စပယ်ရှယ်ဖီး သာယာ မှု ကို ထိထိ မိမိ ခံစားချင်ရင်
ကိုယ့်ချစ်သူလေးနဲ့အတူတူ ဖဲမွေ့ရာထက်မှာ ချစ်တင်းနှောတဲ့အခါ အဆုံးစွန်ဆုံးသော သာယာ မှုကို ထိထိ မိမိ ခံစားချင်တယ်ဆိုရင်တော့ ကွီးတို့ တတ်မြောက်ထားသင့်တဲ့ ပညာရပ်တချို့ရှိပါတယ်။ ထိုပညာရပ်များကို တတ်မြောက်ထားမှသာလျှင် နှစ်ပါးသွားကတဲ့အခါမှာ အဆုံးစွန်ဆုံးသော သာယာ မှု ကို ထိထိ မိမိ ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
(၁) အာရုံလွှဲတတ်ပါစေ
ကွီးတို့ ပြီးခါနီးပြီလို့ ထင်လိုက်တာနဲ့ အခြားတစ်ခုသို့ အာရုံပြောင်းရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ခဏတွင်းနဲ့ ပြီးမြောက်သွားလို့ သုံးမိနစ် ဘီးကျဲကြီးလို့ နာမည်ပြောင် အပေးမခံရမှာ ဖြစ်ပါတယ်။ အာရုံ ပြောင်းလို့ရတဲ့ နည်းတွေက အများကြီးပါပဲ။ ကွီးတို့ ကြိုက်တဲ့ ဇာတ်ကား တစ်ကားအကြောင်း၊ ဒါမှမဟုတ် ပျင်းရိဖွယ်ကောင်းတဲ့ အလုပ်အကြောင်း၊ ဒါမှမဟုတ် မနက်စာကို ဘာစားထားသလဲ စသည်ဖြင့် ကွီးတို့ အာရုံကို ချက်ချင်း ပြောင်းလဲလိုက်ပါ။ ဒါမှ အချိန်ကြာကြာနဲ့ နောက်ဆုံးတစ်ခေါက်မှာတော့ အဆုံးစွန်ဆုံးသော သာယာ မှု ကို ထိထိ မိမိ ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
(၂) လေ့ကျင့်ခန်း ပြုလုပ်ပါ
လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ကွီးတို့ရဲ့ ညီလေးအတွက် အထောက်အကူဖြစ်စေမယ့် အရာတစ်ခုပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်မယ်ဆိုရင်တော့ ကွီးတို့ ညီလေးက ချစ်တင်းနှောချိန်မှာ အမြင့်မားဆုံးသော စွမ်းဆောင်ရည်မျိုးကို စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့် ကွီးတို့ရဲ့ စိတ်ခံစားချက်က ကောင်းမွန်မှာဖြစ်ပြီး တစ်နေ့တာလုံးလည်း ပေါ့ပါး လန်းဆန်းနေမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ ခန္ဓာကိုယ်အတွက်၊ စိတ်ကျန်းမာရေးအတွက်နဲ့ ကွီးတို့ ညီလေးအတွက်ပါ ကောင်းကျိုးတွေ အများကြီး ဆောင်ကျဥ်းပေးတဲ့ အတွက်ကြောင့် လေ့ကျင့်ခန်း ပြုလုပ်ဖို့ကို မပျင်းသင့်ပါဘူး။
(၃) လက်သိုင်း ကျင့်တဲ့အခါ ကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်တတ်ပါစေ
ကွီးတို့ ချစ်တင်းနှောဖို့အတွက် ကိုယ့်စကီလေးက အဆင်သင့် မဖြစ်သေးတဲ့အခါ (သို့) အခြေအနေ မပေးသေးတဲ့ အခါမျိုးမှာ ကွီးတို့ ဘာလုပ်လေ့ရှိပါသလဲ။
ကိုယ့် စိတ်ရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းဖို့အတွက် လက်သိုင်းကျင့်ကြတယ်မလား။ ဒီလိုမျိုး လက်သိုင်း ကျင့်တဲ့အခါမျိုးမှာ ကွီးတို့ ညီလေးကို ဆီမွှေး တစ်ခုခုနဲ့ အရင်ဦးဆုံး နှိပ်နယ်ပေးတာမျိုး ပြုလုပ်ရပါမယ်။ ကွီးတို့ ညီလေးကို အစွမ်းကုန် ပြုစုယုယပြီးမှ လက်သိုင်းကျင့်ရပါမယ်။ လက်သိုင်းကျင့်တဲ့အခါမှာလည်း အချိန်ကြာကြာ လေ့ကျင့်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကွီးတို့ စိတ်ကို များများ ထိန်းချုပ်နိုင်လေ၊ လက်တွေ့ ကွင်းဆင်း လေ့ကျင့်တဲ့အခါ ကွီးတို့အတွက် အကျိုးအမြတ် များများရလေပါပဲ။
ကွီးတို့ရော လက်တွေ့ ကွင်းဆင်းပြီး ချစ်တင်းနှောတဲ့အခါ အဆုံးစွန်သော သာယာမှုကို ဘယ်လို ရှာဖွေပါသလဲ။