ထာဝရလက်တွဲလျှောက်လှမ်းကြမယ်
ko si ရေးသည် ကျော်ထက်သည် ၁၀ တန်းစာမေးပွဲများဖြေပီး နွေကျောင်းပိတ်ထားသောကြောင့် တနေ့တနေ့ အိပ်လိုက်စားလိုက် ဂိမ်းဆိုင်သွားလိုက်ဖြင့် ရှိနေသည်။ သူ့ကိုကျောင်းထားသည်မှာ ၂နှစ်နောက် ကျပြီးမှ ကျောင်းအပ်သည်ဖြစ်၍ သူ့အသက်မှာ ၁၇နှစ်ရှိပီဖြစ်ပြီး အမေ ဒေါ်ခိုင်နွယ်က အသက်၃၅နှစ်ရှိပီဖြစ်သည်။ သူ့အဖေကတော့ သူ အသက် ၁၃နှစ်လောက်တွင် ဆုံးပါးသွားခဲ့သည်။ အိမ်တွင် သူတို့သားအမိ ၂ယောက်သာ နေကြသည်ဖြစ်၍ သူ့မှာခင်တွယ် အားကိုးယုံကြည်ရာ ဆိုလို့ အမေသာရှိကာ အမေကလည်းသူ့လိုပင်ဖြစ်ချေသည်။ ကျော်ထက် နေ့လည်ပိုင်းတွင် ဂိမ်းဆိုင်မှာ ဂိမ်းဆော့နေပြီး နောက်တစ်နာရီလောက်ကြာတော့ သူအိမ်ပြန်ခဲ့လိုက်သည်။…