ပုံပြင်ဟောင်းလေးတစ်ပုဒ်
ပုံပြင်ဟောင်းလေးတစ်ပုဒ်ရေးသားသူ – အမည်မသိ“ကလင် ကလင် ကလင်….”စက်ဘီးဘဲလ်သံကြားလို့ ဒေါ်ကျော့ခိုင် ခေါင်းလေးမော့ကြည့်မိသည်။“အန်တီရေ ဇွဲမာန် ရှိလား”“ရှိတယ် သမီးရေ။ အပေါ်ထပ်မှာ ပစ္စည်းတွေထည့်နေတယ်။ သားရေ အောက်ဆင်းခဲ့ဦး။ ဒီမှာ အေးမြလေး ရောက်နေတယ်”“ဟုတ် လာပြီ အမေရေ”အမေ့ကို အသံလှမ်းပြုရင်း စာအုပ်တစ်ချို့ကို သေတ္တာထဲထည့်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။“အေးမြ ထူးထူးဆန်းဆန်း ဘာလဲဟ”“နင် မနက်ဖြန် ကျောင်းသွားတော့မှာလေ။ အဲ့ဒါ ငါ့ကို…
