စိတ်ထောင်း ရင် အကုန် ကြေ တယ်နော် မပေါ့နဲ့
စိတ်ထောင်း ကိုယ် ကြေ ဆိုတဲ့ ဆိုရိုးစကားလေးနဲ့ ကွီးတို့အားလုံး ရင်းနှီးကြပါလိမ့်မယ်။ အဓိပ္ပါယ်ကတော့ ရိုးရှင်းပါတယ်။ စိတ်ဖိစီးမှုတွေ များပြီး စိတ်ကျန်းမာရေး အားနည်းနေမယ်ဆိုရင် ကွီးတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးကလည်း ဖွတ်ဖွတ်ညက်ညက်ကို ကြေသွားမှာပါ။ ထိုနည်းတူစွာပဲ ကွီးတို့အငယ်ကောင်ရဲ့ ကျန်းမာရေးကလည်း နာလန်ထူနိုင်မှာ မဟုတ်တော့ပါဘူး။
လူ့ဘဝကြီးမှာ ပျော်ရွှင် ကျန်းမာစွာနဲ့ အဓိပ္ပါယ် ပြည့်ဝစွာ နေထိုင်နိုင်ဖို့အတွက်ဆိုရင် ခန္ဓာကိုယ် ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးတို့သည် တစ်ခုကို တစ်ခု အမှီပြုနေတာပဲဖြစ်ပါတယ်။ ကွီးတို့ အငယ်ကောင်ရဲ့ ကျန်းမာရေး ကျပြန်တော့ နှစ်ခုစလုံးမှာ အကြုံးဝင်နေပတယ်။ သူက စိတ်ကျန်းမာရေးထဲလည်း ပါသလို ခန္ဓာကိုယ် ကျန်းမာရေးထဲလည်း ပါနေပါတယ်။ ခန္ဓာကိုယ် ကျန်းမာပြီး အမောအပန်းခံနိုင်မှ ကွီးတို့ ညီလေးက အချိန်ကြာကြာ
ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမှာလဲ
ဒီလိုမျိုး ဘက်စုံ ကျန်းမာနေမှသာလျှင် ကွီးတို့သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တက်လာမယ်၊ ညဘက်မှာ ကောင်းမွန် နှစ်ခြိုက်စွာ အိပ်ပျော်လာနိုင်မယ်၊ ဘဝမှာ နေထိုင်ရတာလည်း ပိုမိုပျော်ရွှင်လာမှာပဲ ဖြစ်ပါတယ်။ မတော်လို့ တစ်စုံတစ်ခု ချွတ်ချော်သွားတယ် ဆိုပါစို့၊ ကွီးတို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စရာ တစ်ခုခု ကြုံရတဲ့အခါ (သို့) ခန္ဓာကိုယ် ကျန်းမာရေး ထိခိုက်သွားတဲ့အခါမှာဆိုရင် ကွီးတို့ ညီလေးကလည်း ဘယ်လိုမှ ပါဖောမန့်စ် ကောင်းနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့်မို့လို့ စိတ်ထောင်း ကိုယ် ကြေ ဆိုတာ လူကြီးတွေက အလကား ပြောတာမဟုတ်ပါဘူး။
စိတ်ကျန်းမာရေး၊ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ညီလေး ကျန်းမာရေး အလုံးစုံ ကောင်းမွန်ဖို့အတွက် ဘာတွေ လိုအပ်မလဲ
လိုအပ်တာကတော့ အများကြီးပါပဲ။ တစ်နေ့လျှင် အနည်းဆုံး ၁၅ မိနစ်ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးရမယ်၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို စားသုံးပေးရမယ်၊ အိပ်ရေး ဝဝ အိပ်စက် အနားယူရမယ်၊ ဆေးလိပ် ဖြတ်ရမယ်၊ စိတ်ငြိမ်ပြီး စိတ်ဖိစီးမှု ကင်းဝေးအောင် တရားထိုင်ပေးရမယ် အစရှိသည်ဖြင့် လုပ်ဆောင်ရမှာတွေ အများကြီးပါပဲ။ ချစ်တင်းနှော တဲ့ အခါမှာလည်း ကိုယ့်ညီလေးရဲ့ ကျန်းမာရေးကို ထည့်စဥ်းစားပြီး အကာအကွယ် အမြဲတမ်း အသုံးပြုကာ ချစ်တင်းနှော ခြင်း အစရှိတဲ့ လိုက်နာရမယ့် အချက်တွေကို စနစ်တကျ လိုက်နာဖို့ လိုအပ်ပါတယ်။
တစ်စုံ တစ်ရာ ချွတ်ချော်သွားခဲ့ပါက လုပ်ဆောင်နိုင်မယ့် နည်းလမ်းများ
မနက်ဖြန် ဆိုတာသည် မသေချာတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ဘက်က ဘယ်လောက်ပဲ ကျန်းမာရေး လိုက်စားတယ်ပဲ ပြောပြော ကံကြမ္မာ ကျီစားတဲ့အခါ ကမောက် ကမဖြစ်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ ဆိုကြပါစို့ ကွီးတို့က တက်တူးထိုးခြင်း၊ နားဖောက်ခြင်းတို့ ပြုလုပ်တဲ့အခါ ပြုလုပ်ပေးတဲ့ဆိုင်က ပရော်ဖက်ရှင်နယ်ဆန်ဆန် မပြုလုပ်ပေးတဲ့အခါမျိုးဆိုရင် နစ်နာရတာက ကွီးတို့ပါပဲ။ ဒါ့ကြောင့်မို့လို့ သတိဆိုတာ ပိုသည် မရှိ သေချာ ဂရုစိုက်သင့်တာပဲဖြစ်ပါတယ်။ မတော်လို့ ကိုယ့်မှာ ရောဂါ တစ်စုံတစ်ခု ရှိလာခဲ့ရင်လည်း သက်ဆိုင်ရာ ဆရာဝန်ထံ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။ စိတ်ကျန်းမာရေးအတွက်ဆိုလည်း စိတ်ကျန်းမာရေး ဆရာဝန်၊ ညီလေး ကျန်းမာရေးအတွက်ဆိုလည်း သက်ဆိုင်ရာ ဆရာဝန်ထံ အမြန်ဆုံး ပြသသင့်ပါတယ်။ ကိုယ်က ဒီလို ဆရာဝန်တွေနဲ့ ကုသမှု ခံယူနေရခြင်းသည်လည်း ရှက်စရာ မဟုတ်ပါဘူး။
ဘယ်အရာတွေကများ ကွီးတို့ ကျန်းမာရေးလောက် အရေးကြီးလို့လဲ။
( Credit အပြာစာအုပ်၊ လူကြီးစာအုပ်၊ အောစာအုပ် အပြာကားများ အောကားများ၊ တခြားစာအုပ် ဗဟုသုတရ စရာစာအုပ်အမျိုးမျိုး ဖတ်ရန် Like၊ Follow ထားပါ)