သီရိပစၥယာသား ( စ/ဆုံး )
ဇာတ်လမ်း – ကမ္ဘာကျော်ရတနာဝင်းထိန် အလင်းရောင်အား နည်းလှသော အုတ်တိုက်ကျဉ်းကျဉ်းလေးထဲ၌ နန်းအီတူး တစ်ယောက်တည်း ထိုင်နေသည်။ သာမန် အားငယ်ရှိုက်ငိုရင်း ထိုင်နေခြင်းမျိုးကား မဟုတ်…တင်ပြင်ခွေလျက် လက် နှစ်ဖက်ကို ဘေးသို့ဆန့်ကားကာ…အတွင်းသို့ လေကိုတဝကြီး ရူသွင်း..ရူထုတ် ရင်း..သမထ ကျင့်စဉ်ကို ကျင့်နေခြင်းဖြစ်သည်။ ထိုစဉ် ..အခန်းတံခါး ဖွင့်လာကာ ကြိမ်းစပ်သော အလင်းရောင် ဝင်လာလေသည်။ တံခါးဝ၌ အရပ် ၇ ပေလေးသစ်မျှ ရှည်လျားကြီးမားသော ဝက်ဝံကြီးအလား ..အမွှေးထူလဗြစ်နှင့် လူ့ဘီလူးကြီး မားမားမတ်မတ် ရပ်လာလေသည်။ ခါးဝတ် တန်စာ ဝတ်မထားသဖြင့်…