သစ်တောထဲကအိမ်ကလေး – အပြာစာပေ
အချိန်ကား ညနေစောင်းနေဝင်ချိန် ။ တစ်နေ့တာလုံး အလင်းပေးခဲ့သော နေမင်းကြီးသည် တဖြည်းဖြည်းအားနည်းမှေးဖျော့လာ၍ ပျောက်ကွယ်လုနီးပါးဖြစ်နေ၏ ။ ထိုအချိန်တွင် သစ်တောထဲ၌ ညည့်ငှက်တွန်သံမှတစ်ပါး အခြားအသံမရှိ ။ တိတ်ဆိတ်ငြိမ်သက်နေ၏ ။ တောခေါင်းကြီး၏ တဲရှေ့ကျောက်ဆောင်ပေါ်၌အကျ ႌလက်ပြတ်နှင့် မိန်းကလေးတစ်ယောက် ထင်းခွေနေသည် ။ ထိုမိန်းကလေးသည် သစ်တောကြီးမှ ပေါက်ဖွားလာသော မိန်းကလေးနှင့်လွန်စွာတူ၏ ။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ သေးသွယ်သော်လည်းအရပ်မြင့်၍ ကျစ်လစ်တောင့်တင်း၏ ။ အသားညို၏ ။ သူမအမည်မှာ မြနှင်းဖြစ်သည် ။ထိုစဉ် တဲအတွင်းမှ ခေါ်သံကြားရသည် ။…