ယဉ်ယဉ်အပိုးကျိုးပါပြီရှင်
ယဉ်ယဉ်အပိုးကျိုးပါပြီရှင်ရေးသားသူ – zrasb (ဇရက်)မအေးမြတဲ့ မတ်လရဲ့ ညနေခင်းတစ်ခုမှာပါ ။ အပြင်မှာလည်း မအေးသလို ရင်ထဲမှာလည်း ပူလောင်နေသည်။“ ကဲ သမီး မေမေတို့သွားမယ် ဘဘစကား နားထောင်ပြီး လိမ်လိမ်မာမာနေခဲ့နော် ။ လက်ဆောင်တွေလည်း အများကြီး ဝယ်လာမယ်နော်”“ အင်း”“ မျက်နှာကြီးက ဘာလို့စူပုပ်နေတာတုန်း မေမေ့ချစ်သမီးလေးရဲ့ ”သက်သက်ဖောင်းထားတဲ့ ပါးတစ်ဖက်ကို အသာဆွဲပြီးတော့ မေမေ လှည့်ထွက်သွားပါတယ် ။ ဖေကြီးနှင့် မောင်လေးကတော့ အိမ်အောက်တောင် ရောက်နှင့်နေပြီ ။ ကားပေါ်ကနေ လက်ပြသွားတဲ့ မေမေတို့ကိုကြည့်ပြီး ဝရံတာကနေ…