စွဲ လန်း နေ တာ ရှင့်
ကျုံ တ ညီ”ရွာကြီးက အိမ်ခြေ ၇၀၀ နီးပါးရှိပြီး မြို့မကျ တောမကျ ဒိုင်နယ်ရွာကြီးတရွာ ဖြစ်လေသည်။ရွာကြီးက အရှေ့ဖက်ကို မျက်နှာမူ၍တောင်မြောက်သွယ်တန်းထားသော ရွာလမ်းမကြီးသုံးလမ်းရှိလေသည်။ ရွာဓလေ့အရ အရှေ့ဖက်ဆုံးမှ ရွာလမ်းမကြီးဖက်ကို အရှေ့ပိုင်းဟုခေါ်ဝေါ်ကြပြီး နောက်ဖက်ဆုံးရှိရွာလမ်းမကြီးအပိုင်းကိုတော့ အနောက်ပိုင်းဟုခေါ်၍ အလယ်ရှိရွာလမ်းမကြီးအပိုင်းကိုတော့အလယ်ပိုင်းဟု ခေါ်လေသည်။ အလယ်ပိုင်းဟုခေါ်သော ရွာအလယ်လမ်းမကြီးတွင်အခြားလမ်းမကြီး များနည်းတူလူနေအိမ်များမှာ ကိုယ့်ခြံကိုယ့်ဝန်းဖြင့်ဆက်တိုက်တည်ရှိနေသည်။ တနေရာတွင်တော့လူနေအိမ်ခြံဝန်းနှစ်ခုကြားတွင် လူနေအဆောက်အဦးမရှိသော မြေကွက်လပ်ကြီးတခုရှိနေလေသည်။ ထိုမြေကွက်လပ်ကြီးမှာ ရွာရှိလူငယ်လူရွယ်များနှင့်ကလေးများ ကောင်းစွာအသုံးချခြင်းကို ခံနေရလေသည်။လူငယ်လူရွယ်များက ဘောလုံးဘောလီဘော ပိုက်ကျော်ခြင်း ကစားကြရန်အသုံးပြုသကဲ့သို့ ကလေးများကလည်း တုတ်စီးထိုး ဖန်ခုံ ဒိုးပစ်ကစားရန်ကောင်းကောင်းကြီး အသုံးပြုလျက်ရှိလေသည်။…