အိုအေစစ် ( စ/ဆုံး )
တပ်ကြပ်ကြီး စိတ်ကူးယဉ်သည်။“ ဒက်ဒီ အထုပ်တွေ ခနကြည့်ထားလိုက်အုန်းနော်၊ မာမီ ရက်စ်ရုမ်း သွားမလို့”“အိုကေ”ကလေးနှစ်ယောက် က သူတို့ ဂတ်ဂျက်တွေနဲ့ သူတို့ အလုပ်ရှုတ်နေမယ် ဆိုတာ သိထားသော အိမ်သူက ကိုရဲ ကိုသေခြာမှာခဲ့ပြီးမှ အိမ်သာ ရှိရာသို့ထွက်သွားတော့သည်။ ကိုရဲ ကလည်း အထုပ်တွေကို တစုတစည်းထဲ ဖြစ်အောင်နေရာချပြီးမှ သူ့ကျောပိုးအိပ်ထဲမှ တက်ပလက်လေးကို ဆွဲထုပ်လိုက်သည်။ လေယာဉ်က ၁၄နာရီလောက်စီးလာခဲ့ရတာဆိုတော့ အညောင်းအငြာပြေလမ်းလျှောက်ချင်သေးသည်။ နောက် နှစ်နာရီလောက် အချိန်ရသေးတာပဲလေ၊ မိန်းမပြန်လာမှ သွားတော့မည်ဟု စိတ်ကူးလိုက်သည်။ လေဆိပ်က အလကားပေးထားသည့်ဝိုင်ဖိုင်ကို ကလေးတွေ နည်းတူ အသုံးချလိုက်အုန်းမည်ဟု တွေးကာ တက်ပလက်ကိုဖွင့်လိုက်သည်။ တက်ပလက်ကို ပါဝါအွန်လိုက်ရင်းမှ ဘေးဘီကို ခေါင်းမော့ လှည့်ပတ်ကြည့်လိုက်ရင်း ခုံတန်း နှစ်တန်းကျော်မှ မိသားစုတစုကို သတိထားလိုက်မိသည်။ ယောက်ျားဖြစ်သူက အထုပ်အပိုးတွေကို…
