ကျွန်တော့် သူနာပြုဆရာမလေး (အပိုင်း ၁)
ကျွန်တော့် သူနာပြုဆရာမလေးရေးသားသူ – Chan Ko (ချမ်းကို)🏵️အပိုင်း (၁)🏵️ဒီနှစ်နွေရာသီက အပူရှိန်တော်တော်လေး ပြင်းလွန်းတယ်။ အပူလှိုင်းဖြတ်တယ် ဘာညာတော့ လူတွေပြောနေသံကြားတယ်။ ပုံမှန်နွေဖက်ဆို ခပ်စိမ့်စိမ့်လေး ဖြစ်နေတတ်တဲ့ ကျနော်တို့မြို့လေးမှာတောင် တော်တော်သိသာလာတယ်ဗျ။ သင်္ကြန်လွန်သွားတာနဲ့ ကော့နေအောင်ကို ပူလာတာ။ အဲ့ဒီအပူလှိုင်းဖြတ်တဲ့ ကိစ္စကြောင့် ကျနော် ခင်ဗျားတို့ကို အခုပြောပြမယ့် ဇာတ်လမ်းက ဖြစ်လာတာလေ။အပူဒဏ် ဘယ်လောက်ပြင်းသလဲဆိုရင် ခါတိုင်း ရွာရိုးကိုးပေါက် လျှောက်သွားနေတတ်တဲ့ ကျနော်တို့ရပ်ကွက်ထဲက အဟန်ရှုပ်ဆိုတဲ့ တရုတ်လက်ဖက်ရည်ဆိုင်က ကိုရွှေဘတစ်ယောက်တောင် မနက်စောစော နံပြားရိုက်ပြီးတာနဲ့ ရပ်ကွက်စာကြည့်တိုက်က ရှုမဝမဂ္ဂဇင်းအဟောင်းလေး ၃-၄…