ကျွန်တော်နှင့်အိမ်နီးနားခြင်း
သာယာအေးချမ်းလှတဲ့မြို့ငယ်လေးတစ်ခုမှာနှစ်ပေါင်း၃၀လောက်ကြာအောင်နေထိုင်ခဲ့ကြပြီးနောက်မှာတော့ကျွန်တော့်အမျိုးသမီးရဲ့အလုပ်ကတစ်ခြားနယ်တစ်ခုမှာပြောင်းပြီးတာဝန်ထမ်းဆောင်ဖို့အကြောင်းဖန်လာခဲ့တယ်။ နှစ်ပေါင်း၃၀လောက်တိုင်အောင်နေခဲ့တဲ့ဒီမြို့လေးမှာအိမ်နီးနားခြင်းများနဲ့ဆွေမျိုးတွေလိုဖြစ်နေပေမဲ့လည်း အလုပ်တာဝန်အရတစ်ခြားမြို့လေးတစ်မြို့ကိုပြောင်းရွှေ့ခဲ့ရပါတော့တယ်။ကျွန်တော်တို့မြို့အသစ်လေးမှာပြောင်းရွှေ့နေထိုင်တော့စပြီး သိကျွမ်းခင်မင်ရတဲ့ဘေးခြံကအိမ်နီးနားခြင်းအသစ်ရဲ့နာမည်က အေးမြတ်မူ တဲ့ နီလာနဲ့မေမြတ်နိုးတို့ရဲ့အမေပေါ့။အိမ်အသစ်ပြောင်းတော့အိမ်တက်ပွဲလေးလုပ်ဖြစ်တယ်။အိမ်တတ်ပွဲမှာလာရောက်ကူညီလုပ်ကိုင်ပေးတဲ့အေးမြတ်မူရဲ့ပြောစကားကြောင့်သူမရဲ့အတိတ်အကြောင်းတွေကိုသိလိုက်ရတယ်။သူမရဲ့ယောင်္ကျားနဲ့ ဘယ်လိုကြောင့်ကွာရှင်းပြတ်ဆဲခဲ့ကြတယ် ဘာညာ အစရှိသည်ဖြင့်ပေါ့။ကျွန်တော့်အမျိုးသမီးနဲ့အတိုင်အဖောက်ညီညီစကားပြောနေကြတာကိုကျွန်တော်ကြားရတာပါ။အေးမြတ်မူက သမီးနှစ်ယောက်အမေဆိုပေမဲ့အလှအပတွေကျန်ရှိနေဆဲပါ။တောင့်တောင့်တင်းတင်းနဲ့သူ့နေရာနဲ့သူရှိသင့်ရှိထိုက်တဲ့အလှတရားတွေရှိနေဆဲပါ။အနီးစပ်ဆုံးဥပမာပေးရမယ်ဆိုရင် မင်းသမီးမေပန်းချီလိုကိုယ်လုံးမျိုးပေါ့။သူမရဲ့အသက်ကတော့၃၇နှစ်လောက်ရှိပြီ။အေးမြတ်မူကတွေ့တိုင်းကျွန်တော့်ကိုပြုံးပြလေ့ရှိတယ်။ကျွန်တော့်ရဲ့နှလုံးသားကိုသူမရဲ့အပြုံးတွေအောက်မှာအရည်ပျော်သွားအောင်လုပ်နေသလိုပါပဲ။ တစ်နေ့မှာတော့ကျွန်တော့်အမျိုးသမီးကအလုပ်ကိစ္စနဲ့ခရီးတစ်ခုထွက်ရတယ်။အေးမြတ်မူကသူအိမ်မှာရေစက်မော်တာခလုပ်ပျက်သွားတာအသစ်လဲပေးဖို့အကူအညီတောင်းလာတာနဲ့ကျွန်တော်လဲမဆိုင်းမတွပဲ သွားကာကူညီပေးလိုက်တယ်။ ရေစက်ခလုပ်လဲလို့ပြီးတော့ အိမ်နောက်ဖေးမီဖိုးချောင်မှာ အေးမြတ်မူတစ်ယောက်သူ့သမီးတွေနဲ့အလုပ်ရှုပ်နေတာတွေ့တော့ကျွန်တော်လဲနှုတ်ဆက်မနေတော့ပဲအိမ်ကိုပြန်လာခဲ့လိုက်တယ်။ခဏကြာတော့အေးမြတ်မူကျွန်တော့်ရဲ့အိမ်ကိုရောက်လာတယ်”ကျေးဇူးအများကြီးတင်ပါတယ်ရှင် အိမ်မှာကယောင်္ကျားသားမရှိတော့ ဒီလိုမျိုးအခက်အခဲတွေဖြစ်လာရင်ဒုက္ခရောက်တယ်ကျွန်မကလဲမလုပ်တတ်တော့လေ” ကျွန်တော်က…
