တဒင်္ဂပျော်ရွှင်ရာ
”ဟယ် ကိုပိုင်စိုးမဟုတ်လား””ဟုတ်ပါ့ဗျား။ နှင်းမြတ်မွန်ပါလား။မတွေ့တာကြာလို့ ပိန်သွားတာလား ဝိတ်ချထားတာလား ဟမ်””နှစ်ခုစလုံးပဲ။ကြည့်စမ်း မတွေ့တာတောင်ဘယ်လောက်ကြာပြီလဲ။ခုဘယ်ရောက်နေလဲ။ဘာတွေလုပ်နေလဲ။ ဒီသင်တန်းမှာ ဟိုနေ့ကတွေ့လိုက်လို့ ကိုပိုင်နဲ့တူတယ်ဆိုပြီး ကြည့်နေတာ။နှုတ်ဆက်မယ်လုပ်တော့ မတွေ့တော့ဘူး။မိန်းမရပြီလား။ကလေးကောရပြီလား””အမလေးဗျာ။နှင်းမြတ်မွန်ရယ် မေးလိုက်တာလဲ ရေလေးဘာလေးသောက်ပါဦး။ဘယ်ကစဖြေရမှန်းမသိတော့ဘူး။””ခိခိအကုန်လုံးဖြေ။တကတည်း ပျောက်သွားလိုက်တာ ဘယ်နှစ်နှစ်ရှိပြီလဲ။ညီမတို့ကိုတော့ အရင်လိုခင်လို့ရပါတယ်။အဆက်ဖြတ်ထားပြီး မခင်ချင်တော့တာလား””မဟုတ်ပါဘူးအေ။ဒီလိုပါပဲ။ညည်းအားတယ်မဟုတ်လား။တခုခုသောက်ရင်းပြောကြတာပေါ့” ”အင်း အားပါတယ်။သွားမယ်လေ”အအေးဆိုင်တခုတွင် ဝင်ထိုင်လိုက်ရင်းစကားပြောဖြစ်ကြသည်။စုံေိတာပင်။ပြန်ခါနီးက နှင်းမြတ်မွန်က သူ့ဖုန်းနံပါတ်နဲ့ facebook အကောင့်ကိုတောင်းကာ သူ့ကိုအပ်လိုက်ပြီး သူမဖုန်းနံပါတ်လဲပေးသည်။ သူလဲ တိုက်ခန်းကို ပြန်ရောက်ပြီး…
