နှောင်းနောင်တ (အပိုင်း ၁)
နှောင်းနောင်တရေးသားသူ – Steven Law🏵️အပိုင်း (၁)🏵️“ဖေဖေ့ကို မကျေနပ်ဘူး”“ဒီမှာသမီး.. ဖေဖေက သမီးလေးအပေါ် ဘာတွေများ လိုအပ်ချက်ရှိလို့လဲ”“ဖေဖေ့ကို မချစ်ဘူး၊ ဖေဖေလို့လဲ မခေါ်နိုင်တော့ဘူး”“သမီးက မငယ်တော့ဘူးနော် သမီး၊ သမီး ဘွဲ့ရတစ်ယောက် ဖြစ်နေပြီ”“သမီးဘွဲ့ရအထိ ဖေဖေ တစ်ဦးတည်းနေနိုင်တာပဲ၊အခုမှဘာလို့ မိန်းမယူရမှာလဲ”“ဒီမှာသမီး ဖေဖေက သမီးလေးပညာရေးမှာ စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ ဖေဖေက သမီးကျောင်းပြီးတဲ့အထိ စောင့်ခဲ့တာ”“ဘာမှလာမရှင်းပြနဲ့ ဖေဖေ၊ ဖေဖေက ဖေ့ဖေ့ငယ်ချစ်ဦးကြောင့် ဒီလိုလုပ်တာမဟုတ်လား၊ ဖေဖေ့ကို မုန်းတယ်”“အဲဒီလိုမဟုတ်ရပါဘူး သမီးရယ်”“ဘာလို့မဟုတ်ရမှာလဲ၊ မေမေ အသေစောတာ ဖေ့ဖေ့ကြောင့်”“အထင်မလွဲပါနှင့် သမီးရယ်၊ သမီး အမေရှိစဉ်ကရော…