ဒေါ်ဝါနုနုလွင် (အပိုင်း ၄ ဇာတ်သိမ်း)
ဒေါ်ဝါနုနုလွင်ရေးသားသူ – ကနောင်မင်းသားကြီး🏵️အပိုင်း (၄) ဇာတ်သိမ်း🏵️💠အခန်း ( ၁၅ )💠“မောင်ငယ်ရေ သား…ဒီနေ့ရော မနက်ဖြန်ရော စက်ထဲသွားပေးဦးနော်…ရပ်ကွက် ကိစ္စပြီးရင် တော့ ပြီးပါပြီ”“ဟုတ်ကဲ့ပါ ဖေဖေ”“ဖေဖေကအသက်လည်းကြီးပြီ…ငါ့သားလည်း ကျောင်းပြီးပြီ…အလုပ်တွေကိုအာရုံစိုက်တော့ ကွာ မင်းပဲ ဆက်လုပ်ရတော့မှာ”“ကျ မ သားကအလုပ်မလုပ်ပဲဒီတိုင်းထိုင်နေလို့ လား”“ရှင်မရယ် ဖအေဖြစ်သူက ပြောနေတာကို ဘာလို့ ဝင်ပြောရတာလဲ ခက်လိုက်တာ…လိမ္မာပြီး သား ပိုလိမ္မာလာအောင်လို့…ဒီမှာကလည်း ခက်လိုက်ကြတာ…