~ပန်ဦးခြွေတဲ့ ခဲအို ~
ထွေးအိ ထိုင်နေတာက ချောင်းစပ်ရှိ တရုတ်စကားပင်ကြီး၏ ခြေရင်းရေစပ်ရှိ သစ်မြစ်ဆုံကြီးပေါ်တွင် ဖြစ်သည်..။ စိမ်းမြကြည်လင်နေသော ချောင်းရေပြင်ကို ထွေးအိ ငုံ့ကြည့်လိုက်သည်..။ ထိုအခိုက် ကြွေကျလာသော စကားပွင့်ကြောင့် ရေမျက်နှာပြင်လှုပ်ခါသွားပြီး ကြည်လင်သောရေ၌ ထင်ဟပ်နေသော ထွေးအိရဲ့ ရုပ်ပုံလွှာမှာ တွန့်လိမ်ကောက်ကွေး၍ လှုပ်ခါသွားရသည်..။ သူမ၏ ရုပ်လွှာမှာ ခုလို တကယ်ပဲ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီလား…ထွေးအိ တွေးလိုက်မိသည်..။ ကြွေကျလာသော တရုတ်စကားပွင့်…