ပန်းတိုင်းမွှေးသလို နမ်းတိုင်းနွေးစေသတည်း
ပန်းတိုင်းမွှေးသလို နမ်းတိုင်းနွေးစေသတည်းရေးသားသူ – သူရဇော်“သူရရေ…. ဦးလေးဦးအောင်လှက အိမ်လာခဲ့ပါဦးတဲ့”လိမ္မော်ခြင်းတွေကို တဲဆီသယ်ပို့နေတဲ့ နေရာမှာ ကြီးကြပ်နေတဲ့ ကျနော်။ ရွာထဲကပြန်လာတဲ့ ရဲကို ရဲ့ စကားသံကြောင့်“ဟာကွာ ဒီမှာ ကားတင်ဖို့ ခြင်းမပြည့်ရသေးတဲ့ကြားထဲ။ ရဲကို ဘာအတွက်တဲ့လဲ”“အာ့တော့ မသိဘူးကွ။ ဒါပေမဲ့ မြို့ကဧည့်သည်တွေတော့ ရောက်နေတာတွေ့တယ်။ ဪ နောက်ပြီး မှာလိုက်သေးတယ်။ ခေါင်သီးလဲ ယူလာပေးဦးတဲ့”ခေါင်သီးဆိုတာက လိမ္မော်သီးထဲမှာ အလုံးကြီးကြီး…