တစ်ယောက်တည်း လက်သိုင်း ကျင့်မယ်ဆို ဒီအချက်တွေကို ရှောင် ကြပါ
အကြောင်းအမျိုးမျိုးကြောင့် စိတ်ကြွလာပြီး လက်သိုင်း ကျင့် တဲ့အခါမျိုးမှာ ကိုယ့်ရဲ့ ညီလေးကို ဘေးကင်းကင်းနဲ့ အဆုံးစွန်ထိ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ဖို့ရန်အတွက် အခုဖော်ပြပေးမယ့် အချက်များကို ရှောင် ကြဥ်ဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင်တော့ အဆုံးစွန်ထိ မပျော်ရွှင်လိုက်ရဘဲ တစ်ဝက် တစ်ပျက်နဲ့ မျက်ရည်လည်ရွှဲနဲ့ ဆေးရုံက အရေးပေါ်ခန်းဆီ ပြေးနေရပါလိမ့်မယ်။
(၁) ကိုယ့် ညီလေးကို လိုအပ်သည်ထက် ပိုပြီး အားစိုက်ကာ ညှစ်ထားခြင်း
ဆေးသိပ္ပံဂျာနယ်က ရေးသားဖော်ပြထားတဲ့ အချက်အလက်များအရ ညီလေး ကျိုးသွားရခြင်း အကြောင်းအရင်းများရဲ့ ၁၉ ရာခိုင်နှုန်းသည် ကိုယ့်ရဲ့ စကီလေးနဲ့ ချစ်တင်းနှောစဥ်မှာ ဖြစ်ပွားကြတာဖြစ်ပြီး ၆၀ ရာခိုင်နှုန်းသော အကြောင်းအရင်းများကတော့ တစ်ယောက်တည်း လက်သိုင်းကျင့်နေစဥ်မှာ ဖြစ်ပွားရခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ တစ်ယောက်တည်း လက်သိုင်းကျင့်ရင်းနဲ့ ဘာ့ကြောင့် က ကျိုးသွားရသလဲဆိုတော့ ကွီးတို့က အရမ်း အားစိုက်ထုတ်ကာ ညှစ်ထားလို့ပဲဖြစ်ပါတယ်။ ပြီးတော့ လက်သိုင်းကျင့်တဲ့ ထောင့်အနေအထားကလည်း ပုံစံမမှန်တဲ့အခါမျိုး၊ ကွီးတို့ ခန္ဓာကိုယ် အနေအထားကလည်း ပုံစံမမှန်တဲ့အခါမျိုးတွေမှာ အခန့်မသင့်ရင် ညီလေး ကျိုးသွားရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တော်ရုံ သင့်ရုံ အားနဲ့သာ ညှစ်ထားဖို့ မမေ့ပါနဲ့။
(၂) ရွေ့လျားနေတဲ့ ယာဥ်တစ်မျိုးမျိုးပေါ်မှာ လက်သိုင်း ကျင့်ခြင်း
ညီလေး ကျိုးသွားတဲ့ ဖြစ်ရပ်မျိုးကို ကိုယ်တိုင် ကြုံဖူးကြမယ်၊ မကြုံဖူးရင်တောင် ကြားဖူးကြပါလိမ့်မယ်။ ကနေဒါနိုင်ငံက ဆေးသိပ္ပံဂျာနယ်က ပြုလုပ်တဲ့ သုတေသန လေ့လာချက်များအရ အမျိုးသားထုကြီးသည် ရွေ့လျားနေတဲ့ ကားပေါ်မှာ တစ်ယောက်တည်း လက်သိုင်းကျင့်နေရင်းနဲ့ ကားက ဘရိတ်အုပ်လိုက်တဲ့အခါမှာ သူတို့ရဲ့ ညီလေး ကျိုးသွားကြတယ်လို့ ထိုလေ့လာချက်အရ သိရှိရပါတယ်။
တချို့ကကျတော့လည်း ရွေ့လျားနေတဲ့ ယာဥ်ပေါ်မှာ လက်သိုင်းကျင့်တာ မဟုတ်ပါဘူး။ ရေချိုးခန်းထဲမှာ လက်သိုင်းကျင့်ရင်း ကြမ်းပြင်က ချော်သွားတဲ့အတွက်ကြောင့် သူတို့ရဲ့ ညီလေးက ကျိုးသွားပါလေရော။ တချို့ကျတော့ ကော့တေး ဖျော်စပ်တဲ့အခါ အသုံးပြုတဲ့ Cocktail Shaker ထဲသို့ ညီလေးထည့်ပြီး အားပြင်းပြင်းနဲ့ လက်သိုင်းကျင့်ပြီးတဲ့နောက်မှာ ညီလေး ကျိုးသွားတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့ရပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကွီးတို့က လက်သိုင်းကျင့်မယ်ဆိုရင် ကိုယ့်ရဲ့ အိပ်ခန်းလိုမျိုး ဘေးအန္တရာယ်ကင်းတဲ့ နေရာမျိုးမှာသာ လက်သိုင်းကျင့်သင့်ပါတယ်။
(၃) ကိုယ့်ညီလေးထဲကို ဘာမှ မထိုးထည့်ပါနဲ့
အရူးမှ မဟုတ်တာ။ ကိုယ့်ညီလေးထဲကို ဘာတွေ ထိုးထည့်လို့ရမှာလဲလို့ ကွီးတို့ တွေးကောင်း တွေးပါလိမ့်မယ်။ ဒါပေမဲ့လည်း လက်ရဲဇက်ရဲနဲ့ အထူးအဆန်း လုပ်တတ်တဲ့ လူထူးလူဆန်း ပုရိသအချို့ ရှိတဲ့အတွက်ကြောင့် အခုလို တားနေရခြင်းဖြစ်ပါတယ်။ ကွီးတို့လည်း ဒါကို ဖတ်ပြီးသွားတဲ့အခါ ဗဟုသုတ တစ်ခု ရသွားဖို့အတွက်လည်း ရည်ရွယ်ရခြင်းဖြစ်ပါတယ်။
အချို့ကွီးတွေက လက်သိုင်းကျင့်နေစဥ်မှာ ပိုစိတ်ကြွလာဖို့ဆိုပြီး လျှပ်စစ် ဝါယာကြိုးတွေကို ညီလေးထဲသို့ ထိုးထည့်လေ့ရှိပါတယ်။ ပုရိသတစ်ယောက်ကဆိုရင် ဆီးပြွန်ထဲကနေတဆင့် လျှပ်စစ် ဝါယာကြိုးကို ထိုးသွင်းခဲ့ပြီး နောက်ပုရိသတစ်ယောက်ကဆိုရင် အထိုးသွင်းလွန်ပြီး ထိုဝါယာကြိုးက ဆီးအိတ်ထဲတောင် ရောက်သွားပါတယ်။ ထိုဖြစ်စဥ် နှစ်ခုစလုံးမှာ ခံစားရတဲ့ အမျိုးသားနှစ်ယောက်စလုံးကတော့ ခွဲစိတ်ကုသမှု ခံယူပြီးတဲ့နောက်မှာ ပြန်လည် သက်သာပျောက်ကင်းသွားပြီလို့ ဆရာဝန်တွေက ဆိုပါတယ်။
ကွီးတို့လည်း ကိုယ့်ညီလေးကို ဘာထိခိုက် ပွန်းပဲ့မှုမှ မဖြစ်စေချင်ဘူးဆိုရင်တော့ ဘာမှ စိတ်ကူး ဥာဏ်ကွန့်ပြီး အသစ်အဆန်းတွေ လျှောက်မထွင်တာ အကောင်းဆုံးပါပဲ။
ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း တစ်ယောက်တည်း လက်သိုင်း ကျင့်နေတဲ့အချိန်မှာ ဘယ်အရာတွေကို ရှောင် ကြဥ်ရမလဲဆိုတာကို သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
( Credit အပြာစာအုပ်၊ လူကြီးစာအုပ်၊ အောစာအုပ် အပြာကားများ အောကားများ၊ တခြားစာအုပ် ဗဟုသုတရ စရာစာအုပ်အမျိုးမျိုး ဖတ်ရန် Like၊ Follow ထားပါ)