၃ မိနစ် ခေါက်ဆွဲပြုတ် မဖြစ်စေဖို့ သိထားသင့်သမျှ
အိပ်ရာထက်မှာ စွမ်းဆောင်ကောင်းကောင်းမပြနိုင်မှာ ယောကျာ်းတိုင်း အကြောက်ဆုံးပါ။ အထူးသဖြင့် ချစ်တင်းနှောတဲ့အခါ မြန်မြန်နဲ့ ကိစ္စပြီးသွားတက်တဲ့ တက်ထွက်တို့ ၊ ၃ မိနစ် ကောင်တို့ ဖြစ်မှာကို စိုးရိမ်တကြီး ရှိကြပါတယ်။ လေ့လာမှုတွေအရတော့ ချစ်တင်းနှော ချိန်မှာ ပျမ်းမျှအားဖြင့် ယောကျာ်းတစ်ယောက်ရဲ့ သုတ်လွှတ်ချိန်ဟာ ၃ မိနစ်ကနေ ၇ မိနစ်အတွင်း ကြာတက်ကြောင်း တွေ့ရှိရပါတယ်။ အချိန်ကြာကြာ အစွမ်းပြဖို့ ဆေးဝါးတွေ ၊ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေကို အသုံးပြုတာက ရေရှည်အတွက် မကောင်းပါဘူး။ ဒီဆောင်းပါးလေးမှာတော့ ချစ်တင်းနှော ချိန်မှာ မြန်မြန် ကိစ္စမပြီးစေဖို့ ကူညီပေးနိုင်မယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ဖိုးပလေးအတွက် အချိန်ပေးပါ
ပါတနာအတွက် စိတ်ကျေနပ်မှုမရှိမှာ စိုးရိမ်နေတယ်ဆိုရင် ကြိုတင်နှိုးဆွမှုလို့ခေါ်တဲ့ ဖိုးပလေးကို သေချာအချိန်ပေးပြီး ပြုလုပ်ပေးသင့်ပါတယ်။ ဖိုးပလေးကို အချိန်ပေးလုပ်ဆောင်ခြင်းဟာ အိပ်ရာထက်မှာ အချိန်ကြာကြာ ခရီးဆက်နိုင်မှာဖြစ်သလို အထွတ်အထိပ်ခံစားမှုကိုလည်း ပြည့်ပြည့်ဝဝရရှိစေနိုင်ပြီး လိင်စိတ်ကျေနပ်မှုကို ကောင်းစွာရရှိစေနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
(၂) လူကြီးကစားစရာတွေကို သုံးပေးပါ
အမျိုးသားနဲ့ အမျိုးသမီးတွေကြား အော်ဂဇင်ဖြစ်မှု ကြာချိန်ဟာ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ သင်နဲ့သင့်ပါတနာကြားက ပြီးမြောက်မှု ကွာဟချက်ကို ညှိဖို့ဆို လူကြီးကစားစရာတွေဟာ အကောင်းဆုံး နည်းဗျူဟာတစ်ခု ဖြစ်ပါတယ်။ လူကြီးကစားစရာတွေကို အသုံးပြုပြီး ကြိုတင်နှိုးဆွမှုပြုလုပ်နိုင်သလို ချစ်တင်းနှော နေစဉ်အတွင်းမှာလည်း တွဲဖက်အသုံးပြုခြင်းဖြင့် အချိန်ကြာကြာ စွမ်းဆောင်ရည်ပြနိုင်ဖို့ အထောက်အကူ ပြုပါတယ်။
(၃) တစ်ကိုယ်ရည် အာသာဖြေထားပါ
အကယ်၍ သင်ဟာ ၃ မိနစ် ခေါက်ဆွဲပြုတ်ဖြစ်မှာ စိတ်ပူတယ်ဆိုရင်တော့ ဒီနည်းလမ်းကို သုံးကြည့်ပါ။ “ပွဲမဝင်ခင် ပြင်ကကျင်းပ” ဆိုသလိုပါပဲ အမှန်တကယ် ချစ်တင်းနှော ခြင်းမပြုမီ ကြိုတင် တစ်ကိုယ်ရည် အာသာဖြေထားခြင်းဟာ ကြာချိန်ကို ဆွဲဆန့်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
(၄) ပိုထူတဲ့ ကွန်ဒုံးသုံးပါ
ပိုထူတဲ့ ကွန်ဒုံးတွေဟာ ချစ်တင်းနှော စဉ်အတွင်း ထိတွေ့အာရုံခံစားမှုကို လျော့ကျစေတဲ့အတွက် မြန်မြန်ပြီးမြောက်မှုမရှိစေဖို့ ကာကွယ်ပေးတဲ့ အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်ပေးပါတယ်။ ပုံမှန်ထက် ခံစားမှုအာရုံလျော့တယ်ဆိုရင် သုတ်လွှတ်ချိန်ဟာလည်း ပိုကြာနိုင်ပါတယ်။ ဒါကြောင့် အချိန်ကြာကြာ အစွမ်းပြချင်ရင် ပိုထူတဲ့ ကွန်ဒုံးတွေကို သုံးပေးပါ။
(၅) ခေတ္တခဏ အနားပေးပါ
ဒီနည်းဗျူကတော့ တော်တော်လေး အသုံးဝင်ပါတယ်။ ချစ်တင်းနှော နေစဉ် သုတ်လွှတ်ချင်စိတ် ဖြစ်ပေါ်လာပြီဆိုတာနဲ့ ဆက်ဆံမှုကို ခေတ္တခဏ ရပ်တန့်လိုက်ပြီး အာရုံပြောင်းလိုက်ဖို့ပါ။ ဒီလို ခေတ္တခဏ အနားပေးလိုက်ခြင်းဖြင့် သုတ်လွှတ်ချင်စိတ်ကို လျှော့ချပေးပြီး ကြာချိန်ကိုပိုကြာစေဖို့ ဆွဲဆန့်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းကို တစ်ကိုယ်ရည်အာသာဖြေချိန်မှာလည်း လေ့ကျင့်နိုင်ပါတယ်။ ( Credit အပြာစာအုပ်၊ လူကြီးစာအုပ်၊ အောစာအုပ် အပြာကားများ အောကားများ၊ တခြားစာအုပ် ဗဟုသုတရ စရာစာအုပ်အမျိုးမျိုး ဖတ်ရန် Like၊ Follow ထားပါ)