ဒေါ်ဝါနုနုလွင် (အပိုင်း ၃)
ဒေါ်ဝါနုနုလွင်ရေးသားသူ – ကနောင်ကိုယ်တော်ကြီး🏵️အပိုင်း (၃)🏵️💠အခန်း ( ၁၁ )💠“အန်တီ နုလွင်”“ဟင်…သား မောင်ငယ် ဘယ်တုန်းက ပြန်…”အန်တီနုလွင် စကားဆုံးအောင် မမေးနိုင်တော့ ပဲ…သံဒိုင် ရပ်နေတဲ့ အခန်းတံခါးဝထိ ထိုင်နေရာမှ ထလာပြီး လာဖက်တော့သည်။ပြီးတော့ ဖက်နေရင်း ငိုသည်။သံဒိုင် အလိုက်တသိ ပြန်ဖက်ပေးထားရင်း…“ငို လိုက်ပါ အန်တီ အားရအောင်ငိုလိုက်ပါ”ခင်ပွန်းဖြစ်သူကလည်း ဆုံးပါးသွားရပြီး … သားရင်း ဖြစ်သူကအဝေးတစ်နေရာမှာအလုပ်သွားလုပ်နေတာ…