ကျွန်တော့် ပီယာနိုဆရာမလေး (အပိုင်း ၁)
ကျွန်တော့် ပီယာနိုဆရာမလေးရေးသားသူ – Chan Ko (ချမ်းကို)🏵️ အပိုင်း (၁) 🏵️ကျွန်တော့်ဇာတ်လမ်း စတာက အထက်တန်းအောင်ပြီးခါစ ကာလပေါ့။ ငယ်ငယ်ကတည်းက သင်လိုက်ရတဲ့ တူရိယာတွေ စုံနေတာပဲ။ တယော၊ ဟာမိုနီကာ၊ ဂစ်တာ စုံနေတာပဲ။ တအားဝါသနာကြီးတဲ့ ကလေးလို့တော့ မထင်နဲ့နော်။ ကျွန်တော့်ဖေဖေက တောမြို့လေးမှာ လူပျိုဘဝက တော်တော်လေး နာမည်ကြီးတဲ့ ဂစ်တာသမား။ မေမေက ဘုရားကျောင်းက တယောဆရာမလေး ဖြစ်ခဲ့ဖူးတော့ ကျနော့်ခင်မျာ လူမှန်းသိတတ်စကတည်းက မိဘတွေရဲ့ အတင်းအကြပ် သင်ကြားမှုအောက်မှာ ကစားချိန်တောင် မရှိခဲ့ဘူးဗျ။သူများတွေ…