အန်တီဒေါ်မြရီ
ကျနော့မှာ အချစ်ဆုံး သူငယ်ချင်း တယောက်ရှိတယ်။ ငယ်သူငယ်ချင်းတော့ မဟုတ်ဘူး၊ သူတို့မိသားစုက သူတို့ အဖေဆုံးပြီးတော့မှ ကျနော်တို့ ရပ်ကွက်ထဲကို ပြောင်းလာတာ။ သားနှစ်ယောက်နဲ့ အမေတယောက်ထဲ။ ကျနော်တို့ လမ်းထဲမှာ အိမ်ဝယ်ပြီး ပြောင်းလာကြတာလေ။ သားအကြီးကောင်က ကျနော်နဲ့ ရွယ်တူဆိုတော့ လမ်း ထဲရောက်ပြီး မကြာခင်မှာဘဲ ဘော်ဒါတွေ ဖြစ်သွားကြတာပေါ့။ သူငယ်ချင်း အမည်က စိုးဝင်းအောင်၊ အားလုံးက စိုးစိုးလို့ ခေါ်ကြတယ်။ သူ့ညီက သူ့ထက် တနှစ်ကျော်ကျော် လေးဘဲ ငယ်တော့ သူတို့နှစ်ယောက်က ညီအကိုပေမဲ့ သူငယ်ချင်းလို…