“မ” နဲ့ “မောင်” နဲ့ အခုမှတွေ့တာ
“မ” နဲ့ “မောင်” နဲ့ အခုမှတွေ့တာရေးသားသူ – နတ်ဆေးရွာလမ်းတစ်လျှောက် လက်ချင်းချိတ်ပြီး လျှောက်လာတဲ့ သူတို့အတွဲကို တွေ့တဲ့လူတိုင်းက အထူးအဆန်းသဖွယ် ငေးကြည့်နေတာကြောင့် ရဲလေး ရှက်သလိုလိုတောင် ဖြစ်လာသည် ။ ဒီရွာသားဖြစ်တဲ့ သူ့ကြောင့်တော့မဟုတ်။ သူ “မ´´ လို့ခေါ်တဲ့ ခင်ယုလွင် ကြောင့်ဆိုတာလည်း ရဲလေး သိသည်။ ရွာကလူတွေ မြို့သူမြို့သားဆိုရင် ဇွတ်ကြီးအထင်ကြီး အားကျတတ်တာကို သူမကြိုက်ချင် …။ တောသူတောင်သား ဘဝသမားတွေပီပီ ညိုညိုညစ်ညစ် အသားအရောင်တွေကြားမှာ ဖြူဖွေးစိုလဲ့နေတဲ့ အသားအရည်ကြောင့် ခင်ယုလွင်က ပိုလို့ထင်ပေါ်နေသည်။ရင်သား…