစီးသွားသည်..။ “ရုံးအုပ်ကြီးရေ.. အားလုံးလဲပင်ပန်းသွားကြပြီ.. ကျွန်တော် ဒီည ဆိုင်ကောင်းကောင်းတစ်ခုမှာ တစ်ရုံးလုံ ဒင်နာ လုပ်ပေးချင်တယ်..”
“မလုပ်ပါနဲ့ ဦးစီးရယ်.. ဦးစီးလဲ ပိုက်ဆံတွေကုန်ထားတာမနည်းဘူး.. မလုပ်ပါနဲ့..” “ရပါတယ်ဗျာ.. စီစဉ်လိုက်ပါ.. ” “ဟုတ်ကဲ့ဦးစီး..” ညနေ ဒင်နာ သွားရန်အဝတ်လဲနေတုန်း စနိုးဆီက မက်ဆေ့ တစ်စောင်ဝင်လာသည်.. (ဦး.. ဖုန်းပြောလို့ရမလား..) ဦးချမ်းသာအောင်လဲ စနိုးဆီကို ဖုန်းခေါ်လိုက်သည်.. “ဦး .. အားလား..” “အင်း.. ” “ဦး .. ဟိုနေ့က ဆိုင်ကပိုက်ဆံရှင်းလို့ ဦးကိုပြန်ပေးရအောင်ဖုန်းဆက်တာ.. ဟိုလေ.. အကုန်တော့မဟုတ်ဘူး.. တစ်သိန်းလောက် ဦးကိုပြန်ပေးမလို့.. မနက်ဖြန်ထွက်ရက်လေ .. ဦးလာခေါ်မလား..” “အုါကေ လေ ..” “ဦး စောစောလာခေါ်နော်.. ” “အင်း..” “ဒါဆို ဒါပဲလေ.. အားမွေးထားနော် ဦး.. ဟိဟိ..” “အိုကေ.. မနက်ဖြန်တွေ့မယ်..” ဖုန်းချလိုက်တာနဲ့ နောက်ထပ်ဖုန်းဝင်လာသည်.. ရုံးအုပ်ကြီး ဆက်တာဖြစ်သည်..။
“ဦးစီး.. အဆင်သင့်ဖြစ်ပြီ.. လူလဲစုံပြီ..” “စထားနှင့်လိုက်တော့.. ကျွန်တော်ခုမှ ထွက်လာမှာ.. စောင့်မနေနဲ့တော့..” “ဟုတ်ကဲ့ ဦးစီး..” ဦးချမ်းသာအောင် ဆိုင်ကိုရောက်တော့ ဝိုင်းနှစ်ဝိုင်းခွဲထားသည်ကို တွေ့လိုက်ရသည်.. အမျိုးသမီးဝိုင်းကိုလှမ်းကြည့်လိုက်တော့ မိုးမိုးသဲက အဖြူရောင်ွယ်တာပါးပါးလေးကိုဝတ်လာသည်..။ သူမအသားအရည်နှင့် လိုက်ဖက်လှသည်.. “ရုံးအုပ်ကြီး.. နည်းနည်းပါးပါး လုပ်တတ်တယ်မလား .. ပုလင်းမှာလိုက်လေ..” “နည်းနည်းတော့ရတယ်.. ဦးစီးဘာသောက်မလဲ..” “ချီဗတ်စ် ပဲမှာလိုက်ပါ..စိုးသာ.. အမျိုးသမီးဝိုင်းက လိုတာမှာပေးလိုက်ပါ..” ထုံးစံအတိုင်း စသောက်စမှာ အရှိန်မရသေးသောကြောင့် ငြိမ်နေကြပေမယ့် အရှိန်ရလာတော့ အသံတွေကျယ်၊ ပတ်ဝန်းကျင်ကို မေ့လာကြသည်.. ဦးချမ်းသာအောင် အမျိုးသမီးဝိုင်းဘက်ကို ကြည့်လိုက်တော့ မိုးမိုးသဲက သူ့ကို နှာခေါင်းရှုံ့ပြသည်.. “ဦးစီး.. ကျွန်မတို့ပြန်နှင့်တော့မယ်..”
“ဪ..ဟုတ်ကဲ့ပါ..စားရတာကော အဆင်ပြေရဲ့လား.. ” “ပြေတယ်ဦးစီး.. စားလို့လဲကောင်းတယ်.. ကျေးဇူးတင်ါတယ်” “ရပါတယ်ဗျာ..” “ဟုတ်ကဲ့ .. ခွင့်ပြုပါဦးရှင့်..” အမျိုးသမီးဝိုင်းက ခွင့်တောင်းပြီး ပြန်သွားကြသည်.. ဦးချမ်းသာအောင်လဲ ဆူညံကျယ်လောင်စွာ စကားပြောနေသံတွေကို နားမထောင်ချင်တော့.. ၁ဝ မိနစ်လောက်ဆက်ထိုင်ပြီးတော့.. “ကျွန်တော် မနက် ဂေါက် ရိုက်ဖို့ချိန်းထားလို့ဗျာ.. ပြန်လိုက်တော့မယ်..။ ရုံးအုပ်ကြီး ..ဒီမှာ ပိုက်ဆံ .. လိုတာထပ်မှာကြ.. အေးဆေးသောက်ကြပေါ့ဗျာ..” “ဟုတ်ကဲ့ ဦးစီး.. ကျွန်တော်မနက်ကျရင် ဘေလ် နဲ့ပိုတာ ပြန်လာပေးမယ်လေ.. ”။
“ရပါတယ် တနင်္လာနေ့မှ ပေးတော့.. ကဲ..အားလုံးပဲ ခွင့်ပြုဦး..” အပြင်ရောက်တော့ ရာသီဥတုက အေးနေပြီ.. အရက်ထပ်သောက်ချင်စိတ်က ရှိနေလို့ ဆိုင်တစ်ဆိုင်မှာ ပုလင်းတစ်လုံးဝယ်ပြီး အိမ်ကိုပဲ ပြန်လာခဲ့လိုက်သည်.. အိမ်ရောက်တော့ ဖုန်းကို အသံပိတ်ထားတာ ပြန်ဖြုတ်ရင်း ကြည့်မိတော့ မက်ဆေ့ တွေရောက်နေတာ တွေ့ရသည်.. (ကိုကို အရက်သမားကြီး) (ကိုကို ပြန်သေးဖူးလား) ဦးချမ်းသာအောင်က ပြန်ရောက်နေပြီဖြစ်ကြောင်း စာပြန်ပို့လိုက်တော့ သူမဆီက ဖုန်းဝင်လာသည်.. “ကိုကို ပြန်လာတာစောသားပဲ ဟီး … ဆရာ့ကို စရင်း ကိုကိုလို့ခေါ်တာ နှုတ်ကျိုးတော့မယ်..” “…” “ကိုကို.. ကိုကို.. အရက်သမားကြီး..” “…. ” “ဟာ.. ကိုကို.. ပြန်ပြောလေကွာ..” “မင်းကတော့ … တကယ်ပါပဲ..”
“ဘာလဲ.. မင်း..မင်း..နဲ့ မကြိုက်ပါဘူး..မခေါ်နဲ့..” “ဒါဆို ဘယ်လိုခေါ်ရမလဲ .. ” “မင်း..မင်း..ဆိုတာကြီးကလွဲရင် ကြိုက်သလိုခေါ်..” “သဲ..” “ဟင်.. အဲ့လိုခေါ်မလို့လား.. အားး.. ဘာကြီးလဲ.. ဒါပဲ..ဒါပဲ သူမအော်ဟစ်ပြီး ဖုန်းချသွားသည်..။ ဦးချမ်းသာအောင် ေဆေးလိပ်တစ်လိပ်ကို ထိုတ်ယူမီးငြိပြီး ရှိုက်သွင်းလိုက်သည်.. မီးခိုးငွေ့တွေနှင့်အတူ သူမအကြောင်းအတွေးထဲရောက်ဘာသည်.. “ဟူး..” မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ချိန်တွင် အတွေးထဲမှ သူမအကြောင်းပြန်ပါမသွားပဲ သူ့ရင်ဘတ်တစ်နေရာတွင် ခိုအောင်းကျန်နေခဲ့သည်.. ဟိုတယ်ခန်းအတွင်း လူသားနှစ်ဦး ကမ္ဘာဦးက မစားကောင်းသောအသီးကို ခူးဆွတ်ရန် ကြိုးပမ်းနေကြသည်.. မွတ်သပ်သောအနမ်းရိုင်းများနှင့်အတူ ခန္ဓာကိုယ်ပေါ်က အဝတ်တွေကို ဖယ်ခွာနေကြသည်..။
“ဦးရယ်.. ဦးရဲ့အနမ်းတွေကို သတိရလိုက်တာ..” ဦးချမ်းသာအောင်က သူမကိုဆွဲလှည့်လိုက်ပြီး နောက်ကနေသိုင်းဖက်ထားသည်.. လက်တွေက သူမရင်သားတွေပေါ်ပြေးလွားနေပြီး နှုတ်ခမ်းကတော့ သူမနားရွက်နှင့် ဂုတ်သားတွေကို ထိတွေ့နမ်းရှိုက်နေသည်.. ဦးချမ်းသာအောင်၏ လက်တစ်ဖက်က သူမ၏ ပန်းပွင့်ပေါ်မှနှင်းရည်စက်တွေကို ထိတွေ့မိချိန်တွင် “အ့… ဦး.. သမီး ဖြစ်လာပြီ..” သူမက ဦးချမ်းသာအောင်၏ ကိုယ်ခန္ဓာတစ်နေရာကို အလွာပါးတစ်ခုဖြင့် ဖုံးအုပ်ပေးလိုက်ပြီး “နေရအောင်ကွာ.. လိုချင်နေပြီ.. ” ဦးချမ်းသာအောင်က သူမကို နောက်တခါဆွဲလှည့်လိုက်ပြန်သည်.. အလိုက်သိလွန်းသောသူမက ဦးချမ်းသာအောင်ဆန္ဒကို သဘောပေါက်လိုက်ပြီး လက်နှစ်ဖက်ကို နံရံကိုလှမ်းထောက်လိုက်သည်..။
အကြိမ်ကြိမ်လျှောက်ခဲ့ဖူးသော လမ်းတစ်လမ်းပေါ် နှစ်ဦးသားထပ်ရောက်သွားပြန်သည်.. လျှောက်နေကြလမ်းဖြစ်နေတော့ ခလုတ်ကန်သင်းများကို အလွယ်တကူဖြတ်ကျော်နိုင်ခဲ့ပြီး ကိုယ်ခန္ဓာနှစ်ခုပေါင်းစပ်မိသွားချိန်တွင်.. “ရှီး..ဦးရယ်.. ကောင်းလိုက်တာ..အ့ .. ” ဦးချမ်းသာအောင်က ခပ်ကိုင်းကိုင်းဖြစ်နေသော သူမပုခုံးနှစ်ခုကို လှမ်းကိုင်လိုက်သည်.. နှင်းရည်များနှင့်ပြည့်နေသော ပန်းလေးတစ်ပွင့်ပေါ် ပျံဝဲနေသော ဝတ်ရည်စုပ်ငှက်ရဲ့ တောင်ပံခတ်သံတွေက မပြင်းထန်သော်လည်း မြန်ဆန်လွန်းနေသည်.. “အာ့. အင့်..အီး..ဦး.. ဦး.. ရှီး.. ကောင်းလိုက်တာ ဦးရယ်.. အ့.. ရှီး.. ကြမ်းတော့ကွာ.. ကြမ်းကြမ်း..” အောက်နှုတ်ခမ်းလေးကို ကိုက်ကာငြီးတွားနေသော သူမရဲ့အသံက ဦးချမ်းသာအောင်၏ ရမ္မက်ဇောကို လောင်စာလောင်းနေသလိုပင်.. ။
“အိုး.. ရှီး.. ဦး ကြမ်းတာတွေကို သမီးလွမ်းနေတာ.. အီး.. အ့..” ရမ္မက်ဆိုတဲ့လေနီကြမ်းတိုက်ခိုက်လာသောကြောင့် ဝတ်ရည်စုပ်ငှက်ရဲ့ တောင်ပံခတ်နှုန်းတွေလျော့ချလိုက်ပြီး တောင်ပံခတ်တဲ့ အားမာန်ကိုတော့ တိုးမြှင့်လိုက်သည်.. “အိ..ရှီး.. ဦး.. ကောင်းတယ်.. အ့.. တချက်..အ့..ချင်း.. ကြမ်းကြမ်း.. အီး.. ကြမ်းကြမ်းကြီး..အ့.. လုပ်.. အီး..” သူမ၏ ပုခုံးပေါ်တင်ထားသော ဦးချမ်းသာအောင်၏ လက်တစ်ဖက်ကို သူမရင်သားတွေကို ထိတွေ့နိုင်ရန် ဆွဲယူလိုက်သည်.. “ဦး.. အား.. ကောင်းလား.. အီး.. ကောင်းလားဟင်.. ” “အင်း……” “အာ့.. သမီး.. လဲ.. အရမ်း.. အ့…ကောင်းတယ်.. အင့်..” ဖိုမကွာခြားချက်အတိုင်း စိတ်၏ လှုံဆော်မှုကို ခန္ဓာကိုယ်က တုံ့ပြန်မှုမှာလဲ မတူညီပေ.. သဘာဝတရားရဲ့အလိုတော်အတိုင်း ရမ္မက်ဇော၏ လှုံဆော်မှုကြောင့် တစ်ဦးမှာ မာကျောပြင်းထန်လာချိန်တွင် တစ်ဦးမှာတော့ စိုစွတ်နူးညံ့လာရသည်..။
“အီ.. ဦး.. အ့.. သမီးအလှည့်.. ရှီး…” ခရီးတစ်ခုကို အတူလျှောက်နေသူအချင်းချင်း ဖေးမတတ်သော သူမ၏ အလိုက်သိမှုကို အသိအမှတ်ပြုတဲ့အထိမ်းအမှတ်အဖြစ် သူမ၏ နားရွက်လေးကို နမ်းရှိုက်လိုက်သည်.. နားလည်မှုရှိသော ကစားသမားများလို အချိန်အနည်းငယ်အတွင်းမှာပဲ ကိုယ်န္ဓာနှစ်ခုပြန်လည်ပေါင်းစပ်သွားပြန်သည်.. သူမက သူ၏ ရင်ဘတ်ပေါ် လက်ထောက်လိုက်ပြီး.. အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်.. “ဦး.. သမီး.. ကြမ်းကြမ်းကြီး လုပ်မယ်နော်..” အစပိုင်းတွင် သူမ၏ လှုပ်ရှားမှုက သတ်ကွင်းအတွင်းဝင်လာသော ရန်သူကို မျှားတစ်စင်းချင် ထိုင်ပစ်နေသော စစ်ဘုရင်မ .. တဖြည်ဖြည်းနှင့် သူမ၏ လှုပ်ရှားမှုက စစ်မာန်တက်လာသော စစ်ဘုရင်မ၏ ကြမ်းတမ်းသော ထိုးနှက်ချက်တွေအဖြစ်ပြောင်းလဲလာသည်..။
စစ်ပရိယာယ် ကြွယ်ဝသော စစ်ဘုရင်မ၏ အဝှေ့အဝိုက်.. အနွဲ့အယိမ်းအောက်တွင် ဦးချမ်းသာအောင် တဖြည်းဖြည်းကျဆုံးလာသည်.. “အာ့.. အ.. ကောင်းတယ်.. စနိုး..အဲ့အတိုင်းလေး..အ့..” သူမက ဦးချမ်းသာအောင်ပေါ်မှောက်ချပြီး ဦးချမ်းသာအောင်၏ နှုတ်ခမ်းတွေကို စုပ်နမ်းလိုက်သည်.. လှုပ်ရှားမှုကိုလည်း ရပ်တန့်လိုက်သည်… သူမက သူ့အား အလှည့်ပေးလိုက်ခြင်းပင်.. ဦးချမ်းသာအောင် သူမမျက်နှာကိုကြည့်လိုက်သည် .. သူ့ရဲ့အကြည့်က ကြိုးဝိုင်းအတွင်းဝင်လာသော မိမိပြိုင်ဖက်ကို ကြည့်သည့်အကြည့်မျိုး.. ထို့နောက် သူမကို တင်းတင်းဖက်ထားပြီး တပတ်လည့်လိုက်သည်..။
သူ၏ အားမန်ပါသော တဖက်သက်ထိုးနှက်မှုအောက်တွင် သူမမှာ အလူးအလဲ .. သူမက ဦးချမ်းသာအောင်၏ ရင်ဘတ်ကို လက်သည်းများဖြင့် ကုတ်ခြစ်ပြီး “အင့်.. ကောင်းတယ်.. ဦး .. ရှီး.. ပြင်းပြင်း.. ကြမ်းကြမ်းကြီး လုပ်တော့ကွာ ..” သူမရဲ့တောင်းဆိုမှုအသံက ဦးချမ်းသာအောင်၏ ရမ္မက်လှိုင်းကို ခလုတ်ဖွင့်ပေးလိုက်သလိုပင်.. “အား.. အီး.. သမီး.. ကြိုက်တယ်.. ဦး.. အီး.. လုပ်ကွာ.. ဦးရယ်.. အီး..ရှီး.. အား.. ကောင်းလိုက်တာ..ဦး.. ဦး.. ..အင့်.. ” ဦးချမ်းသာအောင်၏ အာရုံတွင် ခရီးလမ်းဆုံးကို အတူရောက်ဖို့မှလွဲပြီး ဘာမှမရှိတော့.. သူမသည်လည်း ပန်းတိုင်မြင်နေရသည့် အပြေးမယ်တစ်ယောက်ရဲ့တက်ကြွခြင်းမျိုးဖြင့် တုံ့ပြန်လာသည်.. “ဦး.. ဦး.. အီး..အ့ာ. ဆောင့်.ကွာ… ရှီး.. သမီး ဖြစ်တော့မယ်.. ရှီး .. ကြမ်းကြမ်းကြီးလုပ်ကွာ.. ” “အီး .. သမီး.. ဖြစ်တော့မယ် အာ့.. ကောင်းတယ်.. ဦး.. လုပ်.. အား..ဖြစ်ပြီ..အ့.. ပြီးပြီ” “အား.. ကိုယ်လဲ ပြီးပြီ. အ့..” ရမ္မက်ဒီရေအတက်တွင် အခန်းငယ်လေးအတွင်း လူသားနှစ်ဦး ဝုန်းဒိုင်းကြဲသွားခဲ့သော်လည်း။
ရမ္မက်၏ ဘေးထွက်ပစ္စည်းများ နှစ်ဦးသား၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာချိန်တွင် နှစ်ဦးသားစလုံးရဲ့ အသက်ရှူသံပြင်းပြင်းများကလွဲလို့ အခန်းငယ်လေး ပြန်လည်တိတ်ဆိတ်သွားသည်.. နှစ်ဦးသားခဏ အမောဖြေပြီးတော့.. “ဦး.. သန့်ရှင်းရေး သွားလုပ်ရအောင်..” နှစ်ဦးသားရေချိုးခန်းထဲရောက်တော့ သူမက ဦးချမ်းသာအောင် ညစ်ပတ်နေတာကို တယုတယဆေးပေးသည်.. “ကိုယ်ရေချိုးချင်တယ်.. ” “သမီးလဲချိုးမယ်..တူတူချိုးရအောင်..” ရေပန်းအောက်ရှိ အဝတ်မဲ့လူသားနှစ်ဦးက ရေချိုးသန့်စင်ရင်း ပွတ်သပ်ကျီစယ်နေသည်..။ သူမက ဦးချမ်းသာအောင်ရဲ့ကျောပြင်ကို ဆပ်ပြာတိုက်ပေးပြီးနောက် နောက်ကနေသိုင်းဖက်လိုက်သည်.. ထို့နောက်ခြေဖျားထောက်ပြီး ဦးချမ်းသာအောင်ရဲ့ နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်သည်..
“ဦးကျောကို ချေးတွန်းပေးမယ်..ဟိ” စကားဆုံးသည်နှင့် ဦးချမ်းသာအောင်၏ ကျောပြင်ကို သူမ၏ ရင်သားများဖြင့် ထက်အောက်စုန်ဆန်ဝှေ့ဝိုက်ကာ ပွတ်သပ်လိုက်သည်.. နူးညံ့သော ထိတွေ့မှုကြောင့် ဦးချမ်းသာအောင်ကျောတချက်ကော့သွားတော့ သူမက သူရင်ဘတ်ကို ဖက်ကာဆွဲယူလိုက်သည်.. သူမ၏ လက်နှစ်ဖက်က သူ၏ ရင်ဘတ်ပေါ်တွင် ပြေးလွားဆော့ကစားနေပြီး တချက်တချက် သူ၏ နို့သီးခေါင်းများကို တို့ထိဆော့ကစားလိုက်သည်.. “အာ့..အ့…” ဦးချမ်းသာအောင်၏ နှုတ်မှ အသံထွက်သွားရလောက်အောင် ထိတွေ့မှုက ကောင်းလွန်းနေသည်.. သူမလက်တွေက အောက်ကိုဆင်းလာပြီး ဦးချမ်းသာအောင်၏ ဗိုက်သားများကို ပွတ်လိုက်၊ လက်သည်းချွန်ချွန်လေးများဖြင့် ဖွဖွလေးကုတ်ခြစ်လိုက် ကစားနေသည်…။
“ဦး.. ဘယ်လိုလဲ.. ” “အင်း..” သူမလက်တွေက တဆင့်ထပ်ဆင်းလာသည်.. သူမ၏ ကနဦးနှိုးဆွမှုမှာပင် ဦးချမ်းသာအောင်၏ စိတ်တွေ မာကျောပြင်းထန်နေပြီးဖြစ်သည်.. “ဟယ်.. ဦး ပြန်ဖြစ်နေပြန်ပြီ..” ဦးချမ်းသာအောင်က ရေပန်းခလုတ်ကိုဖွင့်လိုက်ပြီး သူမဘက်ကိုလှည့်လိုက်သည်.. သူမက ဦးချမ်းသာအောင်၏ လည်ပင်းကို တွဲခိုကာ နမ်းလိုက်သည်.. ညင်သာသောအနမ်းဖြင့်အစပြုခဲ့သော်လည်း ရမ္မက်လှိုင်းထန်လာသည်နှင့်အတူ အနမ်းတွေလဲ ကြမ်းတမ်းပြင်းထန်လာသည်.. သူမက ရုတ်တရတ် အနမ်းတွေရပ်လိုက်ပြီး သူ၏ မေးဖျားအား သူမ၏နှုတ်ခမ်းနှင့် ထိတယ်ဆိုရုံလေး နမ်းလိုက်ပြန်သည်..။
အနမ်းတွေကရပ်တန့်မသွားပဲ ဖြည်ဖြည်းချင်း အောက်ဆင်းလာသည်.. ဦးချမ်းသာအောင်၏ ရင်ဘတ်တဝိုက် ပြေးလွားဆော့ကစားနေသော နှုတ်ခမ်း၏ အထိအတွေ့မှာ နူးညံ့ညင်သာလွန်းသည်.. ချက်နားအရောက်တွင် နှုတ်ခမ်းနှုတ်လွာ ပွင့်ဟသွားပြီး လျှာကလေးဖြင့် ထိတွေ့ဆော့မြူပေးလိုက်သည်.. “အာ့..အာ့..” သူမက သူ့အား မော့ကြည့်ပြီး ကျေနပ်စွာပြုံးလိုက်သည်.. “ဦး.. ကြိုက်လား..” “အင်း.. ကြိုက်တယ်.. ” “ဒါဆို… ဒီထပ်ပိုကောင်းအောင် လုပ်ပေးမယ်နော်..” သူမရဲ့လက်တစ်ဖက်က ဦးချမ်းသာအောင် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ဖမ်းယူဆုပ်ကိုင်လိုက်သည်.. ။
နှုတ်ခမ်းနှစ်လွာသည်လဲ ပြန်လည်ပွင့်ဟလာပြီး ထိုအရာအား နမ်းရှိုက်စုပ်ယူလိုက်သည်.. ဦးချမ်းသာအောင်ရှေ့တွင် ဒူးထောက်ပြီး သူမ ပြုစုယုယနေမှုမှာ ဒဏ္ဍာရီလာအချစ်နတ်ဘုရားမတစ်ဦး သီကျူးသောပုလွေသံအလား ငြိမ့်ညောင်းလှသည်.. ဦးခေါင်း၏ လှုပ်ရှားဟန်မှာလဲ ကျွမ်းကျင်ပိုင်နိုင်သောကကွက်တစ်ခုကို စည်းချက်အလိုက် ကခုန်နေသော နတ်ဘုရားမ၏ ဟန်ပန်.. သူမ၏ နွေးထွေးနူးညံ့သော ပြုစုမှုနောက်သို့ ဦးချမ်းသာအောင်မျောပါသွားသည်.. ရမ္မက်၏လှုံဆော်မှုမှာလဲ အထွဋ်အထိပ်သို့ တလှမ်းချင်းတက်လှမ်းနေစေသည်.. “စနိုး.. ကိုယ်လိုချင်ပြီ..”
“သမီးလဲ.. အရမ်းလိုချင်နေပြီ..” ထို့နောက်သူမက ဦးချမ်းသာအောင်၏ လက်ကိုဆွဲကာ အခန်းထဲသို့ ဦးဆောင်ဝင်သွားလိုက်သည်.. ရမ္မက်တိုက်ပွဲကို ပြန်လည်ဆင်နွဲရန် ဦးဆောင်မည့် စစ်ဘုရင်မမှာ သူမဖြစ်ကြောင်း ကြေငြာလိုက်သယောင်ပင်.. လူသားတို့၏ အနှစ်ခြိုက်ဆုံးသော လောကနိဗ္ဗာန်ကို နှစ်ဦးသားအတူတက်လှမ်းကြပြီးနောက် .. သူမ၏ ဘေးတွင်ယှဉ်လျက်အိပ်လိုက်သည်.. သူမက သူ့ရင်ခွင်ထဲအသာတိုးဝင်လာပြီး သူ့ကိုနမ်းလိုက်သည်..။ “ဦးရယ်.. သမီးအရမ်းကောင်းသွားတယ်.. ” ဦးချမ်းသာအောင်က သူမကိုအသာအယာထွေးပွေ့ထားလိုက်လေတော့သည်…..ပြီးပါပြီ။