နမ်းလိုက်တော့မယ်နော်
“ဟယ်….င့ါပန်းပင်လေးတွေကုန်ပါပြီ….. မေမေ မေမေ….လာပါအုန်း….ဒီမှာ ဇာလေး´ ပန်းပင်လေးတွေ ကုန်ပြီ……..´´ အိမ်ရှေ့ပေါ်တီအောက်မှ စီကနဲထွက်ပေါ်လာသော အသံစူးစူးလေးကြောင့် ပန်းပင်တွေကြား ငုတ်တုတ်ထိုင်၍ နှင်းဆီအိုးတွေအောက်တွင် အုတ်ခဲတွေခုနေသော မြင့်ကျော်တစ်ယောက် လှမ်း၍ကြည့်မိလိုက်သည်။ပြီးတော့ သူ့မျက်နှာက တဖြေးဖြေးပြုံးဖြီးဖြီးကြီးဖြစ်လာသည်။ “တော်တော်လှတာပဲ…..ဟင်း´´ အသက်(၁၈)နှစ်အရွယ် ဖြူဖြူဖွေးဖွေး ကောင်မလေးတစ်ယောက်ခုန်ဆွခုန်ဆွနှင့်စပ်မထိဖြစ်နေသည်။ ထိုစဉ်မှာပင် အိမ်ထဲမှအသက်လေးဆယ်အရွယ် ဖြူဖြူ၀၀အမျိုးသမီးကြီးတစ်ယောက်ထွက်၍လာသည်။ “ဟဲ့ သမီး….ဘာဖြစ်နေတာလဲ´´ “ဒီမှာ မေမေ မတွေ့ဘူးလား….သမီး ဇီဇဝါပင်တွေ ငုတ်တိုပဲကျန်တော့တယ်…..ဟိုတောသားလက်ချက် မဟုတ်လား….´´ ဇာလေးဖြူ ငိုသံပါနှင့်ပြောနေသည့်ကြားက နောက်ဆုံးစကားတွင်ဒေါသသံက ပါလာသည်။ မြင့်ကျော် အုတ်ခဲတစ်လုံးကိုလှမ်းယူရင်း ဇက်ကလေးပုသွားသည်။ “ဟယ်…..ဇာလေးကလဲ….မေမေခိုင်းလို့သူလုပ်ရတာဘဲကွယ်…..သမီးပန်းပင်တွေကလဲပြန်ပြီးတက်လာမှာပဲဟာ…..နောက်ပြီး…