စွဲ လန်း နေ တာ ရှင့်
ကျုံ တ ညီ”ရွာကြီးက အိမ်ခြေ ၇၀၀ နီးပါးရှိပြီး မြို့မကျ တောမကျ ဒိုင်နယ်ရွာကြီးတရွာ ဖြစ်လေသည်။ရွာကြီးက အရှေ့ဖက်ကို မျက်နှာမူ၍တောင်မြောက်သွယ်တန်းထားသော ရွာလမ်းမကြီးသုံးလမ်းရှိလေသည်။ ရွာဓလေ့အရ အရှေ့ဖက်ဆုံးမှ ရွာလမ်းမကြီးဖက်ကို အရှေ့ပိုင်းဟုခေါ်ဝေါ်ကြပြီး နောက်ဖက်ဆုံးရှိရွာလမ်းမကြီးအပိုင်းကိုတော့ အနောက်ပိုင်းဟုခေါ်၍ အလယ်ရှိရွာလမ်းမကြီးအပိုင်းကိုတော့အလယ်ပိုင်းဟု ခေါ်လေသည်။ အလယ်ပိုင်းဟုခေါ်သော ရွာအလယ်လမ်းမကြီးတွင်အခြားလမ်းမကြီး များနည်းတူလူနေအိမ်များမှာ ကိုယ့်ခြံကိုယ့်ဝန်းဖြင့်ဆက်တိုက်တည်ရှိနေသည်။ တနေရာတွင်တော့လူနေအိမ်ခြံဝန်းနှစ်ခုကြားတွင် လူနေအဆောက်အဦးမရှိသော မြေကွက်လပ်ကြီးတခုရှိနေလေသည်။ ထိုမြေကွက်လပ်ကြီးမှာ ရွာရှိလူငယ်လူရွယ်များနှင့်ကလေးများ…
