မတင်ရီ
အိမ်ခြေပေါင်း ၅၀၀ လောက်ရှိသည့် အပူပိုင်းဒေသ အညာရွာလေးတစ်ရွာ။တစ်ရွာလုံး တောင်သူနှင့်လက်လုပ်လက်စားတွေ များသည်။ မတ်လအလယ်ပိုင်းလောက်ဖြစ်၍ အညာနွေက သိသိသာသာ ပူပြင်းလာသည်။ သည်အချိန်ရာသီမျိုးရောက်ပြီဆိုလျှင် တချို့က တောသို့ထွက်၍ ရွှေကျင်ကြ။အရှေ့တောသို့ထွက်ထင်းခုတ်ကြရ၏။ မောင်ထူးတစ်ယောက် ဆယ်တန်းစာမေးပွဲဖြေပြီးဖြစ်သဖြင့် လွတ်လပ်ခွင့်ရနေသည်။သူတို့က ယာမြေတွေဧကပေါင်းများစွာရှိသဖြင့် ကျေးလက် ဓနရှင်စာရင်းသူများပီပီ ရွှေတော၊အရှေ့တောနှင့်ပဌာန်းဆက် ကင်းဝေးသူများလည်း ဖြစ်သည်။တစ်ဦးတည်းသောသားလည်းဖြစ်၊စီးပွားဓနလည်း ချောင်လည်ကြသူများမို့ သားဖြစ်သူကို ခေတ်ပညာတတ်ကြီးဖြစ်ကာ မြို့အရပ်မှာကြီးပွားချမ်းသာစေဖို့ ရည်မှန်း ထားကြသည်။မောင်ထူးက ရွာနှင့် ၄ မိုင်ခန့်ဝေးသောမြို့သို့ ဆိုင်ကယ်နှင့်ကျောင်းတက် သည်။အသက်ကလေးက ၁၅ နှစ်ကျော်၍ ၁၆ နှစ်ထဲဝင်လာပြီမို့ လူပျိုသွေးဝင်…