ကျွန်တော့် ရူပဗေဒဆရာမလေး (အပိုင်း ၂)
ကျွန်တော့် ရူပဗေဒဆရာမလေးရေးသားသူ – ချမ်းကို (Chan Ko)🏵️အပိုင်း (၂)🏵️တဖက်သတ်ချစ်နေရတဲ့ ဆရာမလေးရဲ့ ကိုယ်လုံးအိထွေးထွေးလေးကို ပွေ့ဖက်ထားရတာဗျာ.. ညီအစ်ကိုတို့ စဉ်းစားကြည့်ပါလေ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းမလဲလို့။ စိတ်ခံစားမှုက အထွဋ်အထိပ်ရောက်သွားတော့ ကျနော့်မှာ ကတုန်ကယင်ကြီးရယ်။ ချစ်စိတ်တက်တာက တစ်မျိုး အထိအတွေ့ကလည်း (နောက်နောင် ဘယ်မိန်းမနဲ့မှ အဲ့လိုခံစားချက်မျိုး ပြန်မရတော့ဘူးဗျ) ပြန်ပြောမပြတတ်တဲ့ အရသာမျိုးဗျ။ ကိုယ်နံ့သင်းသင်းလေးရယ် သနပ်ခါးနံ့လေးရယ် ပေါင်းထားတဲ့ရနံ့၊ ဆံနွယ်တွေဆီကနေရနေတဲ့ တရော်ကင်မွှန်းနံ့ မျှင်းမျှင်းလေး၊ လက်မောင်းသားချောအိအိရဲ့ အထိအတွေ့ (ကျနော်က လက်တစ်ဖက်နဲ့ ခါးကျင်ကျင်လေးကို သိုင်းဖက်ထားသလို ကျန်တဲ့လက်တစ်ဖက်က…