ရှေ့တိုးဖို့မလွယ်ပေမယ့် နောက်ဆုတ်ဖို့ခက်
အဖေတူအမေကွဲမောင်နှမကြားက ဇာတ်လမ်းလေး၁ပုဒ်ပါ…. ညီမလေး၁ယောက်တောင်းဆိုထားလို့ တင်ပေးတာပါ….. လူစိတ်ဆိုတာထိန်ချုပ်ရအခက်ဆုံးအရာတခုပါပဲ …. short story လေးပဲတင်ပေးမယ်နော် 😊😊 ကိုယ့်နာမည်က သျှားနိုင်မော် ကိုယ့်ကတဦးတည်းသောသား(ကိုယ့်အမေအတွက်)ပါ…. တဦးတည်းသောသားအဖြစ်နဲ့ မိဘတွေနဲ့ နှစ်၂၀ကျော်နေလာခဲ့ပြီး … တနေ့မှာ ကိုယ့်အမေက အဖေ့ကိုကွာရှင်းမယ်ဆိုလို့ ကိုယ်မှာ အံသြခဲ့ရတယ် ….. ဘာလို့လဲဆိုတော့ ကိုယ့်မိဘတွေက ၁ယောက်နဲ့၁ယောက်အရမ်းချစ်ကျတာ တခါတလေ ကိုယ်တောင်မနာလိုဖြစ်ရတယ် အမေအတွက် ကိုယ်ဟာ အဖေနောက်မှအချစ်ခံလေးမို့လို့လေ သားအဖေအတွက် သားအဖေအကြိုက် သားအဖေကလေနဲ့ အဖေကိုဦးစားပေးခဲ့တာ အဖေကလည်း အမေ့ကိုဆိုမျက်စိအောက်က အပျောက်မခံခဲ့ဘူး ……. အဲ့လိုချစ်ကျတဲ့သူတွေကကွဲမယ်တဲ့လေ…