ခါးပိုက်ထဲက မြွေပွေး
ခါးပိုက်ထဲက မြွေပွေးရေးသူ – ရာဂနတ်သားအညာနွေသည် ပူလောင်လှသည်။ သို့သော်….. ဤအပူကို ဂရုစိုက်ပြီး လူသားတို့၏ လုပ်ငန်းတောင်တာများကို ရပ်ဆိုင်းရမည်ဆိုလျှင် လွန်စွာဆိုးချေမည်။ ထို့ကြောင့်လည်း နွားနှစ်ကောင်ရုန်းသော လှည်းကလေးသည် လူ(၄)ဦးကို တင်ဆောင်လျက် ပျဉ်းမပင်ရွာဆီသို့ သွားရာလမ်းအတိုင်း နှင်နေသည်။ လှည်းပေါ်တွင် နွားလှည်းမောင်း ကိုသာမြ၊ ရွာလူကြီး ဦးကြွက်နီ၊ ကာလသားခေါင်း ကိုဘဒင်နှင့် ၎င်းတို့ သွားရောက်ကြိုဆိုခဲ့သော ဆရာကိုနေနွယ် ပါလေသည်။ ကြမ်းတန်းသော ရာသီကြောင့် ဆရာတစ်ယောက်ပြီးတစ်ယောက် ပြောင်းပြေးရသည်။ ယခုလည်း တစ်ယောက်လာချေပြီ ။“ အတော်တော့ ပူတယ်နော်…