စွဲလန်းမိတဲ့•••ကိုကို (နှင်းစက်ညို ရေးသည်။)
“စွဲလန်းမိတဲ့…ကိုကို” (1) “ကိုကို…မနက်စာ မြန်မြန်စားလေ ညီမလေးသင်တန်းနောက်ကျနေလိမ့်မယ်…” လှေခါးပေါ်မှဆင်းလာလျက် စကားအော်ပြောနေသော ညီမဖြစ်သူကို ဘာစကားမှပြန်မပြောပဲ သက်နောင် ထမင်းကြော်ကိုသာ အာရုံစိုက် စားနေလိုက်သည်။ “ကိုကို…မြန်မြန်စားပါဆိုနေမှ…” အသံစူးစူးလေးထွက်ပေါ်လာခြင်းနှင့်အတူ မွှေးပျံ့သော ရနံ့တချို့ကို ရှုရှိုက်လိုက်ရတော့ သက်နောင် သဘောတကျ…
