အသွေးအသား
(အမရာမောင်ရေးသားသည်) အိမ်ခြေ၅၀ခန့်ရှိသောသူတို့ရွာကလေးသည် ရိုးမတောင်တန်းနံဘေးတွင်တည်ရှိလေသည် အများအားဖြင့်သစ်ခုတ်ဝါးခုတ်မီးသွေးဖုတ်တောင်ယာ မွေးမြူရေးအလုပ်တို့ဖြင့်အသက်မွေးကြသည် ဆယ်တန်းစာမေးပွဲဖြေပြီးမြို့မှပြန်လာသော သူရအား သူ့အမေ မစန်းပုက အပြေးဆီးကြိုသည် သူရသည်တစ်ရွာလုံးတွင်စာအတော်ဆုံး ဖခင်လုပ်သူဦးထွန်းခိုင်ကသစ်ပွဲစားမို့ မြို့မှာကျောင်းထားပေးနိုင် သူရကလည်းညဏ်ကောင်းသည် ကြိုးစားသည် ဖြေနိုင်လားဟုဝတ္ထရားအရသာ မစန်းပုကမေးပေမဲ့ သူ့သား ဆယ်တန်းအောင်မည်ဆိုတာယုံကြည်သည်သို့သော်မိဘတို့ အခ်စ္စိတ္ကား စိုးရိမ္စိတ္ကေတာ့ပါစျမဲမဟုတ္လား မစန်းပုအားသူရအားရပါးရနမ်းရှုပ်ပြီး “”အမေထမင်းဆာတယ်”” “”သားရယ် ရေချိုးပြီးအေးဆေးနားပါအုံးလားပြီးမှစား အစောကြီးရှိသေး”” မစန်းပုက အိမ့်နောက်ဖေးဘက်လှမ်းအော်သည်”” အမာရေ…
