အလိုက်သိသော ဦးချစ်သူ”
“နုဖြူ……”“ရှင်”တစိမ့်စိမ့်တိုက်ခတ်နေသော လေနုစိမ်းလေးက ဗြုန်းကနဲအတင်းတိုးဝှေ့ကာ တိုက်ခတ်လိုက်သဖြင့် တလှုပ်လှုပ် ဖြစ်နေသော သစ်ရွက်သစ်ခက်လေးများက ရုတ်ရက် ယိမ်းနွဲ့ယမ်းခါကာ တရှဲရှဲမြည်သံနှင့်အတူ လှုပ်ရှားသွားကြပြီး သူတို့နှစ်ဦး၏ ခန္ဓာကိုယ်နှစ်ခုတို့သည်လည်းရင်ထဲအထိအေးစိမ့်စွာခံစားလိုက်ရသည်။ “ပြောလေ မောင်”“နုဖြူ ဘာလို့မောင့်ကိုချစ်တာလဲဟင်”“မောင်မုန်းတဲ့နေ့ဟာ နုဖြူသေတဲ့နေ့ဆိုတာ နုဖြူပြောရဲတယ် မောင်”ဝင်းကိုသက်ပြင်းတခုကို လေးလေးပင်ပင်…
