ဒွိဟ
ဒွိဟရေးသားသူ – Green Heart🏵️အခန်း (၁)🏵️ညလေပြေညှင်းက ဖြူငယ့်ဆံနွယ်ပျော့ပျော့များကို တိုးဝှေ့ဆော့ကစားသောအခါ ရှုပ်ထွေးနေသော စိတ်များ အနည်းငယ် ပြန်ကြည်လင်လာရသည်။ ဖြူငယ့် ပထမနှစ်စာမေးပွဲက နီးနေပြီ။ အခန်းအောင်းပြီး တချိန်လုံး စာကြည့်နေရသဖြင့် ခေါင်းတွေမူးကာ မကြည်မလင်ဖြစ်နေသော စိတ်များ ဖြေလျှော့ရန် ဝရံတာသို့ ထွက်လာခြင်း ဖြစ်သည်။” ဖြူလေး မအိပ်သေးဘူးလား”“ဟင်”ရုတ်တရက် အနီးကပ်ကြားလိုက်ရသော အသံကြောင့် ဖြူငယ် လန့်ဖြန့်ကာ…
