ကိုရွှေဘ၏ စွန့်စားခန်းများ (အပိုင်း ၁)
ကိုရွှေဘ၏ စွန့်စားခန်းများရေးသားသူ – ချမ်းကို (Chan Ko)🏵️အပိုင်း (၁)🏵️ကိုရွှေဘနှင့် ဥစ္စာစောင့်မလေးနှင်းတွေက တဖြောက်ဖြောက်နဲ့ မီးကင်းတဲခေါင်မိုးပေါ်ကျသံ ကြားနေရပြီ။ ဒီနှစ်ဆောင်းက တော်တော်လေး အေးတာကိုးဗျ။ ကင်းတဲဘေးက ကြက်ခွပ်ပင်ကြီးအောက်မှာ ထင်းတုံးကြီးကြီးကို မီးဖိုထားပြီး မီးဖိုဘေးပတ်ပတ်လည်မှာ ကျနော်တို့ရပ်ကွက်ထဲက လူငယ်တွေ ဝိုင်းပတ်ထိုင်ရင်း စကားပြောနေကြတာပေါ့။ သာရေးနာရေးမှာသုံးတဲ့ ကြွေရည်သုတ် မတ်ခွက်ကိုယ်စီနဲ့ ရေနွေးကြမ်းခါးခါးပူပူကို သောက်ရင်း စကားဝိုင်းကောင်းနေကြတာ ညဉ့်တောင် တော်တော်နက်စပြုလာပြီ။ စောစောပိုင်းက ဂျပန်ခေတ်အတွေ့အကြုံတွေ ပြောပြနေတဲ့ လူကြီးတွေတောင် ပြန်အိပ်ကုန်ပြီ။ ကျနော်တို့ ချာတိတ်တွေရယ်၊ လူလတ်ပိုင်းတချို့ရယ်ပဲ ကျန်ခဲ့ပြီး…