အချစ်စစ်ရဲ့လမ်း
အချစ်စစ်ရဲ့ လမ်းရေးသားသူ – မောင်ပူစီ (မိုးအေးတိမ်)🏵️အပိုင်း (၁)🏵️📘အခန်း (၁) ရှင်းသန့်ကြည်📘ဆရာမလေး ရှင်းသန့်ကြည်မှာ အသက် ၂၂ နှစ်သာရှိသေးသည် ။ ပညာရေးတက္ကသိုလ်မှ ဘွဲ့ရခဲ့သည်မှာမကြာသေး ။ ထို့ကြောင့် ဘွဲ့ရခါစ ဆရာမတို့၏ထုံးစံအတိုင်း နယ်ဘက်သို့သွားရောက် အမှုထမ်းရသည် ။ မနက်ကြရင် ခရီးထွက်ရမည်ဖြစ်သောကြောင့် ရှင်းသန့်ကြည်တစ်ယောက် အလုပ်ရှုပ်နေသည် ။ ထည့်စရာရှိသည့် ပစ္စည်းများလည်း မကျန်ခဲ့အောင်…
