အသက်ရှည်ဆေး
အသက်ရှည်ဆေးရေးသားသူ – အမည်မသိ“မရဘူး၊ မရဘူး၊ ထပ်မထုတ်ပေးနိုင်တော့ဘူး။ အခု နင်ကြိုယူထားတာ နှစ်လစာတောင်ရှိပြီ။ ပြောလိုက် နင့်အမေကို မရတော့ဘူးလို့၊ လကုန်မှ ထပ်ပေးနိုင်မယ်၊ အခု လကုန်ဘို့ ၂ ပတ်တောင် လိုသေးတယ်၊ မပေးနိုင်ဘူး”မျက်နှာငယ်လေးဖြင့် ကျုပ်မိန်းမပြောသမျှ နားထောင်နေသော ခင်ဝိုင်းက ဘာမှပြန်မပြောဘဲ ခေါင်းသာ အသာညိတ်ပြသည်။ ခင်ဝိုင်းတို့ မိသားစု အားလုံး အလုပ်လုပ်ကြသော်လည်း ဘယ်တော့မှ လောက်ငသည် မရှိ။ အခုလည်း သူ့အမေက သူ့လခ တစ်လစာ ထပ်ကြိုထုတ်ခိုင်းသည်ဟု ခင်ဝိုင်းကတောင်းသဖြင့် ကျုပ်မိန်းမက မပေးနိုင်ဘူး…