သူ တော်တော်ကဲ (စ/ဆုံး)
မလွှဲသာလို့သာ ရီလေးမှာ စက်ဘီးကို ဆွဲပြီး ထွက်လာရသည်။ ဒီကြည်ကြည်အေး ဆိုသော မိန်းမဆီကို သွားချင်တာမ ဟုတ်ပေ။ ဒီမိန်းမက ရပ်သိရွာသိ နှာဘူးမဖြစ်သည်။ အသက်က သုံးဆယ်လောက်။ လူကတော့ လှသည်။ မိန်းမချင်း မနာလို လောက်အောင် လှသည်။ သူက ဈေးရုံထဲတွင် ကလေးဝတ် အဝတ်အစားလေးတွေ ရောင်းသည်။ ဒါပေမယ့် ဒါက အဓိက အလုပ်မဟုတ်။ ဈေးထဲတွင် နေ့ပြန်တိုးပေးတာက ကြည်ကြည်အေး၏ အဓိကအလုပ်ဖြစ်သည်။ ကြည်ကြည်အေးဆိုင်မှာက ကောင်လေးတွေ တရုန်းရုန်းနဲ့ အမြဲစည်ကားနေသည်။ ရီလေးမှာ ကြည်ကြည်အေးကို…