ငယ်ငယ်က ဇာတ်လမ်း
ကျမ ၅တန်းလောက်တုန်းက ကျမတို့အိမ်မှာ ထမင်းချက်တဲ့အန်တီကြီးတစ်ယောက်ခေါ်ထားတယ်။ မနက်လာ ညပြန်ပေါ့။သူချက်တဲ့ ဟင်းတွေက တော်တော်စားကောင်းတယ်။ အဒေါ်ကြီးက ရခိုင်ဘက်ကနေ ကျမတို့မြို့ကိုပြောင်းလာတာ။သူ့မှာ သားတစ်ယောက်ရှိတယ်။ ကိုဟိန်း တဲ့။ ကိုဟိန်းက ၈တန်း တက်နေတာလေ။ကျမထက် ၃နှစ်လောက် ကြီးတယ်။ကျောင်းပိတ်ရက်တိုင်း သူ့သားကိုဟိန်းကို ခေါ်ခေါ်လာတယ်။ ကျမတို့လည်း ကစားဖော်တိုးတာပေါ့။ကိုဟိန်းကကျမတို့နဲ့ ကစားရင် အမြဲလျော့ပေးတယ်။အမြဲအလျော့ပေးလို့ ကိုဟိန်း လာတဲ့နေတွေဆို ကျမတို့ပျော်ကြတယ်။တနေ့ ကိုဟိန်းရော ကျမ သူငယ်ချင်းတွေရော ဆော့နေကြတယ်။ အမကြီး အကိုကြီးတိုင်း ဆော့ကြတယ်လေ။ကျမက အမကြီးလုပ်ချင်သူဆိုတော့ အမကြီး၊ ကိုဟိန်းက အကိုကြီးပေါ့။ကျမလည်း ဆရာမကြီးလုပ်ချင်သူဆိုတော့။…