ဒိုင်လျှို – အပြာစာပေ
ဆရာတို့ရဲ့ မြန်မာရသစာပေ အရေးအသားတွေဟာ ခေတ်စနစ်ကိုလိုက်ပြီး အဆင့်ဆင့်ပြောင်းလဲ လာခဲ့တယ် … ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ ကျော်ကြားခဲ့တဲ့ ဦးပုညက စပြီး .. စစ်ကြိုခေတ်ကာလမှာ ပေါ်ပေါက်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်း .. အဲဒီနောက်တော့ လူသိများလာကြတဲ့ ပီမိုးနင်း၊ သော်တာဆွေ၊ ရွှေဥဒေါင်း အစရှိသဖြင့် ထွက်ပေါ်လာခဲ့တယ် .. ဒီနောက်တော့ အမျိုးသမီးကလောင်ရှင်တွေ တော်တော်များများ ပေါက်ဖွားလာခဲ့တယ် .. ခင်နှင်းယု၊ ရွှေကူမေနှင်း အစရှိသဖြင့် .. မစန္ဒာတို့ .. မိုးမိုးအင်းလျားတို့လည်း ပါဝင်တာပေါ့ .. အဲဒီနောက်ပိုင်းတော့ ယနေ့ခေတ်ပေါ်…