အပေးအယူ
ဒေါ်ချိုချိုကို သက်နိုင်သိတာတော့ကြာပြီ။ဒါပေမဲ့ ရင်းနှီးတာတော့အရမ်းကြီးမရင်းနှီး။သက်နိုင်ကား အသက် (၂၇)နှစ်ခန့်ရှိသည့် လူလတ်ပိုင်းတစ်ဦး။ယောင်္ကျားဆန်ဆန်နှင့် ချောမောသော ရုပ်ရည်ပိုင်ရှင်တစ်ဦး.။စကားပြောတာလည်းကောင်းသော ကြောင့် ချစ်သူခင်သူများသည်။ဘွဲ့ရပြီးနောက်ပိုင်းတွင် မြို့မှာလာပြီး ကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ကိုင်နေသူ။ဒေါ်ချိုချိုကား သူငှားနေသည့် အဆောင်မှ အဆောင်ပိုင်ရှင် ဦးကောင်းမင်း၊ ဒေါ် နီလာ နှင့်သူငယ်ချင်းတွေ။ဒေါ်နီလာထံလာရင်း မျက်မှန်းတန်းမိကာ ရင်းနှီးနေသောသဘော။ ဒီလောက်ဘဲရှိသည်။ဒါပေမဲ့တစ်ခုတော့ သက်နိုင်သိသည်။ ဒေါ်ချိုချိုကတော်တော်လှသည်ဟု။ဟုတ်တယ်လေ….အသက်က(၄၀)စွန်းစွန်း။ ငယ်စဉ်ကမယ်ဘွဲ့တွေဘာတွေရဖူးသည်ဟုတော့သိရသည်။သူမနှင့်သူမယောင်္ကျား ဦးမောင်မောင်ဝင်းက ကလေး(၂)ယောက်ထွန်းကားခဲ့သည်။ထိုကလေးတွေကလည်း သူမြင်တော့မြင်ဖူးသည်။ဒါကလဲကျောင်းပိတ်ချိန်တွေလောက်မှပါ။ ဘော်ဒါဆောင်မှာထားတာဆိုတော့တစ်ခါတစ်ရံမှသာ။ဒေါ်ချိုချိုယောင်္ကျားကလည်း အလုပ်များသူပီပီအိမ်မှာမကပ်။ ဒီတော့ သူမကလည်း သက်နိုင်ငှားနေသော အဆောင်ပိုင်ရှင်ဒေါ်နီလာဆီ မကြာမကြာလာလည်သည်။။သူမတို့ဘာတွေပြောလို့ပြောနေကြမှန်းတော့မသိ။သက်နိုင်အလုပ်ပြန်လာသည့် အခါ မကြာခဏတွေ့သည်။ထိုအခါမျိုးတွင် ဒေါ်ချိုချိုက သူ့ကိုမကြာခဏပြုံးပြတတ်သည်။ပြုံးသည့်အခါတွင်တော့ တော်တော်ချစ်စရာကောင်းသည်။…