ကိုကိုနှင့် ကျွန်မ၏ ဖြစ်ရပ်များ (အပိုင်း ၁+၂)
ကိုကိုနှင့် ကျွန်မ၏ ဖြစ်ရပ်များ🏵️အပိုင်း (၁+၂)🏵️ရေးသားသူ – ဇာခြည်(မှတ်ချက် … ကိုကို့နေရာမှ စိတ်ကူးပုံဖော်ခံစားရေးသားသည့် ၉၈% ဖြစ်ရပ်မှန်ဖြစ်ပြီး… ကျွန်မတို့ ဇနီးမောင်နှံတို့၏ သီးသန့် ဖြစ်ရပ်များသာ ဖြစ်ပါသည်။)🏵️🏵️🏵️အပိုင်း (၁)🏵️🏵️🏵️အထက်တန်းကျောင်း အပြီး ပန်းချီပညာကို စပြီးဆည်းပူးသည့်နှစ်က ကျွန်တော့်ကံကြမ္မာ ဆန်းကျယ်စွာ ချိုးကွေ့ပြောင်းလဲသွားခဲ့သောနှစ်။ ခြံချင်းကပ်လျှက် အိမ်ကမမမှာ သူ့အဖေဆုံးပြီး တစ်ယောက်တည်း ကျန်ခဲ့လေသည်။ ငယ်စဉ်ကတည်းက ကျွန်တော့ကို အစ်မတစ်ယောက်လိုလည်း စောင့်ရှောက်ပေးခဲ့သူ ဖြစ်ရာ ကျွန်တော်လည်း သူ့ကိုခင်မင်သည်။သူ့ချစ်သူနှင့် အိမ်ထောင်ပြုတော့မည့်ဆဲဆဲ ရေနစ်သေသွားရာ သူ့မှာ ကိုယ်ဝန်နှင့်ကျန်ခဲ့သည်ကို ပြောပြတိုင်ပင်ကာ…