“ပင်ပျိုပျိုးတဲ့ပန်း”
မူရင်းရေးသူအားလေးစားစွာCrdပေးပါတယ်🙏 ပင်ပျိုပျိုးတဲ့ပန်း(အင်းစက်) …………………………………………………. ရန်ကုန်တိုင်းဒေသကြီးရဲ့မြို့တွေထဲကတစ်ခု ဖြစ်တဲ့လှိုင်သာယာမြို့ရဲ့အစွန်နားကကျူး ကျော်ရပ်ကွက်လေးတစ်ခုထဲကတဲငယ်လေး တစ်ခုဆီမှ အသက်၁၈နှစ်အရွယ်မိန်းခလေး တစ်ဦးရဲ့နာကျင်စွာဖြင့် အော်ငြီးသံက ဘေး ပတ်ဝန်းကျင်တစ်ခွင်သို့ပျံ့လွှင့်လျက်ရှိသည် သူ့နာမည်က မေပျိုတဲ့ အသက်၁၈နှစ် ကား ကြိုကားကြား နဲ့မီးပွိုင့်တွေမှာစံပါယ်ပန်း ရောင်းတဲ့ချစ်စရာကောင်မလေးတစ်ယောက် မေပျိုကံဆိုးတာလားကံကောင်းတာလားမသိတော့ပေ… လွန်ခဲ့တဲ့၁နှစ်ကျော်လောက်က ပင် လင်းထက်ကိုဆိုတဲ့ အမျိုးသားလေးနဲ့ဆုံ ဆည်းခဲ့ရသည်…သူ့နားကဖြတ်သွားတိုင်း မေပျို့ပန်းတွေကိုအကုန်လုံးဝယ်ဝယ်သွားလို့ သတိထားမိနေခဲ့တာ…နောက်တော့ချစ် စကားပြောခဲ့တော့လည်း မိမိထက်အများကြီးချမ်းသာတဲ့သူဖြစ်နေတာကြောင့်မေပျို ရှောင်ခဲ့ပါသေးတယ်… မိုးတွေအရမ်းရွာတဲ့ တစ်နေ့ မိုးကလည်းချုပ်စပြုနေပြီ ပန်းတွေကလည်းရောင်းရအုံးမယ်….မနက်အစောနဲ့ ညနေစောင်းတွေဆိုအရမ်းရောင်းကောင်း တော့မေပျိုအရမ်းပျော်သည်… ဒီလောက် လုပ်နေတာတောင်စားဖို့လုံလောက်ရုံသာရှိ သည်… မိုးတွေစိုရွှဲနေတဲ့…