ရွှေညာမြေမှ ချစ်တေးသံ
ရွှေညာမြေမှ ချစ်တေးသံရေးသားသူ – Dun Love Me🏵️အခန်း (၁)🏵️နာမည်က နှင်းဝေ။ ဒီဇင်ဘာလ နှင်းတွေကျတဲ့အချိန်ကြီးမွေးလို့ အလွယ်တကူနဲ့ လှလှလေး ပေးထားကြတာ။ ဆွေမျိုးထဲမှာ သမီးမိန်းကလေးဆိုလို့ နှင်းဝေတစ်ယောက်ထဲ။ ဝမ်းကွဲဆိုလို့ မောင်တွေ အစ်ကိုတွေချည်း။ ဒါ့ထက်ဆိုးတာ နှင်းဝေရဲ့ဦးလေးက ရပ်ကွက်လူမိုက်။ ဓါးထိုးမှုနဲ့ ထောင်ထဲကထွက်တဲ့အချိန် တူမလေးမွေးမှ မိုက်တာရပ်တော့တာ။နှင်းဝေ မွေးကတည်းက တစ်ဆွေတစ်မျိုးလုံး စီးပွားတက်တော့ အကုန်လုံးက ဝိုင်းချစ်ကြတာပေါ့။ ဦလေးကလည်း လူမိုက်၊ အစ်ကိုတွေ မောင်တွေကလည်း များတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားကမရ။ ညားမယ့်ညားတော့လည်း အညာသားနဲ့မှ…